လူအများစုက Horoscope နဲ့ Zodiac Signs တွေဆိုရင် တအားစိတ်ဝင်စားကြပါတယ်နော်။ သူတို့ရဲ့ အကြောင်းတွေဖြစ်ဖြစ် ဘယ်လိုစိတ်နေစိတ်ထားရှိတယ် ဘယ်လိုအရောင်လေးတွေကြိုက်တယ် ဘယ်လိုနေထိုင်တတ်တယ် စသဖြင့် ဒီလိုအကြောင်းအရာလေးတွေဆို တအားဖတ်ချင်ကြတာပါ။

ကိုယ်နဲ့ဘယ်လောက်ကိုက်ညီမှုရှိမရှိဆိုတာကို သိချင်ကြသူတွေက တော်တော်များပါတယ်။ အခု ဒီဆောင်းပါးလေးကို ဖတ်နေကြတဲ့ စာဖတ်သူတို့အနေနဲ့လည်း ကိုယ့်ရဲ့ Zodiac Signs တွေပေါ်မူတည်ပြီးတော့ ဘယ်လိုအကြောင်းအရာလေးတွေ ကိုက်ညီနေမလဲဆိုတာကို အခုပဲ အတူတူဖတ်ကြည့်လိုက်ရအောင်ပါ။

မိဿရာသီဖွား

မတ်လ ၂၁ ရက်နေ့နှင့် ဧပြီလ ၁၉ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မိဿရာသီဖွားများသည် ရဲရင့်ပြီး ထက်မြက်ကြတယ်။ အကြောက်အရွံ့ကင်းတယ်။ ပြိုင်ဆိုင်လိုစိတ် ရှိကြပါတယ်။

ဗြိဿရာသီဖွား

ဧပြီ ၂၀ ရက်နေ့နှင့် မေလ ၂၀ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ပြိဿရာသီဖွားများကတော့ အမှီအခိုကင်းတယ်။ ရင့်ကျက်တည်ငြိမ် ကြတယ်။ ယုံကြည်စိတ်ချရတဲ့ လူသားတွေပါ။

မေထုန်ရာသီဖွား

မေလ ၂၁ ရက်နေ့နှင့် ဇွန်လ ၂၀ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မေထုန်ရာသီဖွားကတော့ အတွေ့အကြုံအသစ်များ ရှာဖွေရတာကို နှစ်သက်ကြပါတယ်။ ဖြတ်ထိုးဉာဏ်ကောင်းကြပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေထိုင်တတ်ကြပါတယ်။

ကရကုဋ်ရာသီဖွား

ဇွန်လ ၂၁ ရက်နေ့နဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကြား မွေးဖွားတဲ့ ကရကုဋ်ရာသီဖွားများကတော့ စိတ်ကူးယဉ်ဆန်ပြီး စူးစမ်းလိုစိတ်လည်း ပြင်းပြကြပါတယ်။ ဒါ့အပြင် သူတို့သည် ကိုယ်ချင်းစာတရားလည်း ပေါကြွယ်ဝတဲ့ လူသားတွေပါ။

သိဟ်ရာသီဖွား

ဇူလိုင်လ ၂၃ ရက်နေ့နှင့် သြဂုတ်လ ၂၂ ရက်နေ့အကြား မွေးဖွားတဲ့ သိဟ်ရာသီဖွားများကတော့ သဘာဝအလှအပကို နှစ်သက်ကြပြီး စွန့်စားရတာကိုလည်း ခုန်မင်ကြသူတွေ ဖြစ်ပါတယ်။

ကန်ရာသီဖွား

သြဂုတ်လ ၂၃ ရက်နေ့နှင့် စက်တင်ဘာလ ၂၂ ရက်နေ့အတွင်း မွေးဖွားတဲ့ ကန်ရာသီဖွားများကတော့ ကြင်နာတတ်ကြပြီး လွတ်လပ်မှုကို မြတ်နိုးခုန်မင်ကြပါတယ်။

တူရာသီဖွား

စက်တင်ဘာလ ၂၃ ရက်နေ့နှင့် အောက်တိုဘာလ ၂၂ ရက်နေ့အတွင်း မွေးဖွားတဲ့ တူရာသီဖွားများကတော့ ညှို့ငင်အား အပြင်းဆုံး လူသားတွေလို့ ဆိုနိုင်ပါတယ်။

ဗြိစ္ဆာရာသီဖွား

အောက်တိုဘာလ ၂၃ ရက်နေ့နှင့် နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဗြိစ္ဆာရာသီဖွားများကတော့ ဆန်းကြယ်သော အရာများကို စိတ်ဝင်စားကြပါတယ်။

ဓနုရာသီဖွား

နိုဝင်ဘာလ ၂၂ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဓနုရာသီဖွားများကတော့ ပွင့်ပွင့်လင်းလင်းရှိကြပြီး အရိုးရှင်းဆုံးဘဝကို ဖြတ်သန်းချင်ကြသူတွေပါ။

မကာရရာသီဖွား

ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ဇန်နဝါရီလ ၁၉ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မကာရရာသီဖွားများက ရည်မှန်းချက် ကြီးမားသူတွေ ဖြစ်ပါတယ်။

ကုမ်ရာသီဖွား

ဇန်နဝါရီလ ၂၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အကြား မွေးဖွားသူများကတော့ အမြဲတမ်း စွမ်းအင်အပြည့်နဲ့ တက်ကြွလန်းဆန်းနေသူတွေ ဖြစ်ကြပါတယ်။

မိန်ရာသီဖွား

ဖေဖော်ဝါရီလ ၁၉ ရက်နေ့နှင့် မတ်လ ၂၀ ရက်နေ့အကြား မွေးဖွားကြသူများသည် တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားကြသူများ ဖြစ်ကြပါတယ်။