လူတိုင်းလူတိုင်းက အချစ်စစ် အချစ်မှန်ကိုလိုလားကြပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက်က အချစ်ကိုဘာလို့ရှာချင်လဲဆိုတဲ့ ရည်ရွယ်ချက်ချင်းတော့ မတူညီကြပါဘူး။

အခုပြောပြပေးမှာက လူတွေက ရာသီခွင် ၁၂ မျိုးအလိုက် ဘာကြောင့် အချစ်စစ်ကို ရှာတွေ့ချင်လဲ ဘယ်လိုအချစ်မျိုးကို လိုချင်ကြလဲ ဆိုတဲ့ အကြောင်းပါ။ စိတ်ဝင်စားရင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) Aries

Aries တွေကတော့ သူတို့နားကလူတွေ ခွဲခွာသွားတာကို မခံစားနိုင်ကြဘဲ သူတို့နဲ့အမြဲတမ်းအတူရှိနိုင်မယ့်သူတဦးကိုပဲ လိုလားတာကြောင့်ပါ။

(၂) Taurus

Taurus အများစုက သူတို့ကို လူတွေက နားမလည်ဘူးလို့ ခံစားတတ်ကြပါသတဲ့။ ဒါ့ကြောင့် သူတို့ဘေးမှာ သူတို့ကိုနားလည်မှုပေးမယ့် အချစ်စစ်ကို လိုချင်ကြပါတယ်။

(၃) Gemini

Gemini တွေဟာ သူတို့ကို သူတို့ မပြည့်စုံဘူးလို့တွေးတတ်ကြတဲ့အတွက် သူတို့နဲ့သင့်တော်ပြီး သူတို့ဘေးမှာရှိမယ့် ချစ်သူမျိုးကိုမျှော်လင့်တတ်ကြပါတယ်။

(၄) Cancer

Cancer တွေကတော့ အချစ်ခံပြီး ကြီးပြင်းလာကြတဲ့အတွက် အဲ့ဒီခံစားချက်ကိုလွမ်းပြီး သူတို့ကိုချစ်ပေးမယ့် သူကိုရှာတတ်ပါတယ်။

(၅) Leo

Leo တွေက ပေးကမ်းခြင်းကို နှစ်သက်တယ်။ သူတို့ရဲ့ နှလုံးသားကိုတစုံတယောက်နဲ့အတူတူ ဝေမျှချင်တတ်ကြတယ်။

(၆) Virgo

Virgo တွေက တခုခုဆို ငြီးငွေ့လွယ်တဲ့အတွက် သူတို့ကိုစိတ်လှုပ်လျားစေမယ့် အချစ်မျိုးကို သဘောကျပါတယ်။

(၇) Libra

Libra တွေကတော့ အထီးကျန်တတ်လို့ သူတို့အနားမှာအမြဲတမ်းအဖော်ပြုပေးမယ့်ချစ်သူကို လက်တွဲချင်ကြပါတယ်။

(၈) Scorpio

Scorpio တွေကတော့ ဂဏာမငြိမ်တတ်ဘဲ စိတ်လှုပ်လျားလွယ်ကြပါတယ်။ သူတို့ကိုအနစ်နာခံကူညီဖေးမပေးမယ့်သူဆိုရင်တော့ အဆင်ပြေပါတယ်။

(၉) Sagittarius

Sagittarius တွေက အချစ်ဟောင်းကြောင့်ကွဲနေတဲ့အသည်းကိုပြန်ဆက်ဖို့ ချစ်သူအသစ်လိုနေတတ်ပါတယ်။

(၁၀) Capricorn

Capricorn တွေ သတိလက်လွတ်ဖြစ်နေချိန် သူတို့အနားရောက်လာတဲ့အချစ်က အချစ်စစ်ပါပဲ။

(၁၁) Aquarius

Aquarius တွေကတော့ တယောက်ထဲလို့ခံစားနေရတဲ့အတွက် သူတို့ကိုစိတ်သက်သာစေမယ့် တစုံတယောက်ကိုအလိုရှိနေပါတယ်။

(၁၂) Pisces

Pisces တွေကတော့ သူတို့ရဲ့အချစ်က စိတ်ကူးထဲက အတိုင်းပါပဲ စိတ်ထဲမှာ တယောက်ယောက်ကို ပွေ့ဖက် (သို့) နမ်းချင်လာရင်တောင် ဟန်မဆောင်နိုင်ပါဘူးတဲ့။