တရုတ်နိုင်ငံအခြေစိုက် Premium လျှပ်စစ်ကားထုတ်လုပ်သူ ZEEKR သည် မြန်မာနိုင်ငံဈေးကွက် အတွက် Premier Automotive Ltd (PAL) အား Exclusive Distributor အဖြစ်တရားဝင်ခန့်အပ်ပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့၌ အမှတ်(၃)၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်းမ၊ လှိုင်မြို့နယ်ရှိ ZEEKR Space Showroom တွင် အရောင်းပြခန်းဖွင့်လှစ်ခြင်းအခမ်းအနား နှင့်အတူ Brand New ZEEKR X နှင့် ZEEKR 001 မော်ဒယ်များအားစတင်မိတ်ဆက်ခဲ့ပါသည်။
Premier Automotive Limited (PAL) သည် Capital Diamond Star Group (CDSG) ၏ ဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ZEEKR Intelligent Technology (“ZEEKR”) နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့ ၌ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ PAL အနေဖြင့် မြန်မာနိုင်ငံဈေးကွက်တွင် ZEEKR အမှတ်တံဆိပ်၏ Exclusive Distributor ဖြစ်လာပြီးနောက် မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် Premium အရည်အသွေးရှိ ZEEKR လျှပ်စစ်ကားများကို တင်သွင်းဖြန့်ဖြူးရောင်းချကာ ကမ္ဘာ့အဆင့်ဝန်ဆောင်များ ပေးသွားမည်ဖြစ်သည်။
PAL သည် မြန်မာနိုင်ငံတွင် ZEEKR ၏ World-class ကားမော်ဒယ်သစ်များဖြစ်သည့် ကမ္ဘာ့အမြန်ဆုံးနှင့် Performance အကောင်းဆုံးကားအဖြစ်စံချိန်တင်ထားသည့် Shooting-brake အမျိုးအစား ZEEKR 001၊ ကမ္ဘာ့အမြန်ဆုံး Compact Luxury SUV အမျိုးအစား ZEEKR X တို့ကိုစတင်မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူများအတွက် အဆင်အပြေဆုံး ကား၀ယ်ယူမှုများနှင့် ထိပ်တန်းအဆင့် After-sales ၀န်ဆောင်မှုများဖြင့် ဝန်ဆောင်မှုများပေးသွားမည်ဖြစ်သည်။
PAL ၏ CEO ဖြစ်သူ ဦးအောင်မျိုးမြတ်က “Geely Holding Group ရဲ့ ခိုင်မာတဲ့ကျောထောက် နောက်ခံနဲ့အတူ EV စျေးကွက်မှာ နာမည်ကျော်ကြားတဲ့ ZEEKR Brand ကိုတင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရရှိတဲ့အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်။ ZEEKR ရဲ့ တရားဝင်ဖြန့်ဖြူးသူအနေနဲ့ မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် EV များကို တင်သွင်းပြီး Premium စျေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ပါတယ်” ဟုပြောကြားခဲ့သည်။
ZEEKR သည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် အခြေစိုက်ပြီး ကမ္ဘာ့ကားဈေးကွက်တွင် နာမည်ကျော်ကြားသော Geely Holding Group ၏ Premium EV Brand အဖြစ် ရပ်တည်လျက်ရှိ သည်။ တီထွင်ဆန်းသစ်ပြီး ရေရှည်တည်တံ့သော ရွေ့လျားသွားလာမှုဆိုင်ရာ ဖြေရှင်းချက်များအတွက် Geely Holding Group သည် Geely Auto၊ Lynk & Co၊ ZEEKR၊ Volvo Cars၊ Polestar၊ Lotus၊ London Electric Vehicle Company၊ Maple Auto၊ Farizon Auto၊ RADAR AUTO နှင့် CaoCao အပါအဝင် အမျိုးမျိုးသော နာမည်ကျော်ကားအမှတ်တံဆိပ်များကို စီမံကွပ်ကဲလျက်ရှိပါသည်။
ZEEKR ၏ လျှပ်စစ်ကားများသည် ၎င်း၏နောက်ဆုံးပေါ်ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်သည့် Sustainable Experience Architecture (SEA) Platform တွင်အခြေခံတည်ဆောက်ထားပြီး အနာဂတ်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ ဆန်းသစ်တီထွင်မှုများတွင်ထိပ်တန်းမှ ဦးဆောင်လျက်ရှိပါသည်။
SEA Platform
ZEEKR Premium လျှပ်စစ်ကားများကို Sustainable Experience Architecture (SEA) Modula System Platform အောက်တွင်တည်ဆောက်ထားပါသည်။ Geely Holding Group သည် SEA Platform ၏ R&D အတွက် 5 နှစ်တာကာလအတွင်း ယွမ် 20 ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည့် နောက်ဆုံးပေါ် လျှပ်စစ်ဗိသုကာလက်ရာတစ်ခုဖြစ်ပါသည်။
SEA Platform သည် ကမ္ဘာပေါ်တွင် အကြီးဆုံး Bandwidth တစ်ခုဖြစ်ပြီး A Segment မှ E Segment Level အထိ အဆိုပါ Platform မှာထုတ်လုပ်ပေးနိုင်ပါသည်။
SEA Modular System Platform ဖြင့်ထုတ်လုပ်ထားသည့် ZEEKR လျှပ်စစ်ကားများသည် စွမ်းဆောင်ရည်နှင့်လုံခြုံရေးအပိုင်းတွင် သိသိသာသာပိုအားကောင်းပြီး Software Development Cycle ကို ၅၀% အထိ အချိန်အတိုဆုံးနှင့်အထိရောက်ဆုံးထောက်ပံ့ပေးနိုင်ပါသည်။
ZEEKR X
Exterior
ZEEKR X တွင် ခေတ်မီသည့် Aerodynamic ကိုယ်ထည်ပါရှိပြီး သာမန်နှင့်ကွဲထွက်နေသော Grille နှင့် အထက်ကနေအောက်အထိချောမွေ့စွာ နိမ့်ဆင်းသွားသည့် ကိုယ်ထည်မှ ဖောင်းလိုင်းမျဥ်းများက ZEEKR X ၏ ဒီဇိုင်းကို တက်ကြွပြီး Sport ဆန်စေပါသည်။
အရှေ့ဘက်တွင် ပြတ်သားပြီး ပါးလွှာသော LED ရှေ့မီးကြီးများနှင့်အတူ Closed-off Grille က ZEEKR X ကို အနာဂတ်ကားတစ်စီးကဲ့သို့ ခေတ်ဆန်စေပြီး နည်းပညာမြင့်တဲ့အသွင်ကိုပေးစွမ်းပါသည်။ လမ်းပေါ်ထက်တွင် ZEEKR X မှန်း ထူးခြားသွားစေသည့်အချက်တစ်ခုမှာ နှစ်ဖက်ပြိုင်လျက်ရှိသည့် Urban prism Day time running light များပဲဖြစ်ပြီး နေ့ခင်းဘက်တွင်မှာပါ ထူးခြားစွာကွဲထွက်နေမည်ဖြစ်သည်။
ဘေးဖက်တွင် Hidden Door Handle များနှင့် ဘောင်မဲ့ကားတံခါးပေါက်များက ခေတ်မီသည့်အသွင်ကို ထပ်လောင်းအားဖြည့်ပေးထားပါသည်။ ကားတံခါးများမှာ ဘောင်ပျောက်ဖြစ်သည့်အပြင် ရေလုံစေသည့် Seal ကြိုးတွေကိုပါဖျောက်ထားပြီး ရေများကို မှန်များမှတဆင့် ကိုယ်ထည်တလျှောက်ချောမွေ့စွာ စီးဆင်းအောင်ဖန်တီးထားပါသည်။ ထို့အပြင် Side mirror တွေကိုလည်း လေတိုးဒဏ်ကို လျော့နည်းအောင် ဘောင်ပျောက်ပြုလုပ်ပေးထားခြင်းများက ခေတ်သစ် EV တစ်စီး၏ စံနှုန်းအသစ်များဖြစ်ပါသည်။ ကားဘီးများတွင် ၂၀ လက်မအလွိုင်းနှင့် Continental တာယာကိုသုံးများကိုထားပြီး ပြိုင်ကားဆန်သည့် အနေအထားကိုပြသနေပါသည်။ ကားအနောက်ဘက်တွင် ခေတ်မီသည့် Through Type LED မီးတန်းနှင့် အလယ်တွင် ZEEKR စာတန်းကို 3D ပုံစံဖန်တီးပေးထားပြီး ခေတ်ရှေ့ပြေးပုံစံဖန်တီးပေးထားသည်။ အရှေ့ဘက်ရှိ DTRL မီးများနှင့် နောက်မီးတန်းများသည် Music Rhythm အတိုင်း မီးကိုကစားပေးနိုင်ပါသည်။ ကိုယ်ထည်အရောင်များအနေဖြင့် Crystal White, Mist Grey, Palace Beige, Pine Green အရောင် ၄ မျိုးရရှိနိုင်ပါသည်။
Interior
𝐙𝐄𝐄𝐊𝐑 𝐗 ၏ အတွင်းခန်းတွင် B-pillar Coat ချိတ်၊ Column Mounted Gear shifter၊ Microfiber ကတ္တီပါမျက်နှာကျက်နှင့် ဒက်ဘုတ်တွင် ရေခဲတုံးပုံသဏ္ဍာန် Ambient lights များက ဒီဇိုင်နာများ၏ အသေးစိတ်စေ့စေ့စပ်စပ် အာရုံစိုက်မှုကို ထုတ်ဖော်ပြသနေပါတယ်။
Premium Materials များနှင့် ဂရုတစိုက်ဖန်တီးထားသည့် 𝐙𝐄𝐄𝐊𝐑 𝐗 ၏ အတွင်းခန်းဒီဇိုင်းပိုင်းက လက်ရာမြောက်လှပြီး Ergonomics ဒီဇိုင်းဖြစ်တာနှင့်အညီ Lumbar Adjustment နှင့် Massage Seats များကြောင့် Comfort Zone တစ်ခုကဲ့သို့ ခံစားရမည်ဖြစ်သည်။
အလယ်ရှိ 14.6” Central touch screen မှ ကားတစ်စီးလုံးကိုထိန်းချုပ်နိုင်ပြီး အဆိုပါ Infotainment Screen က 4D ရုပ်ထွက်ထုတ်လွင့်ပေးနိုင်ခြင်းကြောင့် Private Cinema အနေနှင့်လည်း ခံစားကြည့်ရှုနိုင်ပါသည်။ Audio အပိုင်းတွင်လည်း စပီကာ ၁၂ လုံး၊ Sub-Woofer တစ်လုံးပါဝင်သည့် Yamaha premium ပတ်ပတ်လည် အသံစနစ်ကြောင့် စီးနင်းသူတွေကို စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမည်ဖြစ်သည်။
Performance
Zeekr X ၏ Performance အပိုင်းတွင် Battery Capacity အားဖြင့် 66kwh Ternary Lithium Battery ကိုအသုံးပြုထားပြီး Range အားဖြင့် 400km (WLTC) / 512km (CLTC) မောင်းနှင်နိုင်ပါသည်။ Dual Motor ဖြစ်ပြီး Maximum Power အနေဖြင့် 315Kw၊ အမြင့်ဆုံးရုန်းအားအနေဖြင့် 543N-m ရှိပြီး 0 to 100kmh ကို 3.8 စက္ကန့်အတွင်းမောင်းနှင်နိုင်တာကြောင့် ကမ္ဘာအမြန်ဆုံး Compact Luxury SUV EV အဖြစ်စံချိန်တင်ထားသည့် EV ကားတစ်စီးဖြစ်ပါတယ်။ ထို့ပြင့် Braking Distance တွင်လည်း 0-100km/h အရှိန်ကို 34.5 m အတွင်း အကွာအဝေးအတိုဆုံးတိတိကျကျဖမ်းပေးနိုင်ပါသည်။
𝐙𝐞𝐞𝐤𝐫 𝐗 တွင် ဥရောပ Standard CCS2 Charging စနစ်ကိုအသုံးပြုထားပြီး AC Charging က 𝟐𝟐𝐤𝐖 ထိ Support လုပ်နိုင်ပြီး အိမ်တွင် AC နှင့် အားသွင်းမည်ဆိုရလျှင် 0% – 100% ကို 3 နာရီခန့် အချိန်ပေးရုံနှင့် အားအပြည့်သွင်းနိုင်မည် ဖြစ်ပါသည်။
𝐖𝐨𝐫𝐥𝐝 𝐅𝐚𝐬𝐭𝐞𝐬𝐭 𝐀𝐂 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 ဖြစ်တာကြောင့် တစ်ကြိမ်အားသွင်းရုံနဲ့ 512 km အထိမောင်းနှင်နိုင်မှာဖြစ်ပြီး အချိန်အနည်းနည်းနှင့် အကွာဝေးများများ မောင်းနှင်နိုင်မည် ဖြစ်ပါသည်။
Safety
Zeekr တွင် Advanced Driver Assist System ကိုအသုံးပြုထားပြီး 5 HD Camera, 5 Millimeter-wave radar , 12 ultrasonic radar တို့ပါဝင်ပြီး LCC ( Lane Center Control ), ALC ( Automotive Lane Change ), BSD ( Bling Spot Detection ), AVM ( Around View Mirror ) တို့ပါဝင်ခြင်းကြောင့် Safety အတွက်စိတ်ချရသည့် ကားတစ်စီးဖြစ်ပါသည်။ Airbag ၇ လုံးပါဝင်ပြီး အရှေ့ passenger side မှာ ထိုင်တဲ့ သူ ဦးခေါင်းပိုင်းအတွက် 360’ ပတ်လည်ကာကွယ်ပေးနိုင်တဲ့ airbag ပါဝင်ပါတယ်။ Safety အပိုင်းမှာ ZEEKR X သည် စီးနင်းသူများအတွက် ရွတ်သမျှအကုန်ပါသည့် ကားတစ်စီးဖြစ်ပါတယ်။
ZEEKR 001
Exterior
𝐙𝐄𝐄𝐊𝐑 𝟎𝟎𝟏 သည် Shooting Brake ကားအမျိုးအစားဖြစ်ပါသည်။ Shooting Brake အမျိုးအစားကားများသည် ဥရောပ ဈေးကွက်တွင်ခေတ်အဆက်ဆက် High End ဖြစ်ပြီး နာမည်ကြီးသော Segment တစ်ခုပဲဖြစ်ပါတယ်။
Shooting Brake ကားအမျိုးအစားဖြစ်သည့် ZEEKR 001 သည် Coupe တစ်စီး၏အလှတရား၊ SUV တစ်စီး၏စွမ်းဆောင်ရည်၊ Station Wagon တစ်စီး၏ကျယ်ဝန်းမှု၊ Sport ကားတစ်စီး၏ရဲ့ Handling စသည့်အရာများအားလုံးကို တစ်စီးတည်းတွင်ပေါင်းစပ်ထားသည့် ကားတစ်စီးဖြစ်ပါသည်။
ချောမွေ့ ပြောင်လက်နေသော 𝐙𝐄𝐄𝐊𝐑 𝟎𝟎𝟏 ၏ ရှေ့မျက်နှာစာသည် Premium ဆန်ပြီး စွမ်းဆောင်ရည်ကောင်းမွန်ခြင်းတွေရဲ့ ပြယုဒ်တစ်ခုဖြစ်ပါသည်။ Intelligent Matrix LED ရှေ့မီးကြီးတွေမှာ Adaptive Driving Beam (ADB) စနစ်ပါဝင်ပြီး ညဘက်ခရီးစဉ်တွေမှာ စတီယာရင်လမ်းကြောင်းအလိုက် မီးချိန်ညှိပေးနိုင်ပါသည်။ Hunting Blade LED daytime running lights တွေမှလည်း နေ့ခင်းဘက်မှာတောင် ZEEKR 001 ကို ကွဲထွက်နေစေမည့် အမှတ်အသားဖြစ်ပါသည်။
𝐙𝐄𝐄𝐊𝐑 𝟎𝟎𝟏 ၏တံခါးများမှာ ဘောင်မဲ့ Soft-close doors တွေဖြစ်သောကြောင့် ထိလိုက်တာနှင့် အလိုအလျောက် ပိတ်ပေးမှာဖြစ်ပါတယ်။ ကားနောက်ပိုင်းတွင် ကျယ်ဝန်းရှည်လျားတဲ့ Integrated Tail lights များက ခေတ်ဆန် စတိုင်ကျခြင်းကိုဖော်ညွှန်းနေပါစည်။ ကားဘီးများတွင် ၂၂ လက်မ Multi Spoke Sport အလွိုင်းများကို အသုံးပြုထားသည်။ 𝐙𝐄𝐄𝐊𝐑 𝟎𝟎𝟏 ၏ Trunk Space သည် 539 L ဝင်ဆံ့ပြီး နောက်ထိုင်ခုံတွေကို ခေါက်ထားလိုက်လျှင် 2,144 L အထိ ဝင်ဆံ့မည်ဖြစ်ပါသည်။ ကိုယ်ထည် အရောင်များအနေဖြင့် Phantom Black, Tech Gray, Crystal White, Electric Blue ဆိုပြီးအရောင် ၄ မျိုးရရှိနိုင်ပါသည်။
Interior
𝐙𝐄𝐄𝐊𝐑 𝟎𝟎𝟏 အတွင်းခန်းထဲသို့ ပထမဆုံးခြေချလိုက်သည်နှင့် ဇိမ်ကျခြင်း၊ Sporty ဆန်ခြင်းနဲ့ ဆန်းသစ်တီထွင်ခြင်းများ၏ နိမိတ် လက္ခဏာတွေကို တပြိုင်နက်တည်း ခံစားရမည်ဖြစ်သည်။
စတီယာရင်နှင့် Dashboard တွင် ပထမတန်းစား Alcantara Leather များကိုအသုံးပြုထားပါသည်။ အတွင်းခန်း အရောင်အနေဖြင့် ၂ မျိုးရွေးချယ်ရရှိနိုင်ပါသည်။ Midnight blue & Polar White၊ 𝐂𝐡𝐚𝐫𝐜𝐨𝐚𝐥 𝐁𝐥𝐚𝐜𝐤 & Rose Gold ၂ ရောင်စပ် Color ၂ မျိုးကိုရွေးချယ်ရရှိနိုင်ပါတယ်။ ထိုင်ခုံများမှာ Sporty ဒီဇိုင်း ဖန်တီးထားပြီး Massage, အပူအအေး Function များပါဝင်ပါသည်။ ထို့ပြင် ထိုင်ခုံ Position များကိုလည်း Memory နဲ့မှတ်သားထားပေးပါတယ်။
ကား၏ Infotainment System တွင် Intelligent 4 Screen System ကိုထည့်သွင်းထားသည်။ 15.4 လက်မ Central Control Touch Display, 14.7’’ Virtual Image Aircraft Cabin Head-Up Display (HUD)၊ 8.8’’ High-Definition Captain’s Instrument နဲ့ Rear control screen တို့ပါဝင်ပြီး ကားတစ်စီးလုံးအချက်တွေကို ဖော်ပြပေးမည်ဖြစ်သည်။ ZEEKR 001 တွင် 8 Generation (8115 Intelligent cockpit computing platform) 8-core CPU ကို သုံးထားပေးပြီး Intelligner Driving Assist နှင့် Luxury Cockpit အတွေ့အကြုံတွေကို ခံစားရစေမည်ဖြစ်သည်။ သက်သောင့်သက်သာစီးနင်းနိုင်ရန်အတွက် 3 Zone Climate Control နှင့် Luxury ဆန်သောခံစားမှုကို ရရှိစေရန် RGB Ambient light များကိုထည့်သွင်းထားပြီး ခေတ်ဆန်လှပနေစေပါသည်။ Audio အပိုင်းတွင်လည်း စပီကာ ၁၂ လုံး၊ Sub-Woofer တစ်လုံးပါဝင်သည့် Yamaha Premium ပတ်ပတ်လည် အသံစနစ်က စီးနင်းသူတွေကို စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမည်ဖြစ်သည်။
Performance
Formula One Championship ချန်ပီယံဟောင်းတစ်ယောက်ဖြစ်သူ 𝐊𝐢𝐦𝐢 𝐑ä𝐢𝐤𝐤ö𝐧𝐞𝐧 သူ၏ပြိင်ပွဲအတွေ့အကြုံများကိုခြေခံကာ နည်းပညာအသစ်များနှင့်ပေါင်းစပ်ပြီး ZEEKR 001 ကို စွမ်းဆောင်ရည် အကောင်းဆုံး လျှပ်စစ်ကားဖြစ်အောင် အသက်သွင်းထားပါသည်။ Zeekr 001 ၏ Performance အပိုင်းတွင် Battery Capacity အားဖြင့် 100kwh Ternary Lithium Battery ကိုအသုံးပြုထားပြီး Range အားဖြင့် 580km (WLTC) / 656km (CLTC) မောင်းနှင်နိုင်ပါတယ်။ Dual Motor ဖြစ်ပြီး Maximum Power အနေဖြင့် 400Kw၊ အမြင့်ဆုံးရုန်းအားအနေနဲ့ 686N-m ရှိပြီ. 0 to 100kmh ကို 3.8 စက္ကန့်အတွင်း မောင်းနှင်နိုင်ခြင်းကြောင့် ကမ္ဘာ့အမြန်ဆုံး Shooting Brake Sedan EV အဖြစ်စံချိန်ထားသည့် EV ကားတစ်စီးဖြစ်ပါသည်။
𝐙𝐄𝐄𝐊𝐑 𝟎𝟎𝟏 သည် ကမ္ဘာ့ဂင်းနစ်စံချိန် ၅ ခု ရရှိထားတဲ့ ကားတစ်စီးဖြစ်ပါသည်။ ၎င်းချိုးထားသည့် ဂင်းတစ်စံချိန်များမှာ
၁) လျှပ်စစ်ကားတွေထဲမှာ အမြန်ဆုံး Drift မောင်းနှင်နိုင်မှု
၂) လျှပ်စစ်ကားတွေထဲမှာ အမြန်ဆုံး အကွေ့အကောက်မောင်းနှင်နိုင်မှု
၃) လျှပ်စစ်ကားတွေထဲမှာ မည်သည့်ရေခဲမျက်နှာပြင်မှာမဆို အကွေ့အကောက်မြန်ဆုံးမောင်းနှင်နိုင်မှု
၄) လျှပ်စစ်ကားတွေထဲမှာ တစ်မိနစ်အတွင်း Circle Drift များဆုံးမောင်းနှင်နိုင်မှု
၅) လျှပ်စစ်ကားတွေထဲမှာ တစ်ကြိမ်အားသွင်းပြီး အရှည်လျားဆုံးခရီးမောင်းနှင်နိုင်မှု တို့ဖြစ်ပါသည်။
Safety
ZEEKR 001 တွင် Air-suspension တွေကိုသုံးထားပြီး လမ်းအနေအထားအလိုက် အနိမ့်အမြင့်ချိန်ညှိမောင်းနှင်နိုင်ပါသည်။ Zeekr 001 တွင် Advanced Driver Assist System ကိုအသုံးပြုထားပြီး 12 ultrasonic radar, LCC ( Lane Center Control ), ALC ( Automotive Lane Change ), BSD ( Bling Spot Detection ), AVM ( Around View Mirror ) တို့ပါဝင်သောကြောင့် Safety အတွက်အလွန်စိတ်ချရသည့် ကားတစ်စီးဖြစ်ပါသည်။ မောင်းနှင်မှုတိုင်းတွင် ဘေးကင်းလုံခြုံနေစေရန် Resolution မြင့်မားသော 8MP camera 7 လုံးကို ကားပတ်ပတ်လည်တွင်တပ်ဆင်ပေးထားသည်။ ထို့ပြင် Parking camera 4 လုံး နှင့် 360 ဒီဂရီ Surround-Vision တို့ကို ပိုမိုကောင်းမွန်စေဖို့ Advance Software နဲ့ ချိတ်ဆက်ပေးထားပါသည်။ Airbag 7 လုံးပါဝင်ပြီး 360° Camera – Digital Video Record (DVR) တို့ အပြင် ကလေးများအတွက် Child Presence Detection (Inner Camera) ပါရှိတဲ့ အပြင် Electric Child Lock, ISOFIX Positions ကိုပါထည့်သွင်းပေးထားသောကြောင့် Safety အတွက် ဘက်ပေါင်းစုံမှ စိတ်ချရသည့် ကားတစ်စီးဖြစ်ပါသည်။