မိုဘိုင်းဖုန်း အသုံးပြုသူများအားလုံးသည် မိမိတို့၏ ဆင်းကတ်များအား ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ မတိုင်မီ မဖြစ်မနေ မှတ်ပုံတင်သွားရမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှနေ၍ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သို့ဖြစ်၍ မှတ်ပုံမတင်ထားသော သို့မဟုတ် အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းကတ်များအားလုံးသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက် နောက်ပိုင်းတွင် မည်သည့် ဝန်ဆောင်မှုကိုမျှ ဆက်လက်၍ အသုံးပြုသွားနိုင်တော့မည် မဟုတ်ပေ။

အသုံးပြုသူများနှင့် အများပြည်သူ၏ လုံခြုံမှုအတွက် ယခုကဲ့သို့ ဆင်းကတ်များအား ပြန်လည်မှတ်ပုံတင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှမှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ သို့ဖြစ်၍ အူရီဒူး မြန်မာအနေနှင့် ၎င်း၏ ဝန်ဆောင်မှုကို အသုံးပြုသူများအား ဆင်းကတ်များကို မှတ်ပုံတင်ရန် သို့မဟုတ် အမည်ပေါက် ပြောင်းလဲမှတ်ပုံတင်ရန်အတွက် တိုက်တွန်းလိုက်ပြီး မှတ်ပုံတင်ရာတွင် အဆင်ပြေလွယ်ကူမှု အပြည့်အဝရှိစေမည့် နည်းလမ်းများကိုလည်း ဖန်တီးပြုလုပ်ပေးခဲ့ပါတယ်။ ထို့အပြင် ဆင်းကတ်များအား အောင်မြင်စွာမှတ်ပုံတင်ပြီးသော အသုံးပြုသူများကိုလည်း အခမဲ့ ဒေတာလက်ဆောင်များကိုပါ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

 

အူရီဒူးဆင်းကတ် အသုံးပြုသူများအတွက် ဆင်းကတ်မှတ်ပုံတင်ရာတွင်ဖြစ်စေ၊ အမည်ပေါက် ပြောင်းလဲရာတွင်ဖြစ်စေ အလွယ်ကူဆုံးနှင့် အမြန်ဆန်ဆုံး နည်းလမ်းမှာ My Ooredoo App မှတဆင့် ဖြစ်ပြီး မိမိကိုယ်တိုင်အတွက် သော်လည်းကောင်း၊ မိမိ၏ မိတ်ဆွေသူငယ်ချင်းများ နှင့် မိသားစုဝင်များအတွက် သော်လည်းကောင်း မှတ်ပုံတင်သွားနိုင်မှာဖြစ်ပါတယ်။ ထိုသို့ဆင်းကတ်မှတ်ပုံတင်ရာတွင် အသုံးပြုသူများအနေနှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသည့် သက်သေခံကတ်ပြားများ (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် နိုင်ငံခြားသားများအတွက် ပတ်စ်ပို့) ကိုသာ အသုံးပြု၍ မှတ်ပုံတင်နိုင်မည် ဖြစ်ပါတယ်။ My Ooredoo App မှတဆင့် ဆင်းကတ်မှတ်ပုံတင်မှု ပြီးစီးသည့် အခါတွင် မိမိကိုယ်တိုင်အတွက် မှတ်ပုံတင်သော အသုံးပြုသူများသည် အခမဲ့ ဒေတာလက်ဆောင်ပမာဏ ၅၀၀MB အား ရရှိသွားမည်ဖြစ်ပြီး အခြားသူအတွက် မှတ်ပုံတင်ရာတွင်မှု မှတ်ပုံတင်သည့် ဆင်းကတ်ပိုင်ရှင်သည် ၂၅၀MB နှင့် ကိုယ်စား မှတ်ပုံတင်ပေးသည့်သူသည် ၂၅၀MB အသီးသီး ရယူပိုင်ဆိုင်သွားနိုင်မည် ဖြစ်ပါတယ်။ အလားတူပင် အသုံးပြုသူများသည် နိုင်ငံတဝန်းရှိ အူရီဒူး အရောင်းဆိုင်များသို့ သွားရောက်၍လည်း ၎င်းတို့၏ ဆင်းကတ်များအား မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး ထိုသို့မှတ်ပုံတင်သူများသည် အခမဲ့ ဒေတာလက်ဆောင်ပမာဏ ၁၀၀MB အား ရရှိမည်ဖြစ်ပါတယ်။ အဆိုပါ အခမဲ့ ဒေတာလက်ဆောင်များအား ဆင်းကတ်မှတ်ပုံတင်မှု အောင်မြင်စွာပြီးစီးသည့် အချိန်မှစ၍ ၂၄ နာရီအတွင်း လက်ခံရရှိသွားမည် ဖြစ်ပါတယ်။

အူရီဒူးအသုံးပြုသူများသည် ၎င်းတို့၏ ဆင်းကတ်များအား မှတ်ပုံတင်ရန် My Ooredoo App အား *565# သို့ ဖုန်းခေါ်ဆို၍ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် အသုံးပြုသူများအနေနဲ့ ၎င်းတို့၏ ဆင်းကတ် မှတ်ပုံတင်မှု အောင်မြင်စွာ ပြီးစီးခြင်း ရှိမရှိကိုလည်း My Ooredoo App မှ တဆင့်ဖြစ်စေ၊ *666# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ အလွယ်တကူ စစ်ဆေးသွားနိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်၍ အခမဲ့ အင်တာနက် ဒေတာများ ရယူပိုင်ဆိုင်နိုင်ရန် အတွက် အသုံးပြုသူများအနေနှင့် ဆင်းကတ်များအား ယနေ့ပင် မှတ်ပုံတင်ကြရန် အူရီဒူးမြန်မာမှ တိုက်တွန်းလိုက်ပါတယ်။

“တာဝန်သိ ဆက်သွယ်ရေး အော်ပရေတာ တစ်ဦးဖြစ်တဲ့ အူရီဒူးမြန်မာအနေနဲ့ ဆင်းကတ်တွေကို မှတ်ပုံတင်ဖို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ ကြေညာချက်ကို ကြိုဆိုပါတယ်။ ဒီလိုမျိုး မှတ်ပုံတင်လိုက်တဲ့အတွက် ဆင်းကတ်တွေ အားလုံးဟာ တရားဝင်ဖြစ်လာမှာဖြစ်တဲ့အပြင် မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဆင်းကတ်တွေကို အသုံးပြုပြီး ဒုစရိုက်မှုတွေကျူးလွန်မှု အရေအတွက်ဟာလည်း ပိုမိုနည်းပါးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆင်းကတ်အသုံးပြုသူ အားလုံးအနေနဲ့ မိမိတို့ရဲ့ ဆင်းကတ်တွေကို မှတ်ပုံတင်ကြဖို့ တိုက်တွန်းလိုပြီး အူရီဒူးမြန်မာအနေနဲ့လည်း အဆင်ပြေလွယ်ကူမှုအရှိဆုံး ဆင်းကတ်မှတ်ပုံတင်မှု နည်းလမ်းတွေကို အသုံးပြုသူတွေအတွက် ဖန်တီးပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ဆင်းကတ်တွေကို အောင်မြင်စွာ မှတ်ပုံတင်ပြီးတဲ့သူတွေအတွက်လည်း အူရီဒူးမြန်မာကနေ အခမဲ့ဒေတာလက်ဆောင်တွေကို ပေးအပ်သွားဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အသုံးပြုသူတွေ အားလုံးအနေနဲ့ ဆင်းကတ်တွေကို တရားဝင် မှတ်ပုံတင်ပြီး ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကိုအတူ တည်ဆောက်ကြဖို့ အူရီဒူးမြန်မာကနေ တိုက်တွန်းလိုက်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Legal and Regulatory Officer ဖြစ်သူ Mr. Chris Peirce က ပြောကြားခဲ့ပါတယ်။

အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပါတယ်။ အူရီဒူးမြန်မာသည် “ပြည်သူများ၏ လူမှုဘဝကို ဒစ်ဂျစ်တယ် လူနေမှုဖြင့် တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါတယ်။ အူရီဒူးမြန်မာသည် လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများ အတွက် သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက်လည်း လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါတယ်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်း နှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှ တဆင့် ပြည်သူများ၏ ဘဝကို တောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါတယ်။