ဒီထဲမှာ ပြောထားတဲ့ Super Power ဆိုတာက Wonder Woman နဲ့ Spider Man လို Power ကို ဆိုလိုတာ မဟုတ်တာကို သင်သိမှာပါနော်။ ဒီထဲ ပြောထားတဲ့ Super Power ဆိုတာက တခြားသူနဲ့ မတူဘဲ ထူးခြားတဲ့ စွမ်းအားကို ဆိုလိုပါတယ်​။ ဒီလို Super Power ကို ရာသီခွင်တိုင်း ပိုင်ဆိုင်ကြပါတယ်။ ဘယ် ရာသီခွင်က ဘယ်လို Super Power ကို ပိုင်ဆိုင်မလဲ ကြည့်လိုက်ရအောင်-

၁။ Aries

Aries ရာသီခွင်တွေရဲ့ Super Power ကတော့ အကြောက်တရား မရှိတာပါ။ Aries က သတ္တိရှိရှိ စွန့်စားဖို့ ဘယ်တော့မှ နောက်တွန့်လေ့ မရှိပါဘူး။

၂။ Taurus

သင့် Super Power ကတော့ အာရုံစိုက်တာပါ။ သင်က တစ်ခုခုကို အာရုံစိုက်လိုက်ပြီဆိုတာနဲ့ ပြီးမြောက်အောင်၊ အကောင်းဆုံးဖြစ်အောင် လုပ်လေ့ရှိပါတယ်။

၃။ Gemini

Gemini တွေကတော့ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် ညှိယူနေထိုင်တတ်တာပါ။ ရောက်တဲ့နေရာမှာ ပျော်အောင် နေတတ်သူတွေ ဖြစ်ပါတယ်။

၄။ Cancer

Cancer ရာသီဖွားတွေရဲ့ အစွမ်းကတော့ လူတွေရဲ့ စိတ်ကို ဖတ်နိုင်တာပါ။ လူတွေရဲ့ အခြေအနေ အရိပ်အကဲကို ကျေညက်အောင် ဖတ်နိုင်ကြပါတယ်။

၅။ Leo

Leo ကတော့ လူတွေကို လွှမ်းမိုးနိုင်တာပါ။ သူတို့က များသောအားဖြင့် ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြပါတယ်။

၆။ Virgo

Virgo က ပြင်ဆင်ရေး သမားပါ။ သူတို့က ပျက်သွားတဲ့ အရာတစ်ခုခုကို ပြန်ပြင်ပေးနိုင်သလို လူတွေကို ပြန်စိတ်ချမ်းသာအောင် ဖန်တီးပေးနိုင်ကြပါတယ်။

၇။ Libra

Libra ရာသီဖွားတွေရဲ့ Super Power ကတော့ Manifest လုပ်တာပါ။ သူတို့က သူတို့လိုချင်တဲ့ အရာကို ပိုင်ဆိုင်နိုင်မယ်လို့ မြင်ယောင်ပြီး ရအောင် လုပ်နိုင်သူတွေ ဖြစ်ပါတယ်။

၈။ Scorpio

Scorpio တွေရဲ့ Power ကတော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတာပါ။ သူတို့ကို မချစ်တဲ့သူဆိုပြီး မရှိပါဘူး။

၉။ Sagittarius

Sagittarius တွေကတော့ ပွင့်လင်းပြီး ဘယ်အရာမဆို လက်ခံနိုင်တာပါ။ သူတို့က နေရာစိမ်းရောက်ခဲ့ရင်လည်း သဘောထားကြီးကြီးနဲ့ အဆင်ပြေအောင် နေတတ်ကြပါတယ်။

၁၀။ Capricorn

Capricorn ရဲ့ Super Power ကတော့ ဟာသဉာဏ်ရွှင်တာပါ။ ရယ်စရာပြောတတ်သူတွေ ဖြစ်ပါတယ်။

၁၁။ Aquarius

Aquarius တွေက အစကနေ ပြန်စတင်နိုင်စွမ်းရှိတာပါ။ တစ်ခုခု အဆင်မပြေတော့ရင် Aquarius တွေက အစကနေ ပြန်စကာ ကြိုးစားချင်စိတ် ရှိပါတယ်။

၁၂။ Pisces

Pisces တွေရဲ့ စွမ်းအားကတော့ စိတ်ကူးယဉ်နိုင်စွမ်းပါ။ ဒီစိတ်ကူးယဉ်တဲ့ အရာကို တီထွင်မှု ကောင်းကောင်းနဲ့ တကယ်ဖြစ်အောင် ဖန်တီးနိုင်စွမ်း ရှိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar