စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ Singapore Tourism Board (STB) သည် မြန်မာခရီးသွားများကို စင် ကာပူသို့လာရောက်ပြီး စိတ်အားထက်သန်မှု များကို ရှာဖွေရန် ဖိတ်ခေါ်သည့် တစ်နှစ်တာကမ်ပိန်းအစီအစဉ် ကို စတင်သည့်အနေဖြင့် ယနေ့တွင်ကမ္ဘာအေးဘုရားလမ်းရှိ ချင်းချောင်းနန်းတော်၌ Singapore Festival 2020 ကို စတင်ကျင်းပခဲ့ပါ တယ်။ ယခင်က ဘိုကလေးဈေးလမ်းတွင် ကျင်းပခဲ့သော Singapore Festival 2018 သည် Street Party ပွဲတော်ကြီးဖြစ်ခဲ့‌သော်လည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်နေ့ ရုံး ပိတ်ရက်များတွင် ကျင်းပပြီး လူအများအပြားလာရောက်ဆင်နွှဲခဲ့သော Singapore Festival 2020 ကို ခမ်း နားသော Garden Party ကြီးအသွင်ဖြင့် ရန်ကုန်မြို့မှ ပွဲလာပရိသတ်များအား စင်ကာပူယဉ်ကျေးမှု၏ ထူးခြားစုံ လင်သော အစိတ်အပိုင်းအများဖြစ်သည့် အစားအသောက်၊ အနုပညာ၊ ဂီတနှင့် ဈေးဝယ်ထွက်ခြင်းကဲ့သို့ အတွေ့အကြုံသစ်များကို အပန်းဖြေပျော်ပွဲစားထွက်သကဲ့သို့ တွေ့ကြုံခံစားနိုင်စေခဲ့ပါတယ်။ Singapore Festival 2020 အပြင် ၂၀၂၀ တွင် မြန်မာနိုင်ငံသားများသည် နောက်ထပ် ‘’Passion Made Possible” အတွေ့အကြုံသစ်များကို စောင့်မျှော်ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။

စနေတနင်္ဂနွေနှစ်ရက်အတွင်း စင်ကာပူကို မြင်တွေ့ခံစားနိုင်ခြင်း

၂၀၁၆ တွင်ပထမအကြိမ်စတင်ကျင်းပခဲ့ပြီး ယခုလေးကြိမ်ရှိပြီဖြစ်သော Singapore Festival 2020 သည် စင်ကာပူ၏ထူးခြားစုံလင်သည့်ဆွဲဆောင်မှုများအပြင် စင်ကာပူနှင့်မြန်မာပညာရှင်များ၏ ပူးပေါင်းဖန်တီးမှုများ ကို ပြသနိုင်ခဲ့ပါတယ်။ရုံးပိတ်ရက်များအတွင်း စင်ကာပူနှင့် မြန်မာ၏ ထိတ်တန်းစားဖိုမှူးများ၊ ဂီတပညာရှင် များ၊ အနုပညာရှင်များနှင့် retail brand အမှတ်တံဆိပ်များနှင့်ပူးပေါင်းကာ တမူထူးခြားသည့်ဖန်တီးမှုများကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဤပွဲကို သာသနာရေးနှင့် ယဉ်‌ကျေးမှုဝန်ကြီးဌာန (Ministry of Religious Affairs and Culture)၊ ရှေးဟောင်းသုတေသနဌာန (Department of Archaeology) နှင့်အနုပညာအထက်တန်းကျောင်း (State School of Fine Arts) တို့၏ ထောက်ပံ့ကူညီမှုဖြင့် စီစဉ်ကျင်းပနိုင်ခဲ့ခြင်းဖြစ် ပါတယ်။ ပွဲတော်ဝင်ခွင့် လက်မှတ်ရောင်းချခြင်းမှရရှိတဲ့ အမြတ်အစွန်းများကို လည်း ချင်းချောင်းနန်းတော် ပြုပြင်ထိန်းသိမ်းရေး အတွက်လှူဒါန်းပေးသွားမည်ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံကဲ့သို့ပင် ပွဲတော်တွင်လူတိုင်းအတွက် စိတ်ဝင်စားစရာများရှိခဲ့ပါ တယ်။ အစားအသောက်ခုံ မင်သူများက Malcolm Lee နှင့် Hawker Chan တို့ကဲ့သို့သော မီချယ်လင်ကြယ် (Michelin star) ရရှိသည့် စားဖိုမှုးများက စင်ကာပူမှ ၎င်းတို့၏ ပုံမှန်ဈေးနှုန်းများထက် ပိုမိုချိုသာသည့်နှုန်းထားများဖြင့် တည်ခင်းပေး သည့် အစားအသောက်များကို မြည်းစမ်းခွင့်ရခဲ့ကြပါတယ်။ အပျော်အပါးရှာဖွေသူများ၊ ဂီတချစ်သူများကမူ live ဂီတဖျော်ဖြေမှုအမျိုးမျိုးကို နားဆင်နိုင်ခဲ့ပါတယ်။ နေ့ဘက်တွင် acoustic တေးသံရှင်များက ဖျော်ဖြေပြီး ညနေပိုင်းတွင် မြန်မာဒီဂျေများနှင့်အတူ ကမ္ဘာတွင် ထိပ်တန်းကလပ် ၃ ခုအနက် တစ်ခုအပါအဝင်ဖြစ် သည့် Zouk Singapore[1] မှ ဒီ‌ဂျေများက Electronic Dance Music ဖြင့် ဖျော်ဖြေပေးခဲ့ကြတာဖြစ်ပါတယ်။

ပွဲတော်တွင် နန်းတော်အဆောက်အအုံ၏ ဗိသုကာလက်ရာများနှင့် ပွဲအတွက် သီးသန့်ဖန်တီးထားသော အနုပညာလက်ရာများကို ပြသထားသည့် အနုပညာလျှောက်လမ်း (Art Walk) အပါအဝင် ဓာတ်ပုံရိုက်ချင်စဖွ ယ်နေရာအများအပြားသည် အနုပညာလိုက်စားသူများနှင့် လူငယ်များကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ လက်ရာ များသည် မြန်မာပန်းပုပညာ ရှင် နန်းနန်း၊ street art ပညာရှင် Bart Was Not Here ၊ စင်ကာပူမှ ကဗျာဆ ရာ Marc Nair ၊ ဗီဒီယိုအနုပညာရှင် Urich Lau စသော စင်ကာပူနှင့် မြန်မာမှ အနုပညာရှင်နှင့် ပြခန်းများ၏ ပူး‌ပေါင်းဖန်တီးမှုများဖြစ်ပါတယ်။ ချင်းချောင်းနန်းတော်၏ တည်ဆောက်ဖွဲ့စည်းပုံကို လေ့လာနိုင်ရန် လမ်း ကြောင်းဆွဲပြီး ပြသထားသော Art Walk သည် ပွဲလာပရိသတ်များအတွက် ချင်းချောင်းနန်းတော်ကို နှံ့စပ်စွာ လေ့လာနိုင်စေရန်အကောင်းဆုံးသော အစီအစဉ်ဖြစ်ခဲ့ပါတယ်။ Art Walk ၏ အဆုံးတွင် Her Velvet Vase ၊ Praise ၊ Plain Supplies ၊ Parami Maw ၊ Stella Collections နှင့် Jungle clothing ကဲ့သို့သော စင်ကာပူ နှင့် မြန်မာဖက်ရှင်အမှတ်တံဆိပ်များကို ခင်းကျင်းရောင်းချသည့် Designers’ Market ကို ရောက်ရှိနိုင် ပါတယ်။

“ချင်းချောင်းနန်းတော်မှာ နှစ်ရက်တာရုံးပိတ်ရက်ကာလအတွင်း ဒီနှစ်ရဲ့ အခမ်းနားဆုံး Garden Party ကြီးအဖြစ် စင်ကာပူရဲ့ တက်ကြွမှုနဲ့ဖန်တီးနိုင်မှုစွမ်းအားတွေကို ခေါ်ဆောင်လာခဲ့ပါပြီ။ ရုံးပိတ်ရက်နှစ်ရက် အတွင်း ဖန်တီးပေးထားတဲ့ အတွေ့အကြုံအသစ်အမျိုးမျိုးကို ခံစားကြည့်တာကနေ လူငယ်တွေနဲ့ မိသားစုတွေ အပါအဝင် ပွဲလာပရိသတ်တွေ စင်ကာပူမှာဘာတွေလုပ်နိုင်တယ်ဆိုတဲ့ အရသာကိုခံစားမိနိုင်ပြီး စိတ်ဝင်တ စား လာရောက်လည်ပတ်ဖို့ စိတ်ကူးတွေပေါ်ပေါက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Singapore Tourism Board ၏ Director of Trade Engagement & New Markets ဖြစ်သူ Mr. Soo Siew Keong က ပြောကြားခဲ့ပါတယ်။

ထို့အပြင် “ဒီနှစ်မှာ ပွဲတော်မိတ်ဖက်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ လူမှုရေးအရတာဝန်ယူမှုရှိပြီး ရေရှည်တည် တံ့နိုင်ဖို့ရည်ရွယ်တဲ့ ပွဲဖြစ်အောင် ဖန်တီးထားတယ်။ Zero Plastic ဆိုတဲ့ မြန်မာကုမ္ပဏီနဲ့ပေါင်းပြီး ဆွေးမြည့် ပျက်စီးနိုင်တဲ့ ပန်းကန်ခွက်ယောက်တွေ ဇွန်းခရင်းတွေပံ့ပိုးပေးထားတယ်။ ဆေးလိပ်သောက်တာကိုလည်း ပွဲတော်အတွင်းမှာတားမြစ်ထားတယ်။ အနုပညာလက်ရာတွေနဲ့ ပရိဘောဂတွေကလည်း ပြန်လည်အသုံးပြုနိုင် တဲ့ ကုန်ကြမ်းတွေနဲ့ပဲလုပ်ထားတာပါ။ ချင်းချောင်းနန်းတော်ကို အလှဆင်တဲ့ကာလမှာဆိုရင်လည်း ရည်မှန်း ထားတဲ့ Garden Party အစိတ်အပိုင်းတွေနဲ့ အစပ်အဟပ်ရှိရမယ့်အပြင် နဂိုမူလအသွင်အပြင်ကိုလည်း ပေါ် လွင်နေအောင် လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်ရဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ တွေ ကို တန်ဖိုးထားတဲ့အကြောင်းကို ပြသလိုတဲ့အပြင် မြန်မာလူမျိုးတွေအနေနဲ့ ဒီလိုပွဲလမ်းသဘင်တွေမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း ပျော်ရွှင်ဆင်နွှဲနိုင်တယ်ဆိုတာကို ပြောပြချင်တာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့ပါတယ်။

ကျင်းပသော နှစ်ရက်တာပွဲတော်အပြင် ဤပွဲတွင် ပါဝင်သော စားဖိုမှူးများ၊ ဂီတပညာရှင်များနှင့် အနုပညာ ရှင်များက ရန်ကုန်မြို့အနှံ့ အခြားလှုပ်ရှားမှုများကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းတို့တွင် ဇန်နဝါရီ ၃၁ ရက် နေ့၌ Pan Pacific Yangon ၊ Shwe Sa Bwe ၊ The Pansodan နှင့် Rangoon Tea House တို့တွင် ကျင်းပခဲ့ သော နှစ်ဦးတွဲ ညစာတည်ခင်းမှုအစီအစဉ်များ၊ Myst bar တွင် Zouk DJ များနှင့် after party၊ စားသောက် ဆိုင်နှင့် အနုပညာရပ်ဝန်းတစ်ခုဖြစ်သည့် Pansuriya တွင်ကျင်းပသည့် ‘Drink and Draw’ လည်းပါဝင်ခဲ့ ပါတယ်။ ထိုလှုပ်ရှားမှုများသည်လည်း ရန်ကုန်သူရန်ကုန်သားများအား စင်ကာပူနှင့် မြန်မာ၏ အကောင်း ဆုံးအရသာများကို ခံစားနိုင်စေခဲ့ပါတယ်။

မြန်မာလူမျိုးများ စိတ်အားထက်သန်ရာကို ရှာဖွေနိုင်မည့် အစီအစဉ်များ ၂၀၂၀ တွင် ရှိနေ

ဤပွဲအပြီးတွင် Singapore Tourism Board သည် ၂၀၂၀ တစ်နှစ်လုံးအတွင်း မြန်မာခရီးသွားများကို စင်ကာ ပူသို့ ဖိတ်ခေါ်သည့် ခရီးသွားကမ်ပိန်းများနှင့် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ၎င်းတို့အနက်တစ်ခုမှာ ခရီးသွားများ၏လိုအပ်ချက်နှင့် ခရီးသွားရာတွင် ပြုမူလုပ်ဆောင်ပုံများကို သုံးသပ် ရာမှ စတင်ခဲ့သော ရိုးရှင်းသည့် insight မှ ပေါ်ထွက်လာသည့် ‘Passion Discovery Project’ ဖြစ်ပါတယ်။ ခရီးသွားသောအခါ စိတ်အားထက်သန်စွာဖြင့် လုပ်ကြည့်ချင်သော အရာများရှိကြပါတယ်။ အချို့ကဒေသထွ က်အစားအစာကို မြည်းစမ်းလိုကြပါတယ်။ အချို့က ပါတီများသွားရောက်ပျော်ပါးလိုကြပါတယ်။ သို့မဟုတ် အနုပညာလက်ရာများ လေ့လာလိုကြတာဖြစ်ပါတယ်။ အချို့ကမူရှော့ပင်းထွက်သကဲ့သို့နှံ့အောင် လည်ပတ်လို သူများလည်းရှိပါတယ် ။ ခရီးသွားများသည် အသစ်အဆန်းများ မစမ်းသပ်ကြည့်မိသရွေ့ မိမိ၏ စိတ်ဝင်စား မှုကို မသိနိုင်ကြပါ။

ထိုကြောင့် ခရီးသွားများကို စိတ်အားထက်သန်မှုများ တွေ့ရှိလာစေပြီး စင်ကာပူတွင် ထိုအတွေ့အကြုံသစ်များ ကို မည်သို့ရယူနိုင်သည်ကိုပြသရန်အတွက် STB က နေရာအမျိုးမျိုးတွင် ပုံစံအမျိုးမျိုးရှိသော အစီအစဉ်အသစ် များနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါတယ်။ ထိုအထဲတွင် လာမည့်နှစ်တွင် ရန်ကုန်မြို့၌ တည်ဆောက်ရန် အလားအလာရှိနေသော ‘Passion Discovery’ ဇုန်လည်းပါဝင်ပါတယ်။ Singapore Festival 2020 အပါအဝင် ပရောဂျက်များကဲ့သို့ပင် ‘Passion Discovery’ နေရာသည်လည်း ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းဖန်တီးမှုဖြစ်လာမည်ဖြစ်ပါတယ်။ ကလေးငယ်နှင့် မိသားစုများ၊ လူငယ်များ လာရောက်ပြီး အပန်းဖြေ၊ ကစားပျော်ပါးရင်း အသစ်အသစ်များကို ရှာဖွေဖန်တီးနိုင်သော နေရာဖြစ်နိုင်ရန် စီစဉ်လျက်ရှိပါတယ်။ အသေးစိတ်သတင်းအချက် အလက်များကိုလည်း ထပ်မံကြေညာပေးသွားပါမည်ဖြစ်ပါတယ်။

‘Passion Discovery’ ပရောဂျက်အပြင် Singapore Tourism Board သည် စင်ကာပူကို လာရောက်လည် ပတ်စေရန် အောင်မြင်စွာဆွဲဆောင်နိုင်သည့် ခရီးသွားကမ်ပိန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ၎င်းတို့မှာ ၂၀၂၀ အတွင်း ပိတ်ရက်ရှည်များတွင် စင်ကာပူသို့ အပန်းဖြေခရီးများ စီစဉ်ရာတွင် အဆင်ပြေစေမည့် ‘Singapore Weekends’ အစီအစဉ်နှင့် သီတင်းကျွတ်ကာလ ‘My Parents’ Passions’ အစီအစဉ်များဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တွင် Forever Group မှ MRTV-4 နှင့် ‘Where There Is Love’ ရုပ်သံဇာတ်လမ်းတွဲကို ပူးပေါင်းဖန်တီးခဲ့ပြီးဖြစ်ရာ STB သည် မီဒီယာပူးပေါင်းဆောင်ရွက်မှုများ ထပ်မံစတင် နိုင်ရန်လည်း ကြိုးစားလျက်ရှိပါတယ်။ ထိုသို့ပူးပေါင်းဆောင်ရွက်မှုများသည် စိတ်ဝင်စားစရာ စင်ကာပူနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို မြန်မာပရိသတ်များထံကို ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ထို့အပြင် စင်ကာပူသို့ ခရီးသွားရာတွင်လည်း ပိုမိုလွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်နေပါတယ်။ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနှင့် မြန်မာနိုင်ငံအတွက် ဗီဇာသတ်မှတ်ချက်များကို ပြုပြင်ပြောင်းလဲခဲ့ပြီးနောက် ယခုအခါ တွင် ခရီးသည်များသည် Singapore Immigration & Checkpoints Authority website (https://icaeservices.ica.gov.sg/sgarrivalcard) သို့မဟုတ် Visit Singapore app တွင် SG Arrival Card ကို ကြိုတင်တင်ပြပြီးဖြစ်ပါက စင်ကာပူနိုင်ငံချန်ဂီလေဆိပ်သို့ ရောက်ရှိသောအခါတွင် Disembarkation/Embarkation ကတ်တွင် ထပ်မံစာရင်းသွင်းရန်မလိုအပ်တော့ပါ။ ထို့အပြင် Visit Singapore app တွင် မြန်မာခရီးသွားများ၏ စိတ်ဝင်စားမှုနှင့် ရွေးချယ်ရှာဖွေမှုများအပေါ်မူတည်ကာ စင်ကာ ပူတွင် မည်သည့်နေရာကို လည်ပတ်ပြီး မည်သည့်နေရာတွင် အစားအသောက်များ မြည်းစမ်းသင့်သည် စသဖြင့် လမ်းညွှန်များကို ထည့်သွင်းပေးထားပါတယ်။

လူတိုင်းအတွက် ဆွဲဆောင်မှုများရှိနေသည့် စင်ကာပူ

Singapore Festival 2020 နှင့်တကွ ၂၀၂၀ ခုနှစ်အတွက် STB မှ စီစဉ်ထားသော ကမ်ပိန်းနှင့် လှုပ်ရှားမှု များအားဖြင့် စင်ကာပူသည် အပန်းဖြေခရီးသွားရောက်ရန် ရွေးချယ်သင့်သော နေရာတစ်ခုဖြစ်ကြောင်း ပွဲလာပရိသတ်များအား အသိပေးရန်ရည်ရွယ်ထားပါတယ်။စင်ကာပူသည် ကမ္ဘာ့အဆင့်ပွဲတော်များ၊ နာမည်ကျော်ဖျော်ဖြေမှုများနှင့် ဂီတစူပါစတားများကို မကြာခဏ လက်ခံကျင်းပပေးနေပြီး တစ်နှစ်ပတ်လုံး ပွဲတော်များဖြင့် အထူးစည်ကားသော နိုင်ငံဖြစ်ပါတယ်။ မကြာသေးခင်က Grand Prix Season Singapore တွင် Red Hot Chili Peppers ၊ Muse နှင့် Swedish House Mafia တို့က ပြိုင်ပွဲနှင့်အတူ ဖျော်ဖြေခဲ့ကြပါ တယ်။ ၂၀၁၉ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် U2 ၏ စင်ကာပူဖျော်ဖြေရေးပွဲကို လက်မှတ်များကုန်သည် အထိ အားပေးခဲ့ကြပြီး အနီးဝန်းကျင်နှင့် အခြားနိုင်ငံများမှ ခရီးသွားများလည်းလာရောက်အားပေးခဲ့ကြပါတယ် ။အစားအသောက်များစုံလင်သည့် နေရာဖြစ်သည့်အလျောက် အစားအသောက်နှစ်သက်သူများအနေဖြင့် စင်ကာပူတွင် လမ်းဘေးဆိုင်ငယ်ယဉ်ကျေးမှုမှ ဆင်းသက်လာသည့် စားသောက်ဆိုင်များနှင့် Michelin Star ရရှိသည့် စားတော်ဆက်များ တွင် အရသာရှိသော ဟင်းလျာများ၊ အမှတ်ရစရာ အစားအသောက်များ ကို နေ့စဉ်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

 

စင်ကာပူနိုင်ငံသည် National Gallery Singapore ၊ Singapore Art Museum ၊ နှင့် ArtScience Museum ကဲ့သို့သော ကမ္ဘာ့အဆင့်မီ ပြတိုက်များနှင့် ယဉ်ကျေးမှုစုံလင်သော အနုပညာရပ်ဝန်းတစ်ခုလည်း ပိုင်ဆိုင် ထားပါတယ်။ ထို့အပြင် စင်ကာပူတွင် ထိပ်တန်းဈေးဝယ်စင်တာများဖြစ်သည့် ION Orchard ၊ Shoppes at Marina Bay Sands ၊ စင်ကာပူမှ ပေါ်ထွက်လာသည့် အမှတ်တံဆိပ်များ စုစည်းရာ Design Orchard ၊ Little India ၊ Kampong Glam နှင့် Chinatown ကဲ့သို့သော ထူးခြားသည့် ဈေးဝယ်စရာနေရာ အများအပြား ရှိပါတယ်။ အစားအသောက်နှစ်သက်သူ၊ ပါတီအပျော်အပါးခံစားတတ်သူ၊ အနုပညာမြတ်နိုးသူ၊ ဈေးဝယ် ထွက်လိုသူများအတွက် စင်ကာပူက စွန့်စားလိုစိတ်၊ အသစ်များရှာဖွေလိုစိတ်များကိုအားပေးမှာဖြစ်ပါတယ်။ လူတိုင်းအတွက်လည်း ကျေနပ်အားရစရာတစ်ခုရှိပါလိမ့်မည်။

Singapore Tourism Board အကြောင်း

စင်ကာပူ ခရီးသွား ဘုတ်အဖွဲ့ (STB) သည် စင်ကာပူနိုင်ငံ၏ အဓိကဝန်ဆောင်မှုလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းအတွက် ဖွဲ့စည်းထားသော နိုင်ငံ့ထိပ်တန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီတစ်ခုဖြစ်ပါတယ်။ STB သည် စင်ကာပူနိုင်ငံအတွက် ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ပွင့်လန်းလာစေရန် လုပ်ငန်းနှင့်လူထု အတူ တကွပူးတွဲ ဆောင်ရွက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် Passion Made Possible အမှတ်တံဆိပ်နှင့်အတူ လူအများအား စိတ်အားထက်သန်မှုများကို နက်ရှိုင်းစွာ ဝေမျှနိုင်သည့် နေရာတစ်ခုအဖြစ် စင်ကာပူ၏ ဝိသေသကို ဖော်ပြလိုပါတယ်။အသေးစိတ်ပိုမိုသိရှိလိုပါက www.stb.gov.sg (သို့) www.visitsingapore.com (သို့) http://www.facebook.com/VisitSingaporeMM တို့တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

Passion Made Possible အကြောင်း

စင်ကာပူနိုင်ငံကို တစ်ညီတစ်ညွတ်တည်းညွှန်းဆိုနိုင်မည့် အမှတ်တံဆိပ် တစ်ခုပေါ်ပေါက်လာရန် စင်ကာပူခရီးသွားဘုတ်အဖွဲ့ (STB) နှင့် Singapore Economic Development Board (EDB) တို့ ပူးပေါင်းပြီး အရေအတွက်နှင့် အရည်အသွေးဆိုင်ရာ စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံ ၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး နိုင်ငံတွင်းနေထိုင်သူများ၊ လုပ်ငန်းနှင့် သက်ဆိုင်သူများ သာမက နိုင်ငံတကာ မှပရိသတ်များ စသဖြင့် စုစုပေါင်း ဖြေဆိုသူ ၄၅၀၀ နီးပါးမှ “Passion”နှင့် “Possibilities” တို့မှာ စင်ကာပူ၏ ပုံရိပ်ကို အကောင်းဆုံး ထင်ဟပ်စေသည့် ဝိသေသများဖြစ်ကြောင်း ဖြေဆိုခဲ့ကြပါတယ်။ “Possibilities” ဟူသည်မှာ စင်ကာပူနိုင်ငံ ကို ခရီးသွားနေရာတစ်ခုအဖြစ် အကောင်းဆုံး ယှဉ်တွဲနေသော ဖော်ညွှန်း ချက်ဖြစ်ပြီး “Passion” ဆိုသည်မှာ Possibilities အခွင့်လမ်းများ ဆီသို့ရောက်ရှိနိုင်သည့် ကြိုးပမ်းမှုပင် ဖြစ်ပါတယ်။

Passion Made Possible သည်စင်ကာပူနိုင်ငံအား အလည်အပတ်သွားရောက်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် နေရာတစ်ခုအဖြစ်ရွေးချယ်ရန်အတွက် ဆက်နွယ်မှုကို ဖော်ပြသောနိုင်ငံ၏ စိတ်ဓာတ်ကို ပုံဖော်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ပြည်သူများ၏ဘဝ အကြောင်းများမှ တဆင့်ပြောသော၊ နိုင်ငံ၏အနက်ရှိုင်းဆုံးအတွေးထဲတွင် စွဲထင်နေမည့် စင်ကာပူနိုင်ငံ၏ သမိုင်းတွင် ခိုင်မာစွာ ထူထောင်ထားသော “passion”နှင့် “possibilities” အကြောင်းအရာများနှင့်အတူ Passion Made Possible သည် စိတ်ထက်သန်မှု (Passion) ကို ပြည့်စုံအောင်ဖြည့်ဆည်းပြီး အခွင့်အလမ်း အသစ်များကို စဉ်ဆက်မပြတ်ဖန်တီးသည့် စင်ကာပူ၏လက်တွေ့ အောင်မြင်မှုနှင့် ဇွဲတို့၏ ပြယုဂ်ပင် ဖြစ်ပါတယ်။