စာဖတ်သူများအားလုံးပဲ မင်္ဂလာပါနော်

MyStyle Myanmar ကနေပြီး ဆောင်းပါးတွေအမျိုးမျိုးကို မရိုးရအောင် တင်ဆက်ပေးနေလျက်ရှိတဲ့အထဲကမှ ယခုတစ်ခေါက် စာဖတ်သူတို့ကို ဝေမျှပေးချင်တာကတော့ မည်သည့်ဖက်ရှင်ဒီဇိုင်းမျိုးနဲ့မဆို စတိုင်ကျကျ တွဲဖက်ကိုင်ဆောင်နိုင်မယ့် အဆင့်အတန်းမှီ ဒီဇိုင်းစုံ Macbook Sleeves တွေပဲဖြစ်ပါတယ်။

အရာရာတိုးတက်ပြောင်းလဲနေပြီး နည်းပညာတွေကနေရာယူထားတဲ့ ယနေ့ခေတ်လို အချိန်မျိုးမှာ လူအများစုဟာ လက်တော့ပ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေနိုင်ကြပါပြီ။ Laptop၊ Macbook တို့လို ပစ္စည်းတွေဟာ အင်မတန် ဈေးကြီးပေးဝယ်ရပြီး တန်ဖိုးကြီးလွန်းတာကြောင့် အထူးဂရုတစိုက်ကိုင်ဆောင်ဖို့ အမြဲသတိထားရပါတယ်။

စာဖတ်သူတို့လည်း မိမိရဲ့ Laptop၊ Macbook တို့ကို ထိခိုက်ပွန်းပဲ့ဒဏ်တွေကနေ ကာကွယ်နိုင်ဖို့ Macbook Sleeves ပုံစံဒီဇိုင်းမျိုးစုံကို အသုံးပြုဖူးပြီးသားဖြစ်မှာပါ။ တခုရှိတာက Macbook Sleeves ကို ဒီဇိုင်းသေချာရွေးပြီးမ၀ယ်တတ်ဘူးဆိုရင် ကိစ္စတစ်ခုခုကြောင့် Macbook ကိုသယ်ပြီး အပြင်သွားရတဲ့အခါ ကိုင်ဆောင်ထားသူရဲ့ဖက်ရှင်ကိုပါ ကြည့်ရဆိုးသွားစေနိုင်ပါတယ်။

ဒါကြောင့် Admin က MyStyle Myanmar ရဲ့ ပရိတ်သတ်ကြီးများအတွက် အရောင်အသွေးအစုံအလင်နဲ့  အရည်အသွေးပြည့်မှီတဲ့ Macbook Sleeves ဒီဇိုင်းဆန်းလေးတွေကို ဂရုတစိုက်ရွေးချယ်ဖော်ပြထားပေးလို့ ကျော်မသွားဘဲ သေချာကြည့်ပေးကြပါအုံးနော်။

Macbook Sleeves

ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးတွေ၊ အရောင်အသွေးစိုစိုလင်လင်လေးတွေရှိကြပြီး Macbook အပြင် အခြား notebook, accessories တွေကိုပါ ပူးတွဲသိမ်းဆည်းထားလို့ရပါတယ်။

ယခုဖော်ပြထားတဲ့ ဒီဇိုင်းလေးတွေကဆိုရင်လည်း အိတ်ထဲမှာထည့်ထားနေရင်းနဲ့ပဲ အလွယ်တကူအားသွင်းနိုင်မှာဖြစ်လို့ တသီးတသန့် ထုတ်လိုက် ထည့်လိုက် လုပ်စရာမလိုတော့ပါဘူး။

ဒီအိတ်လေးဟာဆိုရင် Macbook အတွက်သာမဟုတ်ဘဲ အားသွင်းကြိုးနဲ့ အခြား Accessories တွေကိုပါ ထည့်သွင်းသိမ်းဆည်းနိုင်ဖို့ အိတ်သေးလေးလည်း ပါဝင်ပါသေးတယ်။ အကောင်းဆုံးကတော့ ရေစိုခံလို့ ကြိုက်တဲ့ခရီးကို စိတ်ချလက်ချသယ်ဆောင်သွားနိုင်ပြီပေါ့။

ဒီ ဒီဇိုင်းလေးတွေကတော့ Macbook တွေကို သိမ်းရဆည်းရနဲ့ ထုတ်ရပြုရတာတွေကို မြန်မြန်ဆန်ဆန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

MacBook Skin / Decal လေးတွေကလည်း စတိုင်ကျကျ ဖြစ်နေစေပါသေးတယ်နော်။ 

ဒီလိုမျိုး ဒီဇိုင်းဆန်းဆန်းလေးတွေ၊ အရောင်စိုစိုလေးတွေကို Macbook နဲ့တွဲဖက်ပြီး ကိုင်ဆောင်လိုက်မယ်ဆိုရင်တော့ သင်ဘယ်သွားသွား အမြဲတမ်းစတိုင်အပြည့်ဖြစ်နေတော့မှာပါ။







Dress နဲ့ပဲဝတ်မလား၊ Suit ၀တ်ထားတဲ့အချိန်မှာ ကိုင်မလား၊ ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာဖက်ရှင်အချိန်မှာရော ကိုင်အုံးမလား ဘယ်လိုအချိန်၊ ဘယ်လိုဖက်ရှင်ဖြစ်နေပါစေ အချိန်တိုင်း လူအများရဲ့အကြည့်ကို ဖမ်းစားထားနိုင်တော့မှာပါ။

ဒီဇိုင်းအဆန်းစုံ၊ အရောင်အသွေးအစုံနဲ့ Macbook Sleeves လေးတွေကို ကြည့်ပြီး သဘောကျသွားပြီလား။ ဒါဆိုရင်တော့ Admin က ဘယ်နေရာမှာ ရနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဖော်ပြပေးခဲ့တဲ့ Macbook Sleeves တွေအကုန်လုံးကို iSure လို့ခေါ်တဲ့ Apple Service ဆိုင်တစ်နေရာတည်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်။

iSure ဆိုင်လေးအကြောင်း တစေ့တစောင်း

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်းရှိ အကြီးဆုံး Apple Service ဆိုင်တစ်ခုဖြစ်သော iSure သည် Apple အမှတ်တံဆိပ် ပစ္စည်းများကို ၀န်ဆောင်မှုပေးနေသည့်အပြင် အခြား Accessories များကိုလည်း ဈေးနှုန်းမှန်၊ အရည်အသွေးမှန်နှင့် ရောင်းချပေးလျက်ရှိနေပါတယ်။ Customer တစ်ယောက်စီအတွက် ပြုလုပ်ပေးထားတဲ့ Customer Service Counter လေးတွေလည်းရှိပြီး Service ပေးတဲ့ ဝန်ထမ်းအားလုံးကလည်း အင်မတန်စိတ်ရှည်ပြီး ဖော်ရွေမှုရှိလှပါတယ်။ iSure ကိုလာရောက်တဲ့ ဧည့်သည်အားလုံးကို ယုံကြည်စိတ်ချရတဲ့ အကောင်းဆုံးဝန်ဆောင်မှုကို ပေးနေတာကြောင့် Facebook မှာလည်း လူသိများနေပြီးသား ဆိုင်လေးတစ်ဆိုင်ဆိုလည်း မမှားပါဘူး။

ဆိုင်ရဲ့တည်နေရာ

iSure ဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် (၁၁၁) ၊ ဗိုလ်တထောင်ဘုရားလမ်း (အောက်ဘလောက်) ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ လူသွားလူလာသိပ်မများတဲ့ ဗိုလ်တထောင်ဘုရားလမ်းပေါ်မှာရှိနေတာဆိုတော့ ကားရပ်ရတာလည်း အဆင်ပြေပြီး တိတ်တိတ်ဆိတ်ဆိတ်လည်းရှိလှပါတယ်။ ဆိုင်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါကလည်း အောက်ဖော်ပြပါ Facebook လင့်ခ်လေးသို့ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/isuremyanmar/