သင်ဟာ အတွေးလွန်တတ်တဲ့သူတစ်ယောက်မဟုတ်ဘူး။ ဒါပေမယ့် သင့်ချစ်သူဟာ တစ်ခုခုကို Over Thinking ဖြစ်တဲ့သူတစ်ယောက်ဆိုရင် သင့်အနေနဲ့ ဒီအချက်တွေကို သိထားသင့်ပါတယ်။ တခါတလေ အတွေးလွန်တတ်တဲ့သူတွေကို သင့်အနေနဲ့ နားလည်ရခက်ခဲပါတယ်။ သူတို့တွေဟာ မကြာခဏဆိုသို စိုးရိမ်ပူပန်တတ်ပြီး ကိုယ့်ကိုကိုယ် သံသယရှိတတ်ပါတယ်။

သင်ဟာ အခုလို အတွေးလွန်ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားရင် သူနဲ့ အံဝင်ခွင်ကျဖြစ်အောင် သိထားရမယ့်အချက်တွေ၊ သူတို့ကိုပိုမိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ ကူညီပေးနိုင်မယ့်အချက်တွေကို မျှဝေပေးချင်ပါတယ်။

အမှန်တိုင်းဝန်ခံရရင် စာရေးသူရဲ့ ချစ်သူဟာ Over Thinker (အတွေးလွန်တတ်သူ) တစ်ယောက်ပါ။ ဒါ့ကြောင့် သူနဲ့ကိုယ် အမြင်မတူတာတွေကြောင့် ခဏခဏ စကားများရပါတယ်။ အဲဒီလိုမဖြစ်ရအောင် ကိုယ်ကိုယ်တိုင်လည်း အဖြေရှာရင်း စာဖတ်သူတွေကိုလည်း ပြန်ပြီးမျှဝေပေးလိုက်တာပါနော်။

၁။ သင့်ချစ်သူကို အိုဗာတွေလုပ်မနေနဲ့ လို့ မပြောပါနဲ့

သင့်ချစ်သူကိုတစ်ခုခုဆို အိုဗာတွေလုပ်မနေနဲ့ လို့ပြောတာဟာ သူ့အတွက်အဓိပ္ပာယ်မရှိပါဘူး။ သူ့ကိုပိုလို့နာကျင်စေပြီး သူတို့ဘာတွေတွေးနေတယ်၊ သူတို့ဘာတွေခံစားနေရတယ်ဆိုတာကို သင့်အနေနဲ့ နားမလည်ဘူးလို့ သူခံစားရသွားစေပါတယ်။ သူတို့ကို ပိုပြီးအတွေးလွန်စေပါတယ်။ ဒါ့ကြောင့်အဲဒီလိုလုံးဝမပြောပါနဲ့။

၂။ စကားလုံးရွေးချယ်မှုကို ဂရုစိုက်ပါ

စကားပြောတဲ့အခါ စကားလုံးကို ပညာသားပါပါရွေးချယ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ သူ့ကို အထပ်ထပ်အခါခါအတွေးပေါင်းစုံဖြစ်စေလို့ပါ။

၃။ သင်တို့နှစ်ယောက် ဆက်ဆံရေးကို ယုံကြည်မှုရှိစေပါ။

Source: Glamour

အရမ်းအတွေးလွန်တတ်တဲ့သူတွေဟာ တစ်ခုခုဖြစ်လာရင် သင်တို့နှစ်ယောက်ဆက်ဆံရေး ပျက်စီးသွားမယ်လို့ တွေးထင်တတ်ကြပါတယ်။ သင်လည်း တခြားသူတွေလို သူ့ကိုထားခဲ့မှာပဲလို့ထင်နေတတ်ပါတယ်။ ဒ့ါကြောင့် သင့်ချစ်သူကို သင်တို့နှစ်ယောက်ဆက်ဆံရေးနဲ့ပတ်သက်လို့ ယုံကြည်မှုရှိစေပါ။

၎။ သင့်အပြုအမူကို ဂရုစိုက်ပါ

Source: Happily Ever Adventures

သင့်အပြုအမူတစ်ခုခုဟာ သူ့အတွက် တွေးစရာဖြစ်သွားစေပါတယ်။ သင်စကားပြောတဲ့အခါမှာလည်း သင်ဘယ်လောက်လေးနက်တဲ့အကြောင်း အပြုအမူနဲ့ပြသပါ။

၅။ ကတိတွေ အတင်းမတောင်းပါနဲ့

အရမ်းတွေးတတ်တဲ့သူတစ်ယောက်ဟာ ကတိပေးဖို့ အရမ်းခက်ခဲပါတယ်။ သူ့ကိုတကယ်ချစ်တယ်ဆိုရင် အချိန်ပေးပါ။ အရမ်းဖိအားမပေးပါနဲ့။

၆။ မဝေဖန်ပါနဲ့

Source: 101 Clip Art

သူတစ်ခုခုပြောတော့မယ်ဆိုရင် နားထောင်ပေးလိုက်ပါ။ မဝေဖန်လိုက်ပါနဲ့။သူပြောတာကို သင်နားထောင်ပေးတယ်ဆိုတဲ့ အသိသူ့ကိုပေးပါ။ သူ့ကို နားလည်မှုတွေ ယုံကြည်မှုတွေပေးပါ။

၇။ အစီစဉ်ဆွဲပါ

Source: uwodzic-uwodzicielki.pl

အေတြးလြန္တဲ့သမာေးတြဟာ Surprise လုပ္တာကို သေဘာမက်ၾကပါဘူး။ အစီစဉ်တကျသွားတာကို ပိုပြီးသဘောကျပါတယ်။

၈။ သေးသေးလေးတွေကအစဂရုစိုက်ပါ

အတွေးလွန်တတ်တဲ့သူတွေဟာ သေးသေးလေးတွေကအစ သူတို့ အာရုံစိုက်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း သူဘာခံစားနေရသလဲ။ တစ်ခုခုကို စိုးရိမ်နေသလားဆိုတဲ့ သေးသေးလေးတွေကအစဂရုစိုက်ပါ။ စိတ်ဆိုးရင်လည်း အကြောင်းအရာ ကြီးကြီးမားမားမဟုတ်ရင်တောင် ပစ်မထားပါနဲ့။

၉။ သင်ဂရုစိုက်ကြောင်းပြသပေးပါ

Source: rcf.fr

အတွေးလွန်တတ်တဲ့သူတွေဟာ ကိစ္စသေးသေးလေးတွေကအစ သူတို့အတွက် အရေးပါပါတယ်။ သူတို့ကို မနက်စာကျွေးတာ၊ ဖိနပ်ကြိုးချည်ပေးတာ၊ အင်္ကျီ ရွေးပေးတာ၊ သူကြိုက်တတ်တဲ့အစားအစာတွေကို သတိတရ ၀ယ်ပေးတာမျိုးလုပ်ပါ။

၁၀။ သူမေးတာကိုဖြေလိုက်ပါ

Source: Arvada Therapy

ကိုယ်နဲ့ သိပ်တိုက်ဆိုင်တဲ့ အရာပါ။ အတွေးလွန်တဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီး အကြောင်းအ၇ာကို သိချင်ကြပါတယ်။ ဥပမာ ကိုယ့်အိမ်ကဖုန်းဆက်လာတယ်လို့ မပြောလိုက်နဲ့ ဘာပြောတာလဲ။ အဲဒါပြီးတော့ကော ဘာတဲ့လဲ။ဆိုပြီး မေးတတ်ပါတယ်။ ကိုယ်က အကျဉ်းချုပ်ပဲပြောလိုက်ရင် မကျေနပ်ပြန်ပါဘူး။ ကိုယ်ကလည်း စိတ်မရှည်တာနဲ့ အော်မိပါတယ်။ ဒီလိုမျိုးလုပ်တာထက် သူမေးတာကို စိတ်ရှည်လက်ရှည်နဲ့ဖြေလိုက်ပါ။ မဟုတ်ရင် ဒါလေးမေးတာတောင်မဖြေချင်ဘူး။ ငါ့ကိုဂရုမစိုက်ဘူးလို့ထင်သွားတတ်ပါတယ်။

၁၁။ သူ့ရဲ့ ပုံစံအတိုင်းပဲသင်လက်ခံလိုက်ပါ

ကိုယ်ကသူ့ကိုချစ်မိပြီပဲ။ သူကအတွေးလွန်သမားပဲဖြစ်နေပါစေ ကိုယ်လက်ခံရမယ်။ နားလည်ပေးနိုင်ရပါမယ်။ သူနဲ့ သဟဇာတဖြစ်အောင်နေနိုင်ရပါမယ်။ ချစ်တယ်ဆိုရင် သူရဲ့ အရှိအတိုင်းလေးကိုပဲ လက်ခံပေးလိုက်ပါ။