သင့် Crush က ဘယ်ရာသီဖွားလဲ သိလား။ ဒါမှမဟုတ် သင်ချစ်ရတဲ့ ချစ်သူကောင်လေးက ဘယ်ရာသီခွင်လဲ သိလား။ သိတယ်ဆိုရင်တော့ သူတို့က ဘယ်လိုအရာတွေ မြင်ရင် သဘောကျတတ်ကြလဲ၊ ချစ်မိတတ်ကြလဲ သိထားသင့်ပါတယ်။ ဒီလိုဆိုရင် သင်က သူ့ကို အရင်ထက် ဆွဲဆောင်နိုင်ပြီး သူ့စိတ်ထဲ သင်က နေရာယူနေပါလိမ့်မယ်။ သင်ကိုယ်တိုင်ကော သင့်ရာသီခွင်အရ ဘယ်လိုအပြုအမူက သင့်စိတ်ကို အရည်ပျော်သွားစေလဲ သိချင်မှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ Aries

Aries တွေက စွန့်စားရဲတဲ့သူတွေကို သဘောကျကြပါတယ်။ အကောင်းမြင်စိတ်များပြီး အချိန်တိုင်းမှာ မပျင်းရိဘဲ အသစ်အသစ်တွေ လျှောက်လုပ်နေတဲ့ သူမျိုးကို Aries တွေက ကြွေကြပါတယ်။

၂။ Taurus

Taurus တွေကတော့ သူတို့ ယုံရတဲ့သူမျိုး၊ သူတို့ လိုအပ်တဲ့အချိန် အနားမှာ ရှိတတ်သူကို ရွေးချယ်ကြပါတယ်။ သူတို့ Energy နဲ့ တူညီပြီး သူတို့ရဲ့အရှိအတိုင်း လက်ခံသူကို သဘောကျသွားတတ်ပါတယ်။

၃။ Gemini

Gemini ရာသီဖွားတွေက သူတို့ရဲ့ဟာသတွေကို ရယ်မောကြတဲ့ သူတွေကို နှစ်သက်ကြပါတယ်။ သူတို့နဲ့ အတူ စွန့်စားရဲတဲ့သူတွေ၊ သူတို့နဲ့ ထူးထူးဆန်းဆန်း စကားတွေ ပြောရတာ ကြိုက်သူတွေကို Gemini တွေက စွဲလန်းတတ်ကြပါတယ်။

၄။ Cancer

သူတို့ လုပ်ပေးသမျှ တန်ဖိုးထားတဲ့သူမျိုးကို Cancer ရာသီဖွားတွေက သဘောကျကြပါတယ်။ Cancer ရာသီဖွားတွေက စိတ်ထားနူးညံ့ကြတာကြောင့် သူုတို့ကို ဂရုစိုက်တဲ့သူ၊ သူတို့ရဲ့ မိသားစုနဲ့ အဆင်ပြေသူကို ရွေးချယ်ကြပါတယ်။

၅။ Leo

Leo တွေကတော့ သူတို့လိုချင်တဲ့ Attention ကို ပေးတဲ့သူကို နှစ်သက်ပါတယ်။ ဗြုန်းစားကြီးထလုပ်တတ်တဲ့ သူတို့ကို ဘေးက အကြံပေးတတ်တဲ့သူမျိုးကို နှစ်သက်ကြပြီး စတိုင်ကျပြီး ကြည့်ကောင်းသူတွေကို နှစ်သက်ကြပါတယ်။

၆။ Virgo

Virgo တွေကတော့ ကိုယ့်အကြောင်းကိုယ် သိကြတဲ့သူတွေကို လေးစားပြီး သဘောကျကြပါတယ်။ အသိဉာဏ်နဲ့ ပိုင်းခြားတတ်တဲ့သူ၊ ပြင်ပအခွံကို ကြည့်ပြီး အကဲမဖြတ်တတ်တဲ့ မာနမကြီးတဲ့သူမျိုးကို Virgo ရာသီဖွားတွေက နှစ်သက်ပါတယ်။

၇။ Libra

Libra တွေကတော့ ဗဟုသုတ ကြွယ်ဝတဲ့သူ၊ ဒီကမ္ဘာပေါ်က အကြောင်းအရာတွေကို သေချာ ရှင်းပြပေးနိုင်သူတွေကို နှစ်သက်ကြပါတယ်။

၈။ Scorpio

အချစ်ရေးတစ်ခုမှာ သစ္စာရှိတဲ့သူ၊ သူတို့ကို ပျော်အောင် ထားနိုင်သူ၊ လိုအပ်တဲ့အချိန်မှာ အတည် တွေးနိုင်သူမျိုးကို Scorpio တွေက နှစ်သက်ကြပါတယ်။

၉။ Sagittarius

ဒီရာသီဖွားတွေကတော့ ဘဝအကြောင်း စိတ်ဝင်စားပြီး ဘဝအဓိပ္ပာယ်ကို လိုက်ရှာသူတွေအပေါ် စိတ်ဝင်စားမှုရှိကြပါတယ်။ သူတို့နဲ့ ကမ္ဘာပတ်မယ့်သူမျိုးကို နှစ်သက်ကြပါတယ်။ အတွေ့အကြုံသစ်တွေကို လိုချင်သူတွေနဲ့ Sagittarius တွေက အဆင်ပြေတတ်ပါတယ်။

၁၀။ Capricorn

အလုပ်အကိုင်နဲ့ အတည်တကျ ရှိသူ၊ အတူတူ ကြိုးစားပြီး အောင်မြင်အောင် ကြိုးစားချင်စိတ်ရှိသူ၊ သက်တောင့်သက်သာ ရှိခြင်းကို နှစ်သက်သူတွေနဲ့ Capricorn တွေက အဆင်ပြေတတ်ကြပါတယ်။

၁၁။ Aquarius

Aquarius တွေက သူတို့ကို လွတ်လွတ်လပ်လပ် ထားပေးတဲ့သူတွေကို နှစ်သက်ကြပါတယ်။ သူတို့အနားမှာ ရှိတဲ့သူ၊ သူတို့စိတ်နဲ့ အတွေးကို တန်ဖိုးထားတဲ့သူ၊ သူတို့နဲ့ ရောက်တတ်ရာရာ ပြောတတ်သူတွေကို နှစ်သက်ကြပါတယ်။

၁၂။ Pisces

Pisces တွေက သူတို့ချစ်သလို သူတို့အပေါ် ချစ်တဲ့သူကို သဘောကျကြပါတယ်။ သူတို့ရဲ့ ထူးဆန်းတဲ့ အမူအရာတွေ၊ စိတ်ထိခိုက်လွယ်တဲ့ ဘက်ခြမ်းကို တန်ဖိုးထားသူတွေကို နှစ်သက်ကြပါတယ်။ သူတို့လိုအပ်တိုင်း အနားမှာ ရှိတဲ့သူကို နှစ်သက်လေ့ရှိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar