လူတစ်ယောက်အတွက် အနားယူခြင်းဆိုတာဟာ သိပ်ကိုအရေးပါပါတယ်။

ပင်ပန်းမှုနဲ့ အိပ်ရေးပျက်မှုတွေကို လျစ်လျူရှူထားမယ်ဆိုရင် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ အများကြီးနဲ့ ကြုံနိုင်တာကြောင့် ကောင်းကောင်းအနားယူဖို့ လိုပါတယ်။ အနားယူရာမှာလည်း ထိရောက်တဲ့အနားယူမှူ ဖြစ်စေဖို့ အရေးကြီးပါတယ်။ စိတ်ရောကိုယ်ပါပင်ပန်းနေချိန်မှာ အခုပြောမယ့်အချက်တွေကိုမလုပ်မိအောင် ရှောင်သင့်ဖို့အကြံပြုလိုက်ပါတယ်နော်။

(၁) ငြင်းခုံတာမျိုးမလုပ်ပါနဲ့ 

Source : investmentexecutive.com

လူက ပင်ပန်းနေပြီဆိုရင် Mood ကလည်း ပြောင်းလာပါတယ်။ ဒေါသ ထွက်လွယ်မယ် ၊ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်လာမယ်။ ဒီအချိန်မျိုးမှာ အကြောင်းအရာတစ်ခုခုကို ဒေါနဲ့ မောနဲ့ ငြင်းခုံရန်ဖြစ်နေမယ်ဆိုရင် လူရဲ့ ခံနိုင်ရည်ကအောက်ဆုံးထစ်ကို ရောက်သွားပြီး မဖြစ်သင့်တာတွေ ဖြစ်လာတတ်ပါတယ်။

(၂) ကားမမောင်းပါနဲ့ 

Source : San Antonio Express-News

ပင်ပန်းနေချိန်နဲ့ အရက်သောက်ထားချိန်မှာ ကားမောင်းတာဟာ ပြဿနာ ရှိပါတယ်။ စိတ်ကပင်ပန်းနေချိန်မှာ လုပ်သမျှအရာအားလုံးဟာ ဘေးမကင်းတတ်ပါဘူး။တကယ်လို့ ကားမောင်းမှ ဖြစ်မယ်ဆိုရင်လည်း မျက်နှာသစ်တာ ကိုယ့်ကိုယ်ကို လန်းဆန်းအောင် လုပ်ပြီးမှသာ ကားမောင်းသင့်ပါတယ်။လမ်းမှာနားဖို့လည်း မမေ့ပါနဲ့။

(၃) ခက်ခဲတဲ့အလုပ်တွေမလုပ်ပါနဲ့

Source : NuCalm

ဆုံးဖြတ်ချက်ချတယ်ဆိုတာမှာ လူရဲ့ စိတ်စုစည်းမှု ရှိနေမှ ဖြစ်မှာပါ။ စိတ်ကလှူပ်ရှားနေပြီး လူကပင်ပန်းနေတဲ့ အခါမျိုးမှာ အရေးကြီးတဲ့ အရာတစ်ခုခုကို ဆုံးဖြတ်လိုက်တာဟာ အလွန်အန္တာရာယ်များပါတယ်။ဒါကြောင့်ပင်ပန်းနေချိန်မှာခက်ခဲတဲ့အလုပ်တွေ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချရတာမျိုးတွေကို ခေတ္တခဏရွေ့ဆိုင်းထားပါ။စိတ်နဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းအနားပေးပြီးမှသာ လုပ်ဆောင်ဖို့အကြုံပြုလိုပါတယ်။

(၄) Gym မကစားပါနဲ့ 

Source : Kemin Industries

တစ်နေကုန် ပင်ပန်းတကြီး အလုပ်ဆင်းလာရတယ်ဆိုရင် Work Out မလုပ်သင့်ပါဘူး။ လူက နုံးနေပြီး Stamina လည်းကျနေချိန်မှာ အားကစားလုပ်တာဟာ အချိန်နဲ့ ခွန်အား သက်သက်ဖြုန်းရာ ရောက်ပါတယ်။ Gym လည်း ကစားချင်တယ် ၊ အလုပ်ကလည်း တစ်နေကုန် လုပ်ရတယ်ဆိုရင် မနက်ပိုင်းမှာ Gym ရုံသွားသင့်ပါတယ်။

(၅) ကဖိန်းဓာတ်ပါတဲ့ ဖျော်ရည်တွေမသောက်ပါနဲ့

Source : Entrepreneur

ကော်ဖီနဲ့ ကဖိန်းဓါတ် အဖျော်ယမကာတွေသောက်သုံးခြင်းဟာ လူကိုပိုပြီး ပင်ပန်းစေတယ်လို့ ဆိုပါတယ်။ ကဖိန်းဓါတ်ပါခြင်းကြောင့် အိပ်ရေးပျက်ပြီး ညဘက်ညဘက်တွေမှာ လူရဲ့ အာရုံစိုက်မှူနဲ့ အလုပ်လုပ်နိုင်စွမ်းပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်မှူ ရှိလာမှာပါ။တစ်ညမှာ အနည်းဆုံး (၇) နာရီကနေ (၈) နာရီအထိ အိပ်စက် အနားယူမှူဟာ မဖြစ်မနေ လိုအပ်ပါတယ်။

ညဘက် အိပ်ရာဝင်ခါနီး စားတဲ့အစားအသောက်တွေကို ဂရုစိုက်သင့်ပါတယ်။ အိပ်ရာဝင်ခါနီးစားလိုက်တဲ့ အစားအသောက်ကြောင့် နောက်တစ်နေ့ အိပ်ရေးပျက်ပြီး မပင်ပန်းအောင် ကိုယ့်ကိုယ်ကိုသတိထားသင့်ပါတယ်။