ရာသီခွင်အလိုက် တစ်ယောက်နဲ့ တစ်ယောက် လူတစ်ယောက်အပေါ် စိတ်ဝင်စားတဲ့အခါ အထာပေးပုံချင်း မတူညီကြပါဘူး။ သူတို့ သဘောကျတဲ့ လူရှေ့ နေပြတဲ့ ပုံစံလေးတွေလည်း ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ဒီအမူအရာတွေကို သူတို့ လုပ်နေပြီဆိုရင်တော့ သူတို့ ကြူနေကြပြီဆိုတာ အတတ်ပြောနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရာသီခွင်အလိုက် ကိုယ် စိတ်ဝင်စားတဲ့လူအပေါ် အထာပေးတတ်တဲ့ အမူအရာတွေကို ဖော်ပြပါရစေ။

၁။ အကြည်စိုက်တယ်

လူတစ်ယောက်အပေါ် စိတ်ဝင်စားတာနဲ့ ဒီ ရာသီခွင်တွေက မျက်လုံးနဲ့ ညို့ငင်တတ်ကြပါတယ်။ မျက်လုံးချင်းဆုံပြီး Flirt လုပ်ဖို့ သူတို့က မကြောက်ရွံ့ကြပါဘူး။ ဒီလို အကြည့်နဲ့ သတ်တဲ့ ရာသီခွင်တွေကတော့- Virgo, Libra နဲ့ Aries တို့ပဲ ဖြစ်ပါတယ်။

၂။ ဟာသပြောတယ်

သူတို့ကတော့ ကိုယ်သဘောကျသူ ပျော်အောင်လို့ သူတို့အတွက် ဟာသလေးတွေ ပြောလေ့ရှိပါတယ်။ ဒီလို ဟာသပြောတတ်သူတွေကတော့- Pisces နဲ့ Virgo ပါ။

၃။ အနီရောင် ဝတ်တယ်

ဒါကတော့ မိန်းကလေးတွေ အတွက် သီးသန့်ပါ။ ဒီရာသီခွင်မိန်းကလေးတွေက ကိုယ်နှစ်သက်တဲ့သူ သူတို့အပေါ် ပြန်ပြီး ရင်ခုန်လာဖို့ အနီရောင်ကို ကောင်းစွာ အသုံးချတတ်ပါတယ်။ ဒီလို အသုံးချတတ်တဲ့ ရာသီခွင်တွေကတော့- Leo နဲ့ Taurus ဖြစ်ပါတယ်။

၄။ သဘောကောင်းတယ်

ကိုယ်သဘောကျသူအတွက်ဆိုရင် ဘယ်လောက်ပဲ စိတ်မကြည်ပါစေ သူတို့ရှေ့ ရောက်တာနဲ့ Auto သဘောကောင်းပြီးသားပါပဲ။ စိတ်လည်း နူးညံ့သွားတတ်ပါတယ်။ ဒီရာသီခွင်တွေကတော့- Cancer နဲ့ Scorpio ပါ။

၅။ အူကြောင်ကြောင်ပုံစံနဲ့ ချစ်စရာလေး

Aquarius နဲ့ Taurus က ဒီနေရာမှာ ဆရာကျပါတယ်။ သူတို့ရဲ့ ကြူတဲ့ပုံစံက ကိုယ်သဘောကျသူရှေ့ ရောက်တာနဲ့ အူတူတူလေးနဲ့ ချစ်ဖို့ ကောင်းသွားကြပါတယ်

၆။ ထိတွေ့မှု

ဒီရာသီခွင်တွေကတော့ ကိုယ်သဘောကျသူနဲ့ အသားချင်းထိမိဖို့ ကြိုးစားတတ်ကြပါတယ်။ ဒီရာသီခွင်တွေကတော့- Gemini နဲ့ Libra ပါ။

၇။ နည်းနည်းဖောင်းတတ်တယ်

Aries နဲ့ Sagittarius ရာသီခွင် ပိုင်ရှင်တွေကတော့ ကိုယ်သဘောကျသူရှေ့ ရောက်ရင် လူ့ဂွစာ ပုံစံတွေ ဖြစ်သွားတတ်ပါတယ်။

၈။ အရမ်းလိုက်လျောတယ်

Capricorn နဲ့ Aquarius ရာသီခွင်တွေကတော့ ကိုယ်သဘောကျသူကို အလိုလိုက်လွန်းပြီး တစ်ခါတလေ သူတို့ သဘောကျသူတွေက သူတို့အပေါ် ဆိုးတဲ့အထိပါပဲ။

၉။ ပြည့်စုံလွန်းတယ်

ဒီရာသီခွင်တွေကတော့ ကိုယ်သဘောကျသူရှေ့မှာ ဘာမှတောင် သိပ်ကြိုးစားစရာမလိုဘဲ ဆွဲဆောင်မှု ရှိနေတတ်ပါတယ်။ ဒီလို ဆွဲဆောင်မှုရှိတဲ့သူတွေကတော့- Taurus, Aquarius နဲ့ Libra တို့ပါ။

Photo Source: Pinterest

By MyStyle Myanmar