အခုခေတ်မှာ ပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင် စျေးနှုန်းတွေက အရင်တုန်းကထက် အဆများစွာကြီးမြင့်နေတာကတော့ ပြောဖို့တောင် မလိုတော့ပါဘူး။ ဒီလိုမျိုး ကုန်စျေးနှုန်းတွေ၊ ငွေစျေးတွေ တရိပ်ရိပ်တက်နေတဲ့အချိန်မှာ ပစ္စည်းတစ်ခုခုဝယ်မယ်ဆိုရင် တကယ်အသုံးလိုတာဖြစ်ဖို့နဲ့ ရေရှည်သုံးနိုင်မှာလား စတဲ့ ကိုယ်ဝယ်မယ့်ပစ္စည်းအပေါ်လိုက်ပြီး မျိုးစုံထည့်စဥ်းစားရမယ့်အချက်တွေလည်း ကပ်ပါလာပါတယ်။

တကယ်လို့ ကိုယ်က အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ ကျောင်းတက်ဖို့၊ တစ်ဖက်တလမ်းက တခြားဝင်ငွေရှာဖွေဖို့အတွက် Laptop တစ်လုံးဝယ်ဖို့လိုအပ်လာပြီဆိုရင် ပိုတောင် စဥ်းစားရမယ့်အချက်တွေများပြားပါသေးတယ်။ လူတိုင်းက ကိုယ့်အတွက် ဘယ်လို Laptop မျိုးက အဆင်ပြေမလဲ၊ ဝယ်မယ့် Laptop ရဲ့ စွမ်းဆောင်ရည်၊ ဘက်ထ္ထရီခံမခံ စတဲ့အချက်တွေက ထည့်စဥ်းစားရသလို စျေးနှုန်းကလည်း ကျိန်းသေထည့်စဥ်းစားကြမယ့်အဓိကအချက်တစ်ခုဖြစ်ပါတယ်။ ဒါကလည်း လက်ရှိမြန်မာနိုင်ငံစျေးကွက်မှာ ရောင်းချနေတဲ့ Laptop တွေက ငွေစျေးနှုန်းအပေါ်မှုတည်ပြီး ပြောင်းလဲတတ်တာကြောင့် ဒီနေ့နဲ့ မနက်ဖြန်တောင် စျေးအပြောင်းအလဲရှိနိုင်ပါသေးတယ်။

ဒါကို တချို့သူတွေက အသစ်ဝယ်ယူမယ်ဆိုရင် စျေးနှုန်းမြင့်မားလို့ စျေးနည်းနည်းပိုသက်သာတဲ့ အဟောင်းတွေ၊ ဒါမှမဟုတ် တရားဝင်အာမခံပါဝင်ခြင်းမရှိတဲ့ Laptop တွေကို ဝယ်ယူဖို့ စိတ်ကူးတတ်ကြပါတယ်။ ဒါက တကယ်တမ်း ပြန်စဥ်းစားကြည့်မယ်ဆိုရင် မပြုလုပ်သင့်တဲ့အမှားတစ်ခုလို့တောင် ပြောနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် Laptop တစ်လုံးဆိုတာက များသောအားဖြင့် စမတ်ဖုန်းတွေထက် စျေးနှုန်းပိုမြင့်မားသလို တကယ်သုံးတဲ့အချိန်မှာလည်း ရေရှည်ပို အသုံးပြုဖြစ်တဲ့ ပစ္စည်းတစ်ခုဖြစ်နေပြီး ဖုန်းတွေမှာ Cover တွေ၊ Screenguard မှန်ကပ်တွေ ကပ်သလိုမျိုး Laptop တွေက Cover တပ်သုံးလို့မရတဲ့ ပစ္စည်းတွေလည်းဖြစ်နေလို့ပါ။ ဒါကြောင့် ကိုယ်က တန်ဖိုးကြီး Laptop တစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် ဖြစ်နိုင်သလောက် အသစ်ကိုပဲ ဝယ်ယူသင့်ပြီး ဘာကြောင့်လဲဆိုရင် Laptop အသစ်တွေမှာပဲ အာမခံရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။

ယခင်တုန်းကတော့ Laptop တွေမှာ အာမခံတွေပါဝင်ပေမယ့် Factory Fault ကြောင့်မဟုတ်ဘဲ အသုံးပြုသူကြောင့် တစ်ခုခုပျက်စီးခဲ့ရင် အာမခံအတွင်း အကျုံးမဝင်တော့ဘဲ အသုံးပြုသူဘက်ကပဲ အစအဆုံးပြင်ဆင်စရိတ်ကို ပေးရတာမျိုးရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်တုန်းက Laptop တွေမှာ အာမခံ – Warranty ပိုင်းကို ဂရုစိုက်တဲ့သူနည်းပါးခဲ့ပေမယ့် အခုအချိန်မှာ ASUS ကနေ စတင်ပေးအပ်နေတဲ့ Perfect Warranty ကြောင့် စပြီး Laptop တွေရဲ့ အာမခံက စိတ်ဝင်စားဖို့ကောင်းလာပါပြီ။

ASUS Laptop တွေကို ဝယ်ယူရင် ရရှိမယ့် Perfect Warranty ဆိုတာက အဓိကဘာထူးခြားသွားသလဲဆိုရင် တခြား အာမခံတွေနဲ့မတူဘဲ အသုံးပြုသူကြောင့်ဖြစ်ပွားတဲ့ မတော်တဆမှုတွေ၊ ဥပမာ – မတော်တဆ ပြုတ်ကျမှုတွေ၊ မတော်တဆ ပျက်စီးမှုတွေ၊ ကော်ဖီ၊ ရေလိုမျိုး အရည်တစ်ခုခုဖိတ်ကျတာတွေ၊ လျှပ်စစ်ရှော့ခ်ဖြစ်တာမျိုးတွေကြောင့် ဖြစ်ပွားတဲ့ ပျက်စီးမှုတွေ အကုန်လုံးကိုပါ အာမခံပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ ပျက်စီးမှုက ကြီးမားပြီး Laptop အတွင်းပိုင်း ပစ္စည်းတစ်ခုခုလဲလှယ်ရမယ်ဆိုရင်တောင် အသုံးပြုသူဘက်ကနေ ပစ္စည်းဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ ပေးအပ်ဖို့ လိုအပ်မှာပါ။ ဒါကြောင့် ကျန်တဲ့ လဲလှယ်ရတဲ့ပစ္စည်းဖိုး ၈၀ ရာခိုင်နှုန်းအပြင် လက်ခတွေအကုန်လုံးကို ASUS ဘက်ကနေ ကျခံပြင်ဆင်ပေးသွားတော့မှာဖြစ်ပါတယ်။

ဒီလိုမျိုး အသုံးပြုသူကြောင့် ဖြစ်ရတဲ့ပျက်စီးမှု၊ မတော်တဆမှုတွေကိုပါ အာမခံပေးတာက Laptop ရောင်းချတဲ့ ကုမ္ပဏီတွေထဲမှာ ASUS က ပထမဆုံးလို့တောင် ပြောလို့ရပါတယ်။ ဒီအချက်ကြောင့်လည်း Laptop တွေကို အခုမှစဝယ်မယ်ဆိုရင် ASUS Laptop တွေက အခု Perfect Warranty အာမခံကြောင့် ဦးစားပေးစဥ်းစားသင့်နေပါပြီ။

ASUS Perfect Warranty နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေက Laptop ကို ဝယ်ယူပြီး (၇) ရက်အတွင်းမှာ ASUS Official Website (ဒါမှမဟုတ်) MyASUS App ကနေတစ်ဆင့် Register လုပ်ထားဖို့လိုအပ်သလို ဝယ်ယူတဲ့ Voucher ၊ Receipt တွေကိုလည်း သိမ်းထားဖို့လိုအပ်ပါတယ်။ Perfect Warranty အနေနဲ့ ပြန်လည်ပြင်ဆင်ပေးမှုကို စတင်ဝယ်ယူပြီး (၁) နှစ်အတွင်းမှာ တစ်ကြိမ်ပဲ ရယူနိုင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ASUS Perfect Warranty ဟာ တန်ဖိုးအနေနဲ့ တွက်ကြည့်မယ်ဆိုရင် အနည်းဆုံး $99 တန်ဖိုးရှိတာကြောင့် တန်ဖိုးကြီး Laptop တွေဝယ်ယူတော့မယ်ဆိုရင် အာမခံရရှိနိုင်မှုအပိုင်းကလည်း ကျိန်းသေပေါက် ထည့်သွင်းစဥ်းစားသင့်ကြောင်းကို ရေးသားလိုက်ပါတယ်။