ခရီးသွားခြင်းက စိတ်အပန်းပြေစေရုံသာမကဘဲ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စိတ်ဖိစီးစရာများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သင့်အနေနဲ့ နေရာအနှံ့အပြားကို သွားရောက်လည်ပတ်ချင်တယ်။ ပြည်တွင်းတွင်သာမက ပြည်ပခရီးလည်း သွားချင်တယ်။ ဒါပေမဲ့ ဘယ်နေရာကို သွားလည်ရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။ ဒီဆောင်းပါးလေးက သင့်ရဲ့ရာသီခွင်ပေါ် မူတည်ပြီး ဘယ်နေရာသို့ သွားရောက်လည်ပတ်သင့်သလဲဆိုတာကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

မိဿရာသီဖွား

မတ်လ ၂၁ ရက်နေ့နှင့် ဧပြီလ ၁၉ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မိဿရာသီဖွားတွေက ရဲရင့်ပြတ်သားကြပြီး စွန့်စားမှုကို ရှာဖွေရတာ နှစ်သက်ကြပါတယ်။ စွန့်စားမှုကို နှစ်သက်သူများအတွက်တော့ Sydney က ကမ်းလင့်ကြိုနေပါတယ်။ Sydney ရှိ ကမ်းရိုးတန်းတွေက လှပပြီး ရေအောက်ကမ္ဘာကို စူးစမ်းလေ့လာနိုင်ပါတယ်။

ပြိဿရာသီဖွား

ဧပြီ ၂၀ ရက်နေ့နှင့် မေလ ၂၀ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ပြိဿရာသီဖွားများကတော့ ယုံကြည်စိတ်ချရတဲ့ လူသားတွေဖြစ်ပါတယ်။ ထိုသူတွေအတွက်တော့ အီတလီရှိ Florence မြို့က အလိုက်ဖက်ဆုံးပါပဲ။

မေထုန်ရာသီဖွား

မေလ ၂၁ ရက်နေ့နှင့် ဇွန်လ ၂၀ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မေထုန်ရာသီဖွားကတော့ အတွေ့အကြုံအသစ်များ ရှာဖွေရတာကို နှစ်သက်ကြပါတယ်။ ထိုသူများအတွက်တော့ အသစ်အဆန်းများနဲ့ ပြည့်နှက်နေတဲ့ နယူးယော့ခ်မြို့ကို သွားရောက်လည်ပတ်သင့်ပါတယ်။

ကရကုဋ်ရာသီဖွား

ဇွန်လ ၂၁ ရက်နေ့နဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကြား မွေးဖွားတဲ့ ကရကုဋ်ရာသီဖွားများကတော့ စိတ်ကူးယဉ်ဆန်ပြီး မှတ်ဉာဏ်စွမ်းရည်လည်း မြင့်မားကြပါတယ်။ ထိုသူများအတွက်တော့ စပိန်နိုင်ငံရှိ Barcelona က ကမ်းလင့်ကြိုနေပါတယ်။

သိဟ်ရာသီဖွား

ဇူလိုင်လ ၂၃ ရက်နေ့နှင့် သြဂုတ်လ ၂၂ ရက်နေ့အကြား မွေးဖွားတဲ့ သိဟ်ရာသီဖွားများကတော့ သဘာဝအလှအပကို နှစ်သက်ကြပြီး မြို့ပြအလှကိုလည်း ခုန်မင်ကြသူတွေဖြစ်ပါတယ်။ ထိုသူတွေအတွက်တော့ အင်္ဂလန်နိုင်ငံရှိ လန်ဒန်မြို့က အလည်ပတ်သင့်ဆုံးပဲဖြစ်ပါတယ်။

ကန်ရာသီဖွား

သြဂုတ်လ ၂၃ ရက်နေ့နှင့် စက်တင်ဘာလ ၂၂ ရက်နေ့အတွင်း မွေးဖွားတဲ့ ကန်ရာသီဖွားများကတော့ ပြီးပြည့်စုံမှုကို နှစ်သက်ကြပြီး အလှအပကိုလည်း စိတ်ဝင်စားကြပါတယ်။ ထိုရာသီဖွားများအတွက်တော့ Costa Rica ရှိ San Jose မြို့က အလိုက်ဖက်ဆုံးပါပဲ။

တူရာသီဖွား

စက်တင်ဘာလ ၂၃ ရက်နေ့နှင့် အောက်တိုဘာလ ၂၂ ရက်နေ့အတွင်း မွေးဖွားတဲ့ တူရာသီဖွားများကတော့ အရသာရှိတဲ့အစားအစာများ၊ သာယာငြိမ့်ညောင်းတဲ့ သီချင်းသံများ၊ ခမ်းနားလှပတဲ့ အနုပညာလက်ရာများကို နှစ်သက်ကြပါတယ်။ ထိုသူများအတွက်တော့ ပြင်သစ်နိုင်ငံရှိ ပါရီမြို့က အသင့်တော်ဆုံးပါပဲ။

ဗြိစ္ဆာရာသီဖွား

အောက်တိုဘာလ ၂၃ ရက်နေ့နှင့် နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဗြိစ္ဆာရာသီဖွားများကတော့ ဆန်းကြယ်သော အရာများကို စိတ်ဝင်စားကြပါတယ်။ ထိုသူများအတွက်တော့ အီတလီရှိ မီလန်မြို့က စောင့်ကြိုနေပါတယ်။

ဓနုရာသီဖွား

နိုဝင်ဘာလ ၂၂ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဓနုရာသီဖွားများကတော့ ပွင့်ပွင့်လင်းလင်းရှိကြပြီး သူတို့ချစ်တဲ့သူတွေအတွက် ဘာပဲလုပ်ပေးရ လုပ်ပေးရ လုပ်ပေးမယ့်သူတွေပဲ ဖြစ်ပါတယ်။ သူတို့အတွက်တော့ Ireland နိုင်ငံရှိ Dublin မြို့က အလိုက်ဖက်ဆုံးပါပဲ။

မကာရရာသီဖွား

ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ဇန်နဝါရီလ ၁၉ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မကာရရာသီဖွားများက ရည်မှန်းချက် ကြီးမားသူတွေဖြစ်ပါတယ်။ ထိုသူများအတွက်တော့ Washington D.C မြို့က အလည်ပတ်သင့်ဆုံးပါပဲ။

ကုမ်ရာသီဖွား

ဇန်နဝါရီလ ၂၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အကြား မွေးဖွားးသူများကတော့ အမြဲတမ်းစွမ်းအင်အပြည့်နဲ့ တက်ကြွလန်းဆန်းနေသူတွေဖြစ်ကြပါတယ်။ ကုမ်ရာသီဖွားများအတွက်ကတော့ တရုတ်နိုင်ငံရှိ ရှန်ဟိုင်းမြို့က အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မိန်ရာသီဖွား

ဖေဖော်ဝါရီလ ၁၉ ရက်နေ့နှင့် မတ်လ ၂၀ ရက်နေ့အကြား မွေးဖွားကြသူများသည် တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားကြသူများဖြစ်ကြပါတယ်။ ထိုသူများအတွက်တော့ Sweden နိုင်ငံရှိ Stockholm မြို့က အလိုက်ဖက်ဆုံးပါပဲ။