Samsung Electronics Co., Ltd သည် ခေတ်မီဆန်းသစ်မှု အရှိဆုံး နည်းပညာများနှင့် လုပ်ဆောင်ချက်များအား ထည့်သွင်းတည်ဆောက်ထားသည့် ၎င်း၏ အရည်အသွေးမြင့် စမတ်ဖုန်း အမျိုးအစားသစ်များ ဖြစ်သော Samsung Galaxy S20, S20+, S20 Ultra နှင့် Galaxy Z Flip စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းများအား အထင်ကြီးစရာ ဒီဇိုင်းပိုင်းနှင့် သူမတူသော လုပ်ဆောင်နိုင်စွမ်းများဖြင့် တည်ဆောက်ထားပါတယ်။

Galaxy S20 စီးရီး စမတ်ဖုန်းများတွင် ပိုမိုကောင်းမွန်သော ရုပ်ထွက်အရည်အသွေးနှင့် လုပ်ဆောင်ချက်များအား ရရှိခံစားသွားနိုင်စေရန် ရည်ရွယ်၍ ပိုမိုကြီးမားသော ပုံရိပ် sensor အား အသုံးပြုထားသည့် မျိုးဆက်သစ် ကင်မရာကိုလည်း Samsung မှ ထည့်သွင်းပေးထားပါတယ်။

စွဲမက်ဖွယ်ဒီဇိုင်းဖြင့် ဖက်ရှင်ကျနလှပသော Galaxy Z Flip စမတ်ဖုန်းသည်လည်း အနာဂတ် စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံအား အသုံးပြုသူများထံ အေးအပ်သွားနိုင်မည်ဖြစ်ပြီး လက်တစ်ဖက်တည်းဖြင့် လွယ်ကူကျနစွာ ကိုင်တွယ် အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်း အမျိုးအစား ၂ မျိုးစလုံးသည် ခမ်းနားထည်ဝါသော အသွင်အပြင်ကို ပေးစွမ်းသွားနိုင်မည်ဖြစ်ပြီး အခြားသောစမတ်ဖုန်းများထက် ပိုမိုကောင်းမွန်သာလွန်သော အသုံးပြုမှု အတွေ့အကြုံများ၊ လုပ်ဆောင်ချက်များအား အသုံးပြုသူများထံ သယ်ဆောင်လာပေးနိုင်မှာဖြစ်ပါတယ်။

“နောက်ထပ်ဆယ်စုနှစ်အသစ်တစ်ခုကို ရောက်ရှိလာတဲ့ဒီနှစ်မှာ အခု ကျွန်တော်တို့ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်း အသစ်တွေအနေနဲ့ အခြားဘယ်နေရာမှာမှ ရှာလို့မရနိုင်တဲ့ ပရော်ဖက်ရှင်နယ် အဆင့် ကင်မရာတွေ၊ ဆန်းသစ် ခေတ်မီတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ အသုံးပြုသူတွေကို အနာဂတ်အသစ်ဆီ ခေါ်ဆောင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာ ဖြစ်ပျက်နေတဲ့ အခိုက်အတန့်တွေ အားလုံးကို မလွတ်တမ်း ရိုက်ကူးသိမ်းဆည်း လိုတဲ့ အသုံးပြုသူတွေအတွက် ဒီဖုန်းတွေကို ကျွန်တော်တို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီးကောင်းကောင်းမွန်မွန်၊ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်ပြီး ဒီ စမတ်ဖုန်းတွေမှာ ပါရှိတဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို ထည့်သွင်းတည်ဆောက်ထား ပါတယ်” ဟု Samsung Myanmar ၏ Head of Businesss Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ Samsung သုံးစွဲသူများအနေနှင့် Galaxy S20 Series စမတ်ဖုန်းများအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး Galaxy Z Flip စမတ်ဖုန်းများကိုမူ လာမည့် မတ်လအကုန်မှစတင်၍ ကြိုတင်မှာယူသွားနိုင်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူလိုသူများ အနေနှင့် ရန်ကုန်နှင့် မန္တလေးမြို့များ အပါအဝင် နိုင်ငံတဝန်း မြို့ကြီးများရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်ကြီးများနှင့် လက်လီအရောင်းဆိုင်ကြီးများတွင် စရန်ငွေ ၁၀၀,၀၀၀ ကျပ် ပေးသွင်း၍ မှာယူသွားနိုင်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူထားသူများသည် ၎င်းတို့၏ Galaxy S20 စမတ်ဖုန်းများအား ၂၀၂၀ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှ စတင်၍ ၂၀၂၀ခုနှစ်၊ မတ်လ ၂၂ရက်နေ့အထိ ၎င်းတို့ ကြိုတင်မှာယူထားသည့် အရောင်းဆိုင်ကြီးများတွင် သွားရောက် ထုတ်ယူသွားနိုင်မှာဖြစ်ပါတယ်။ Galaxy S20 Series စမတ်ဖုန်းများအား ကြိုတင်မှာယူသူများသည် အထူး အခွင့်အရေးအနေဖြင့် Galaxy Buds+ အပြင် သတ်မှတ်ထားသော Samsung လူသုံးအီလက်ထရောနစ် ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုနိုင်မည့် ၁၀၀,၀၀၀ ကျပ် တန်ဖိုးရှိ လက်ဆောင်ကူပွန်များ (ကူပွန်အသုံးပြုနိုင်မည့်ကာလ – ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်မှ မေလ ၃၁ ရက်နေ့အထိ) အား အထူးလက်ဆောင်များအဖြစ် ရယူသွားနိုင်မှာဖြစ်ပါတယ်။

Galaxy S20 နှင့် Galaxy Z Flip စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများအနေနှင့် အထူးခံစားခွင့်များ ပါဝင်သည့် Samsung Premium Care ဝန်ဆောင်မှုကိုလည်း ရရှိခံစားသွားနိုင်မှာပါ။

Galaxy S20, S20+ နှင့် S20 Ultra စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ စတင်၍ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ Galaxy S20 အား Gray နှင့် Pink အရောင် ၂ မျိုး၊ Galaxy S20+ အား Black, Gray နှင့် Light Blue အရောင် ၃ မျိုး၊ Galaxy S20 Ultra အား Black နှင့် Gray အရောင် ၂ မျိုးဖြင့် ဝယ်ယူသွားနိုင်မည်ဖြစ်ပြီး Galaxy Z Flip စမတ်ဖုန်းအား Black နှင့် Purple အရောင် ၂ မျိုးဖြင့် အသီးသီး ဝယ်ယူရရှိသွားနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် Galaxy S20 နှင့် Galaxy S20+ စမတ်ဖုန်းများအား RAM 8GB + 128 GB Internal Storage ဗားရှင်းဖြင့် ဝယ်ယူ ရရှိသွားနိုင်မည် ဖြစ်ပြီး Galaxy S20 Ultra စမတ်ဖုန်းအား RAM 12 GB + 128 GB Internal Storage ဗားရှင်းဖြင့် ဝယ်ယူ ရရှိသွားနိုင်မှာပါ။ Galaxy Z Flip စမတ်ဖုန်းအား RAM 8 GB + 256 GB Internal Storage ဗားရှင်းဖြင့် ဝယ်ယူရရှိသွားနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းများအနေနှင့် Galaxy S20 အား မြန်မာငွေကျပ် ၁,၄၄၉,၀၀၀ကျပ် ၊ Galaxy S20+ အား မြန်မာငွေ ကျပ် ၁,၅၄၉,၀၀၀ကျပ် ၊ Galaxy S20 Ultra အား မြန်မာငွေကျပ် ၁,၉၅၉,၀၀၀ကျပ် နှင့် 8GB RAM နှင့် internal storage 256GB ပါရှိသော Galaxy Z Flip အား မြန်မာငွေကျပ်၂,၂၀၀,၀၀၀ ကျပ်ခန့် ဖြင့် အသီးသီး ဝယ်ယူရရှိသွားနိုင်မှာပါ။

(Galaxy S20, S20+, S20 Ultra နှင့် Z Flip စမတ်ဖုန်းများ၏ အသေးစိတ် အချက်အလက်များအား သီးသန့်စာရွက်များတွင် လေ့လာဖတ်ရှုနိုင်ပါသည်)

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် http://www.samsung.com/mm/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။