မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ကျွန်ုပ်တို့တွေဟာ အခြေအနေအချိန်အခါအလိုက် စိတ်ခံစားမှုတွေရှိကြပါတယ်။ စိတ်ညစ်ရတဲ့အချိန်တွေ၊ ပျော်တဲ့အချိန်တွေနဲ့ ဒေါသထွက်တဲ့အချိန်တွေရှိပါတယ်။ စိတ်က အမြဲပြောင်းလဲနေပါတယ်။ စိတ်မာတဲ့သူတွေရှိသလို စိတ်ခံစားလွယ်လွန်းသူတွေလည်းရှိပါတယ်။ စိတ်ခံစားလွယ်လွန်းသူတွေဟာ ထိခိုက်မှုတစ်ခုခုနဲ့ ကြုံတဲ့အချိန် အခြားသူတွေထက် ပိုစိတ်ခံစားတတ်ကြပါတယ်။ ဒီရာသီခွင် (၅) ခုကတော့ စိတ်အနုနယ်ဆုံးရာသီခွင်တွေပါ။ သင်ကော ဒီထဲပါနေမလား ကြည့်ကြည့်လိုက်ပါ။

၁။ Aquarius (January 20 ကနေ February 18)

Aquarius ရာသီဖွားတွေက သူများအာရုံစိုက်တာ လိုချင်ကြပါတယ်။ လူတွေက သူတို့အပေါ် လေးစားတာကိုပဲ လိုချင်ကြပါတယ်။ တန်ဖိုးထားတာ လိုချင်ကြပါတယ်။ ဒီလိုမျှော်လင့်ချက်တွေကြောင့် စိတ်ခံစားပိုလွယ်ကြပါတယ်။

၂။ Scorpions (October 23 ကနေ November 22)

Scorpio ရာသီဖွားတွေက ရိုးရိုးဖြောင့်ဖြောင့်သမားတွေပါ။ ပေါင်းသင်းရခက်ပါတယ်။ သူတို့လိုချင်တဲ့အရာကိုလည်း ရအောင်လုပ်တတ်ပါတယ်။ စိတ်ခံစားချက်နဲ့ပတ်သက်ရင်လည်း လေးလေးနက်နက်ရှိကြပါတယ်။

၃။ Gemini ( May 21 ကနေ June 21)

သူတို့စိတ်ဝင်စားတဲ့အရာအတွက်ဆိုရင် ရအောင်လုပ်တတ်ပါတယ်။ သူတို့လိုချင်တဲ့အရာအတွက်ဆိုရင် ကန့်သတ်ထားတဲ့စည်းမျဉ်းတွေကိုလည်း မသိတော့ပါဘူး။ စိတ်ခံစားချက်ပြင်းပြတာကြောင့် စိတ်ခံစားပိုလွယ်ကြပါတယ်။

၄။ Aries (March 20 ကနေ April 20)

Aries ရာသီဖွားတွေက သူတို့ဘဝမှာ ဘာဖြစ်ချင်တာလဲ မသိကြပါဘူး။ ဒီတော့ လူစုနောက် လိုက်ပါတယ်။ လူတွေရဲ့ ထင်မြင်ချက်က သူတို့အတွက် အရေးကြီးပါတယ်။ မာနလည်းကြီးပါတယ်။ စိတ်ခံစားချက်လည်း အလျင်အမြန်ပြောင်းလဲတတ်ပါတယ်။

၅။ Capricorns (December 22 ကနေ January 20)

Capricorn ရာသီဖွားတွေက ရာသီဖွားတွေထဲမှာ စိတ်ခံစားအလွယ်ဆုံး ရာသီခွင်ပါ။ ကိုယ်ပိုင်စည်းမျဉ်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရှင်သန်ကြပါတယ်။ မဖြစ်နိုင်တာ၊ တားမြစ်ထားတာစတဲ့စကားလုံးတွေက သူတို့ဘဝမှာမရှိပါဘူး။ ဖြစ်အောင်လုပ်တတ်ပါတယ်။ ဒီလိုလိုက်လုပ်ရင်းနဲ့ စိတ်ခံစားပိုလွယ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar