အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ကျောင်းအတွက်ပဲဖြစ်ဖြစ် ကိုယ့်လိုအပ်ချက်တစ်ခုခုကြောင့်၊ ဝမ်းစာရှာဖွေဖို့ Laptop ကို သုံးပြီး အလုပ်လုပ်နေကြတဲ့သူတွေရှိကြသလား…။

ဒီလိုမျိုး Laptop နဲ့ အလုပ်လုပ်နေရပြီဆိုရင် ခုစာဖတ်နေတဲ့သူတွေတော့မသိပေမယ့် စာရေးသူဆိုရင် မတော်တဆတစ်ခုခုကြောင့် Laptop က ရုတ်တရက် တစ်ခုခုဖြစ်သွားမှာ၊ ကော်ဖီသောက်နေတုန်း ကော်ဖီခွက်မှောက်သွားတာမျိုး၊ ဒါမှမဟုတ် Laptop ကို ထည့်ထားတဲ့အိတ်က ပြုတ်ကျသွားတာမျိုးဖြစ်ပြီး ပျက်စီးသွားမှာကို စိုးရိမ်ရတာ အမြဲပါပဲ။

ဘာလို့ ဒီလိုစိုးရိမ်နေရလဲဆိုရင် Laptop ထဲမှာ အလုပ်လုပ်နေရတဲ့ Data တွေ ပျက်စီးသွားမှာက အဓိကလို့ပြောလို့ရတယ်။ ဒါပေမယ့် ဒါက အခုနောက်ပိုင်း Cloud Storage တွေ အသုံးများလာတော့ အရမ်းကြီး စိုးရိမ်ရတာ နည်းနည်းလျော့သွားတယ်။ နောက်ထပ် စိုးရိမ်ရတဲ့အချက်က ရေဝင်လို့၊ ကော်ဖီမှောက်လို့ Laptop အထဲက ပစ္စည်းတွေကြီးကြီးမားမား ပျက်စီးတာမျိုး၊ ပြုတ်ကျသွားရင်လည်း Display လိုမျိုး ကွဲသွားရင် ပြန်ပြင်ဆင်ရတဲ့စရိတ်က အရမ်းများတာကြောင့်ပါ။ အထူးသဖြင့် အခုလို ငွေစျေးတွေ တက်လာတဲ့အချိန်မှာ ပြင်ဆင်စရိတ်က ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတာမျိုးတောင် ဖြစ်လာနိုင်တယ်။

ဒါကို အခု ASUS Myanmar ဘက်ကနေ ဒီလိုမျိုး Laptop သုံးရတဲ့ စိုးရိမ်စိတ်တွေကို အကောင်းဆုံး ပြန်ပြီး ကာကွယ်ပေးတော့မယ်လို့ သတင်းရထားတယ်။ ဒါက ASUS Myanmar ဘက်က ခေါ်သလိုဆိုရင် အခုနောက်ပိုင်း ASUS Laptop တွေမှာ Perfect Warranty ဆိုပြီး Warranty Service အသစ်ကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်။

အခု ASUS ရဲ့ Perfect Warranty အကြောင်းကို နောက်ပိုင်းမှပဲ အသေးစိတ်ထပ်ရှင်းပြသွားမယ် – အခုသိထားသလောက် အကျဥ်းချုံးပြောရမယ်ဆိုရင် –

ASUS Perfect Warranty ပါတဲ့ Laptop တွေက Factory Fault တွေတင်မဟုတ်ဘဲ အသုံးပြုသူတွေကြောင့် ဖြစ်တဲ့ ပျက်စီးမှုတွေ – အခုနပြောသလို ပြုတ်ကျတာတွေ၊ ရေဖိတ်တာမျိုး၊ ကော်ဖီမှောက်တာမျိုးကိုပါ အာမခံပေးနိုင်တော့မယ်။ ဒါက ဝယ်ပြီး ၁ နှစ်အတွင်း အကျုံးဝင်မယ်လို့ သိရတယ်။

ဒီ Perfect Warranty ကို ရဖို့ဆိုရင် ဘာမှအပိုဆောင်းပေးစရာမလိုအပ်ဘူး။ ASUS Laptop ကို ဝယ်ပြီး (၇) ရက်အတွင်း ASUS Official Website ဒါမှမဟုတ် MyASUS App ကနေ Laptop ကို Register လုပ်ဖို့ပဲ လိုမယ်။ ဒါမှ မတော်တဆတစ်ခုခုဖြစ်လို့ Service သွားပြမယ်ဆိုရင် ဒီ Register လုပ်ထားပြီး ကိုယ်ဝယ်ခဲ့တုန်းက အထောက်အထားတွေ – Invoice တို့၊ Receipt တို့ ပြနိုင်ဖို့လည်း လိုအပ်မယ်။

ASUS ဘက်က အခု Perfect Warranty နဲ့ ပြန်လည်ပြင်ဆင်ပေးမှာက ပထမဆုံး (၁) နှစ်အတွင်းမှာ တစ်ကြိမ် ပြန်လည်ပြင်ဆင်ပေးသွားမယ်လို့ သိရတယ်။ ဒီ Perfect Warranty ရှိတာနဲ့ ပစ္စည်းတစ်ခုခုလဲလှယ်ရမယ်ဆိုရင်တောင် ကုန်ကျစရိတ်ကို ပုံမှန်ထက် ၈၀ ရာခိုင်နှုန်း သက်သာပြီး ပစ္စည်းဖိုးရဲ့ ၂၀ ရာခိုင်နှုန်းပဲ ပေးပြီး ပြင်လို့ရပါပြီ။

အခု ASUS Perfect Warranty ဆိုတာက ASUS ဘက်ကနေ မြန်မာနိုင်ငံအတွက် အခုမှသီးသန့်လုပ်ထားတာဖြစ်ပြီး တခြားနိုင်ငံနဲ့ ဒေသတွေမှာတော့ ကွာခြားနိုင်တယ်။ ဒီ Perfect Warranty ရဲ့ တန်ကြေးက ပုံမှန်ဆိုရင် $99 တောင် ကျသင့်မှာဆိုပဲ။

ဘာပဲဖြစ်ဖြစ် အခုလို ASUS ဘက်ကနေ ဒီ Perfect Warranty ဆိုတာကို မြန်မာနိုင်ငံမှာ တရားဝင်ရောင်းချတော့မယ့် Laptop တွေမှာ ရနိုင်တော့မယ်ဆိုတာက စာရေးသူလိုမျိုး Laptop ကို နမော်နမဲ့သုံးတတ်တဲ့သူတွေအတွက် တကယ်ကို အသက်ကယ်ဆေးတစ်ခုလို့ ပြောလို့တောင်ရတယ်။

ASUS ရဲ့ Perfect Warranty အကြောင်းအသေးစိတ်ကို အခုထဲက သိထားချင်တယ်ဆိုရင်လည်း ASUS Website မှာ သွားပြီး ဖတ်ကြည့်လို့ရပါပြီ။ နောက်ပိုင်းကြရင် MyStyle Myanmar Page မှာလည်း ဒီအကြောင်းကို အသေးစိတ်ထပ်ပြီး ရေးပေးဖို့ရှိတယ်ဆိုတော့ စောင့်ဖတ်ပေးဖို့ပါ ဖိတ်ခေါ်လိုက်ပါတယ်။