အမျိုးသားတွေဟာ အဝတ်အစားနဲ့ပတ်သက်ပြီး တော်ရိလျော်ရိ သဘောထားလေ့ရှိပါတယ်။ အတော်များများကလည်း ဖက်ရှင်ကြောင့် ခေါင်းမစားချင်တဲ့အထဲမှာ ပါပါတယ်။ ဒါကြောင့် ရာသီမရွေး ၊ ပွဲနဲ့ အခမ်းအနားမရွေး ဝတ်နိုင်မယ့် အမျိုးသားဖက်ရှင်တစ်ချို့ကို အကြံပေးမျှဝေလိုက်ပါတယ်။
(၁) Formal
Photo: Freepik
ယောင်္ကျားလေးတွေဆိုတာ အပြင်ပွဲသွားပွဲလာကိစ္စလေးတွေ ရှိတတ်စမြဲမို့ Formal ဖက်ရှင်ကောင်းကောင်း တစ်စုံနှစ်စုံလောက်တော့ ရှိထားဖို့ လိုပါတယ်။ အနောက်တိုင်းကုတ်အင်္ကျီလိုမျိုး တန်ဖိုးကြီး Suit မဝယ်နိုင်ရင်တောင် Blazer လိုမျိုး ဂျက်ကတ်နဲ့ စမတ် Trouser နဲ့ Shoes ကောင်းကောင်းတစ်ရံလောက် ပိုင်ဆိုင်ထားသင့်ပါတယ်။
(၂) Hoodie
Photo: Freepik
Streetwear Style တွေဟာ ခေတ်သစ်အမျိုးသားအဝတ်ဗီရိုပေါ်မှာ နေရာကြီးကြီး ယူထားတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ Hoodie ဖက်ရှင်ဟာ လူငယ်တစ်ယောက်နဲ့ အလိုက်ဖက်ဆုံး အဝတ်အစားဖြစ်ပြီး Jogger နဲ့ တွဲဝတ်နိုင်ပါတယ်။ ဝတ်သင့်တဲ့ ရာသီဥတုကတော့ ဆောင်းရာသီလို အေးစိမ့်စိမ့်ရာသီမျိုး ဖြစ်ပါတယ်။
(၃) Denim Jean
Photo: Freepik
ခေတ်တွေ ပြောင်းသွားခဲ့ပေမယ့် Jeans ဖက်ရှင်တွေဟာ ဘယ်တော့မှ ရိုးအီမသွားခဲ့ပါဘူး။ Jeans ဘောင်းဘီ Classic Blue ကာလာဟာ ဒီနေ့အထိ လူငယ်တွေအကြားမှာ ခေတ်စားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အဝတ်ဗီရိုမှာ Jeans Pant နဲ့ Jeans Jacket ကောင်းကောင်းတော့ ထည့်ထားသင့်ပါတယ်။
(၄) Statement T-Shirt
Photo: Freepik
အမျိုးသားတိုင်းအကြိုက်အဝတ်အစား ဒီဇိုင်းတွေထဲမှာ T-Shirts တွေကို ချန်ထားလို့လည်း မဖြစ်ပါဘူး။ T-Shirt ကိုမှ ရိုးရှင်းပြီး အဓိပ္ပါယ်အနှစ်သာရပါတဲ့ Graphic ပါ တီရှပ်တွေဟာ ယောင်္ကျားတစ်ယောက်ကို ဆွဲဆောင်မှုပိုတက်စေနိုင်ပါတယ်။