ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ ကျော် ရှိပေမယ့် တချို့နိုင်ငံတွေဆို သင်ကြားဖူးချင်မှ ကြားဖူးမှာပါ။ တချို့နိုင်ငံလေးတွေဆို ကျဉ်းကျဉ်းလေးတွေနဲ့ လူဦးရေ အနည်းငယ်လောက်ဘဲ ရှိပါတယ်။ တချို့နိုင်ငံလေးတွေဆိုရင် မိသားစုတစ်စုတည်းကနေ ဆင်းသက်လာတဲ့ နိုင်ငံလေးတွေ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာ အသေးဆုံးနဲ့ လူဦးရေ အနည်းဆုံးနိုင်ငံလေးတွေအကြောင်းကို ဝေမျှချင်ပါတယ်။

Palau

Palau သမ္မတနိုင်ငံက ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး သူ့မှာ ပုံစံအရွယ်အစား မတူညီတဲ့ ကျွန်းပေါင်း ၃၀၀ ကျော်ရှိပါတယ်။ Palau နိုင်ငံက ကမ္ဘာပေါ်မှာ စိတ်ဝင်စားဖို့ အကောင်းဆုံးနိုင်ငံဖြစ်ပြီး သူ့မှာ သစ်တော်တွေနဲ့ အုပ်ဆိုင်းနေပြီး အရမ်းလှပတဲ့ ငှက်တွေလည်း နေထိုင်ကျက်စားပါတယ်။ အဲ့ဒီအပြင် မျိုးတုန်းပျောက်ကွယ်တော့မယ့် ငါးမန်းမျိုးပေါင်း ၁၃၀ ကျော်လည်း Palau ရေပိုင်နက်ထဲမှာ ရှိနေပါတယ်။ နိုင်ငံရဲ့ နာမည်ကြီး ရေကန်ကလည်း အရမ်းသာယာလှပကာ ဂျယ်လီငါးပေါင်း ၂ သန်းလောက်ကတည်း နေထိုင်ကျက်စားနေပါတယ်။ Palau နိုင်ငံက ၄၅၉ စတုန်ရန်း ကယ်လိုမီတာဘဲ ကျယ်ဝန်းပြီး လူပေါင်း ၂သောင်း၁ထောင်ကျော် နေထိုင်နေပါတယ်။

Niue

Niue နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းမှာရှိတဲ့ Oceania ကျွန်းမှာရှိတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ Niue နိုင်ငံတစ်ခုလုံးက ၂၆၁ စတုရန်း ကီလိုမီတာ ဘဲ ရှိပြီး လူဦးရေက ၁၁၉၀ဘဲ ရှိပါတယ်။ ခရီးသွားလုပ်ငန်းလည်း မဖွံ့ဖြိုး၊ တခြား သဘာဝ သယံဇာတတွေလည်း မရှိတာကြောင့် နယူးဇီလန်နိုင်ငံကနေ အထောက်အပံ့တွေယူနေရပါတယ်။ Niue နိုင်ငံရဲ့ မြို့လူဦးရေက ရွာသေးသေးလေးစာလောက်ဘဲ ရှိပြီး လူပေါင်း ၆၀၀ ကျော်ဘဲ ရှိပါတယ်။ Niue နိုင်ငံမှာ ကိုယ်ပိုင် လေဆိပ်တစ်ခုနဲ့ ဈေးဝယ်စင်တာ တစ်ခုဘဲ ရှိပါတယ်။

Saint Kitts နဲ့ Nevis ကျွန်းစုနိုင်ငံ

နိုင်ငံရဲ့ အကျယ်အ၀န်းက ၂၆၁ စတုရန်း ကီလိုမီတာ ဘဲရှိပြီး လူဦးရေက ၅၂၃၂၉ ယောက်ဘဲ ရှိပါတယ်။ နိုင်ငံရဲ့ အဓိက ၀င်ငွေက နိုင်ငံသားခံယူမှုကနေ ရရှိလာတဲ့ ၀င်ငွေဖြစ်ပါတယ်။ ဒေသအတွင်း သကြားလုပ်ငန်းမှာ ဒေါ်လာ ၂ သိန်းခွဲ ရင်းနှီးမြှပ်နှံရင် နိုင်ငံသား ကဒ်ရရှိမှာဖြစ်ပါတယ်။ နိုင်ငံသားခံယူနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ ဒေါ်လာ ၄ သိန်းတန် မြေကို ၀ယ်ယူတာဘဲ ဖြစ်ပါတယ်။

Tuvalu

Tuvalu နိုင်ငံက ၂၆ စတုရန်း ကီလိုမီတာလောက်ဘဲ ကျယ်ဝန်းကာ လူဦးရေ ၁၀၉၅၉ ဘဲရှိပါတယ်။ ကမ္ဘာပေါ်မှာ အသေးဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံတွေမှာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ထောက်ပံ့ကြေးနဲ့ ရပ်တည်နေရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

Nauru

နော်ရူး (Nauru) ကျွန်းနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ ကုဋ္ဋေရှစ်ဆယ် သူဌေးသားပုံပြင်နဲ့ နှိုင်းယှဉ်ပြီး ရေးသားခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံက ၂၁ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေ ၉၅၉၁ ယောက်ဘဲ ရှိပါတယ်။

၁၉၆၀ နှစ်များက လူတစ်ဦးချင်းဝင်ငွေ ကမ္ဘာပေါ်မှာ ဒုတိယအမြင့်မားဆုံးနိုင်ငံဖြစ်ခဲ့ပြီး အလွန်ချမ်းသာခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

ကျွန်းပေါ်က မြေကြီးထဲက ဖော့စဖိတ်ကို တူးဖော်ရောင်းချရင်း နိုင်ငံက ချမ်းသာခဲ့ပေမယ့် နိုင်ငံရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ လာဘ်စားမှု၊ ပညာမတတ်မှုတွေကြောင့် အခုဆိုရင် အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ စာရင်းဝင်နေပါပြီ။

အလုပ်လက်မဲ့ ၉၀ ရာခိုင်နှုန်းရှိပြီး လူ့သက်တမ်းကလည်း ၅၀ ကျော်လောက်ဘဲ ရှိကာ နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းက အ၀လွန်ရောဂါကို ခံစားနေရပါတယ်။

Seborga

Seborga နိုင်ငံက ဘုရင်စနစ်နဲ့ အုပ်ချုပ်တာဖြစ်ပြီး အကျယ်အ၀န်းက ၄.၉၁ စတုရန်း ကီလိုမီတာ ရှိကာ လူပေါင်း ၃၁၂ ယောက်ဘဲ ရှိပါတယ်။

ပြင်သစ်နိုင်ငံ နယ်နိမိတ်နားမှာရှိပြီး နိုင်ငံတကာကတော့ နိုင်ငံအနေနဲ့ အသိအမှတ်မပြုပါဘူး။ သူ့မှာ တပ်မတော်သား ၃ ဦးပါဝင်တဲ့ စစ်တပ်ရှိပါတယ်။ တစ်ယောက်က ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး ၂ ယောက်ကတော့ နယ်စပ်လုံခြုံရေးကို လုပ်ဆောင်ပါတယ်။

Malta

အီတလီနိုင်ငံ၊ ရောမမြို့နားက ဗာတီကန် နဲ့ကပ်ရပ် Malta နိုင်ငံလေးဖြစ်ပါတယ်။ သူက 0.012 စတုရန်း ကီလိုမီတာ ရှိပြီး အဆောက်အအုံ ၃ လုံးသာ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် ငွေကြေး၊ တံဆိပ်ခေါင်း၊ ၀က်ခ်ဆိုဒ်၊ ကားနံပါတ်နဲ့ နိုင်ငံကူးလက်မှတ်ရှိပါတယ်။