တချို့သူတွေက သူတို့ ဘာဖြစ်ချင်လဲဆိုတာ ငယ်ငယ်လေးကတည်းကသိကြပါတယ်။ ဒါပေမယ့် တချို့ကတော့ သူတို့ကိုယ်သူတို့ ဘာဖြစ်ချင်တယ်ဆိုတာ မသိကြပါဘူး။ အဆိုတော်ဖြစ်ချင်သလိုလို၊ ပန်းချီဆရာဖြစ်ချင်သလိုလို ဟိုဟာ ၀ါသနာပါသလိုလို၊ ဒီဟာဝါသနာပါလိုလို ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ငယ်ငယ်လေးကတည်းက ဘာဖြစ်ချင်လဲဆိုတာ သိသူတွေတော့ သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းအတွက် ငယ်ငယ်လေးကတည်းက လိုအပ်တဲ့အရာတွေကို ဖြည့်စွက်ထားနိုင်ပါတယ်။

လက်ရှိအလုပ်လုပ်နေရင်းနဲ့ တခါတလေ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်သလဲဆိုတဲ့ လမ်းစပျောက်တာမျိုး ဖြစ်တတ်ကြပါတယ်။ တချို့ကလည်း သူတို့ကိုယ် သူတို့ ဘာဖြစ်ချင်လဲဆိုတာကို မရှာဖွေတော့ဘဲ ၀ါသနာမပါတဲ့အလုပ်တွေကိုလုပ်ရင်း အချိန်တွေ ကုန်ဆုံးလာတတ်ပါတယ်။

အောင်မြင်တဲ့ ဘ၀တစ်ခုရဖို့အတွက်တော့ သင့်ကိုယ်သင် ဘာဖြစ်တာလဲဆိုတဲ့ပန်းတိုင် တစ်ခုတော့ရှိရပါမယ်။ အလုပ်ထွက်ဖို့စဉ်းစားနေတယ်။ လမ်းကြောင်းသစ်တစ်ခုကို ကူးဖို့ စဉ်းစားနေသူတွေအတွက်ပဲဖြစ်ဖြစ် သင့်ကိုယ်သင် ဘာဖြစ်ချင်လဲဆိုတာမသိသေးတဲ့သူတွေ ဇဝေဇ၀ါဖြစ်နေတဲ့သူတွေပဲဖြစ်ဖြစ် အခုအောက်မှာ ဖော်ပြမယ့် နည်းလမ်းတွေနဲ့ အဖြေရှာကြည့်ရအောင်။

၁။ အခု သင်တွေးနေတဲ့အရာတွေကို ရပ်လိုက်ပါ။

ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်တာလဲလို့ တွေးတဲ့နေရာမှာ ဟိုဟာလည်း ဖြစ်ချင်သလို ဒီဟာလည်း ဖြစ်ချင်သလို စတဲ့ အတွေးပေါင်း သောင်းခြောက်ထောင်တွေးနေတာကို ရပ်ပစ်လိုက်ပါ။ ကိုယ့်ကိုကိုယ် တစ်ယောက်တည်းနေကြည့်ပါ။ ပြီးရင် အခုလက်ရှိ သင်လုပ်နေတဲ့ အလုပ်ရဲ့ ပန်းတိုင်ဘာလဲ။ သင်ဘာလို့ ဒါလုပ်နေတာလဲ။ သင့်အိပ်မက်ကဘာလဲဆိုတာ သေချာစဉ်းစားပါ။

၂။ သင်သဘောကျ နှစ်ခြိုက်တဲ့အရာတွေ အားလုံးကို ရင်ထဲမှာ သိမ်းထားပါ။

သင့်အတွက် တန်ဖိုးရှိတယ်။ သဘောကျတယ်ဆိုတဲ့ အရာတွေကို သိမ်းထားပါ။ တချိန်တည်းမှာ အရာအားလုံး တပြိုင်တည်း မဖြစ်နိုင်ပါဘူး။ အနာဂတ်မှာ ဘယ်လိုတွေ ပုံဖော်သွားမယ်ဆိုတဲ့အရာတွေကို သိမ်းစည်းထားလိုက်ပါ။

၃။ လူတစ်ယောက်ကို ဘယ်လိုခွင့်လွှတ်ရမလဲဆို သင်ယူပါ။

သင့်ဘ၀ရဲ့ အတိတ်က အဖြစ်အပျက်တွေကို မေ့ထားလိုက်ပါ။ သင့်ကို နာကျင်အောင်လုပ်လာတဲ့သူတွေကို ခွင့်လွှတ်လိုက်ပါ။

၎။ သင့်ကိုယ်သင်ယုံကြည်ပါ။

လုပ်ငန်းတစ်ခုမှာအောင်မြင်မှုရဖို့ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ သင့်ကိုယ်သင် တခြားသူတွေနဲ့ ဘယ်တော့မှ နှိုင်းမယှဉ်လိုက်ပါနဲ့။ မနေ့ကထက် ဒီနေ့ ပိုကောင်းအောင်လုပ်ပါ။

၅။သင့်ဘ၀ကို သင်သာပိုင်ပါတယ်။

သင့်ဘ၀ကို သင်ပိုင်တယ်။ သင်မှာ သင့်ကိုယ်ပိုင် စွမ်းရည်နဲ့ လုပ်ဆောင်နိုင်မှုအင်အားရှိပြီးသားပါ။ သင်တစ်ယောက်တည်းနဲ့လည်း သင်ဟာ လုပ်နိုင်ပါတယ်။ ဘယ်သူ့ရဲ့ အုပ်ချုပ်မှု အာဏာအောက်မှာမှ ကျရောက်မခံပါနဲ့။ သင့်ဘ၀အတွက် သင့်ရဲ့ လွတ်လပ်ပိုင်ခွင့်နဲ့ သာရှာဖွေပါ။

၆။ အမှားလုပ်မိမှာ မကြောက်ပါနဲ့

တခုခုမှားသွားမှာစိုးလို့ ဘာမှမလုပ်ရဲတာမျိုး မဟုတ်ဘဲ သင်လုပ်မိတဲ့ အမှားတွေကနေ သင်ခန်းစာယူလိုက်ပါ။ ကျရှုံးနေတဲ့ ဘ၀ကြီးမှာ သင့်ဘ၀ကို နှစ်မြုပ်မထားလိုက်ပါနဲပ။

၇။ တီထွင်ကြံဆပါ

နေ့တိုင်း တစ်နေ့ထက်တစ်နေ့ ဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတီထွင် ကြံဆမှု အမြဲရှိနေပါ။ လတ်ဆတ်တဲ့ စိတ်ကူးသတ်တွေကို ရှာဖွေပါ။

၈။ အခွင့်အလမ်းကောင်းတွေကို အမြဲနားစွင့်နေပါ။

သင့်ကိုယ်သင် ဘာဖြစ်ချင်သလဲဆိုတာ သိနိုင်မယ့် နည်းလမ်းလေးတွေ

သင့်ဘ၀အတွက် အခွင့်အလမ်းကောင်းတွေကို အမြဲနားစွင့်နေပါ။ သင်လက်ရှိလုပ်နေတဲ့အလုပ်ထက် ပိုကောင်းတဲ့ အခွင့်အလမ်း (လစာကို ဆိုလိုခြင်းမဟုတ်ပါ) တွေကိုရှာဖွေပါ။