အနာဂတ်မှာ ကိုယ်ဖြစ်ချင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ရည်မှန်းချက်ပန်းတိုင်တွေချမှတ်ခြင်းက အလွန်အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒီလို ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်တွေက မိတ်ဆွေတို့ရဲ့ ကျန်းမာပျော်ရွှင်မှုနဲ့ စိတ်ချမ်းမြေ့မှုတွေကို ကြိုးစားရှာဖွေတဲ့နေရာမှာ လမ်းညွှန်အဖြစ် ပံ့ပိုးပေးမှာဖြစ်ပြီး မိတ်ဆွေရဲ့ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ငွေကြေးစုဆောင်းခြင်းက ဘာကြောင့် အရေးပါတာလဲ ဆိုတာရယ်၊ အာမခံအကာအကွယ်ပါတဲ့ ငွေစုဆောင်းမှုအစီအစဉ်တွေက မိတ်ဆွေတို့ကို ငွေစုနိုင်ဖို့ ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားချင်ပါတယ်။

ဘဝရည်မှန်းချက်တွေအတွက် ပြင်ဆင်ခြင်း

အိမ်ထောင်ပြုဖို့၊ ရင်သွေးယူဖို့၊ ကလေးတွေအတွက် အကောင်းဆုံး ပညာရေးဆိုင်ရာ အထောက်အပံ့တွေပေးဖို့၊ စိတ်ကူးမျှော်မှန်းထားတဲ့ ကားတစ်စီး၊ အိမ်လေးတစ်လုံးဝယ်ဖို့၊ နေထိုင်ရာ အိမ်ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အငြိမ်းစား ဘဝအတွက် ပြင်ဆင်ဖို့ စတာတွေက အသက်အရွယ်အသီးသီးမှာရှိတဲ့ ဘယ်သူမဆိုထားရှိကြတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်ပါတယ်။

အဲဒီလို ဘဝရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် အရေးအကြီးဆုံးအချက်ကတော့ ပုံမှန်ငွေကြေးစုဆောင်းပြီး ငွေရေးကြေးရေးပိုင်းအရ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ အကယ်၍ မိတ်ဆွေတို့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ငွေကြေး မစုဆောင်းနေဘူးဆိုရင်တော့ ငွေကြေးကို သုံးစွဲသင့်တဲ့ ပမာဏထက် ကျော်လွန်ပြီး ပိုမိုသုံးစွဲနေမိနေမှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့မှာ ငွေကြေးစုဆောင်းတဲ့ အလေ့အကျင့် မွေးမြူထားမယ်ဆိုရင် ကြိုတင်မသိနိုင်တဲ့ အရေးအပါ်အခြေအနေတွေမှာ မိတ်ဆွေရဲ့ အနာဂတ် သာမက ချစ်ခင်ရတဲ့သူရဲ့ အနာဂတ်ကိုပါ အကာအကွယ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ငွေကြေးစုဆောင်းခြင်းကို ကူညီပေးနိုင်မယ့် အစီအစဥ်

အကယ်၍မိတ်ဆွေမှာ အကောင်အထည်ဖော်ချင်တဲ့ ဘဝရည်မှန်းချက်တစ်ခုရှိတယ်ဆိုရင်၊ အဲဒီ ရည်မှန်းချက်အတွက် ငွေသီးသန့်ဖယ်ထားပြီး ပုံမှန်စုဆောင်းဖို့ အခက်အခဲရှိနေတယ်ဆိုရင် ငွေစုအစီအစဉ် တစ်ခုခုနဲ့ ငွေစုဖို့ စဉ်းစားကောင်း စဉ်းစားမိကြပါလိမ့်မယ်။ ဒီလို ငွေစုအစီအစဉ် အမျိုးအစား နမူနာတစ်ခုကတော့ အာမခံကုမ္ပဏီတွေက ဝန်ဆောင်မှုပေးတဲ့ အာမခံ ငွေစုပေါ်လစီ (insurance savings policy) ဖြစ်ပါတယ်။ အဲဒီအာမခံ ငွေစု ပေါ်လစီမှာ အသက်အာမခံ အကာအကွယ်နဲ့ ငွေစုအစီအစဉ်ကို ပေါင်းစပ်ထားတာဖြစ်ပြီး ငွေစုဆောင်းသူရဲ့ အနာဂတ်ဘဝရည်မှန်းချက်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက်လည်း အထောက်အကူပြုတဲ့ ငွေစုပေါ်လစီတစ်ရပ်ဖြစ်ပါတယ်။

ဒီငွေစုပေါ်လစီနဲ့ ငွေစုမယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ အချိန်ကာလတစ်ခု ရွေးချယ်သတ်မှတ်ပြီး ပုံမှန် စုဆောင်းနိုင်ပါတယ်။ ဥပမာ – ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ် စတဲ့ ကာလအတိုင်းအတာမျိုးဖြစ်ပါတယ်။ ငွေစုပေါ်လစီ သက်တမ်းကာလ ကုန်ဆုံးတဲ့အချိန်မှာ ငွေစုနေတဲ့ ကာလတစ်လျှောက် စုဆောင်းထားတဲ့ စုငွေအားလုံးကို ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ငွေစုတဲ့ ကာလအတွင်းမှာလည်း အသက်အာမခံ အကျိုးခံစားခွင့်တွေ ရရှိမှာဖြစ်ပြီး မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ရတဲ့အခါ ပေါ်လစီကိုင်ဆောင်ထားသူက ကိုယ်ချစ်ခင်ရသူတွေအတွက် ငွေကြေးခံစားခွင့် အကာအကွယ်တွေ ရရှိမှာဖြစ်ပါတယ်။

သင့်ဘဝရည်မှန်းချက်တွေကို PRUSaver နဲ့အတူရယူလိုက်ပါ

ငွေစုအစီအစဉ်ပါဝင်တဲ့ အသက်အာမခံ အကာအကွယ် ဥပမာတစ်ခု အနေနဲ့ကတော့ ပရူဒန်ရှယ်အာမခံရဲ့ PRUSaver ပဲ ဖြစ်ပါတယ်။ PRUSaver အစီအစဉ်မှာ customer တွေအနေနဲ့ မိမိတို့ရဲ့ စုဆောင်းငွေ လိုအပ်ချက်အရ အာမခံပေါ်လစီ သက်တမ်း ၅ နှစ်၊ ၇ နှစ် (သို့မဟုတ်) ၁၀ နှစ်အတွင်း အနည်းဆုံး ငွေကျပ် ဆယ်သိန်း (မြန်မာငွေ ၁,၀၀၀,၀၀၀) မှ စတင်ပြီး အများဆုံး ငွေကျပ် သိန်း ၅၀၀ (မြန်မာငွေ ၅၀,၀၀၀,၀၀၀) အထိ စုဆောင်းနိုင်ပါတယ်။

အခြားငွေစုနည်းလမ်းတွေနဲ့ ယှဉ်ရင် PRUSaver မှာ အားသာချက်ကောင်းတွေ ရှိပါတယ်။ စုဆောင်းငွေကို သုံးလ တစ်ကြိမ်၊ ခြောက်လတစ်ကြိမ် (သို့မဟုတ်) တစ်နှစ်တစ်ကြိမ် စသည်ဖြင့် customer များ နှစ်သက်သလို စုငွေ ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက ငွေနည်းနည်းစီသွင်းပြီး အချိန်မှန်မှန် စုဆောင်းတာမျိုး၊ အကြိမ်ရေ စိပ်စိပ်မဟုတ်ဘဲ တစ်ခါထည့်ရင် စုငွေများများ ထည့်စုတာမျိုး စတဲ့ နည်းလမ်းတွေကို စိတ်ကြိုက်ရွေးပြီး ငွေစုလို့ရပါတယ်။ အာမခံ ပေါ်လစီသက်တမ်း ကုန်ဆုံးချိန်မှာ စုစုပေါင်း စုငွေပမာဏကို တစ်ခါတည်း အပြည့်အဝ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

PRUSaver customer တွေအနေနဲ့ အာမခံပေါ်လစီသက်တမ်းအတွင်း အသက်အာမခံ အကာအကွယ်ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ပေါ်လစီကိုင်ဆောင်ထားသူ သေဆုံးခြင်း (သို့မဟုတ်) လုံးဝ နဲ့ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ကဲ့သို့ မျှော်လင့် မထားတဲ့ ဖြစ်ရပ်တစ်ခုခု တွေ့ကြုံရတဲ့အခါ ပေါ်လစီရဲ့ အကျိုးခံစားခွင့် ရရှိသူမှာ စုဆောင်းငွေတွေကို တစ်ခါတည်း အပြည့်အဝရယူနိုင်ပါတယ်။ ဒါကြောင့် ပေါ်လစီကိုင်ဆောင်ထားသူမှာ အာမခံပေါ်လစီ သက်တမ်းပြည့်တဲ့အထိ မစုဆောင်းနိုင်ခဲ့ပေမယ့် ပေါ်လစီကိုင်ဆောင်ထားသူရဲ့ ချစ်ခင်ရသူတွေမှာ စုဆောင်းဖို့ စီစဉ်ထားတဲ့ စုငွေတွေကို ရရှိနိုင်ဖို့ အာမခံချက်ရှိမှာ ဖြစ်ပါတယ်။

PRUSaver အသက်အာမခံ ငွေပေးသွင်းတဲ့အခါတွေမှာ အခွန်သက်သာခွင့် ရရှိနိုင်တာကြောင့် အာမခံထားတဲ့ သူတွေ အနေနဲ့ အာမခံပေါ်လစီ သက်တမ်းတစ်လျှောက် ငွေကြေး ပိုမို စုဆောင်းနိုင်မှာလည်း ဖြစ်ပါတယ်။

ဝင်ငွေကို ပုံမှန်ဖယ်ထားပြီး စုဆောင်းရတာ ဝီရိယ နဲ့ ဇွဲကောင်းဖို့ လိုတယ်ဆိုတာ မိတ်ဆွေတို့ နားလည်လက်ခံထား ကြမှာပါ။ PRUSaver လို အသက်အာမခံ ပါဝင်တဲ့ ငွေစုအစီအစဉ်ကတော့ မိတ်ဆွေတို့ ဘဝရည်မှန်းချက် ပန်းတိုင်တွေဆီကို လုံခြုံ စိတ်ချရမှုရှိရှိ စနစ်တကျ အရောက်လှမ်းနိုင်ဖို့ ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ဘဝပန်းတိုင်အတွက် ပထမဆုံးခြေတစ်လှမ်းကို အခုပဲ စလှမ်းလိုက်ပါ။

PRUSaver အသက်အာမခံ အကာအကွယ်နဲ့ ငွေစုအစီအစဉ်တွေအကြောင်း ပိုသိချင်ရင်တော့ https://bit.ly/3UHe4h2 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မေးမြန်းစုံစမ်းမှုများနဲ့ customer ဝန်ဆောင်မှုများ အတွက် ပရူဒန်ရှယ်အာမခံရဲ့ ဖုန်း နံပါတ် – ၀၉၇၇၀၁၁၀၀၁၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်။