ကော်ဖီဆိုင်လေးတစ်ဆိုင်ဆိုင်မှာ အေးဆေးထိုင်ပြီး Laptop လေးဖွင့်၊ အလုပ်လုပ်ရတာမျိုး ဒါမှမဟုတ် ကျောင်းအတွက် စာတွေလုပ်နေရတာမျိုးက တကယ်ကို ဇိမ်ကျတဲ့ ခံစားမှုတစ်ခုပါ။ ဒါပေမယ့် ကိုယ့်ဘာသာ လက်က မတော်တဆ တိုက်မိသွားလို့ဖြစ်ဖြစ်၊ တစ်ယောက်ယောက်က စားပွဲကို ဝင်တိုက်သွားလို့ဖြစ်ဖြစ် Laptop ပေါ်ကို ကော်ဖီတွေ၊ ရေလိုမျိုး အရည်တွေမှောက်ကျသွားရင်တော့ ကံဆိုးမှုတစ်ခုရဲ့ အစပဲလို့ ပြောရတော့မှာပါ။

ဒါပေမယ့် တခြား Laptop တွေဆိုရင် အခုလိုမျိုး ကော်ဖီတွေ၊ ရေမှောက်ကျသွားရင် Laptop ရဲ့ Keyboard ကနေတစ်ဆင့် အထဲက အစိတ်အပိုင်းတွေအထိ ကြီးကြီးမားမား ပျက်စီးနိုင်တာမျိုးတွေရှိတတ်ပေမယ့် တကယ်လို့ ကိုယ်က အခုမှ အသစ်ဝယ်ထားတဲ့ ASUS Laptop တွေကို သုံးနေရင် အရမ်းစိတ်ပူဖို့ မလိုအပ်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ASUS ဘက်ကနေ ဒီနှစ်စျေးကွက်ထဲမှာ ရောင်းချနေတဲ့ Laptop တွေကို ASUS Perfect Warranty အနေနဲ့ အထူးသီးသန့် ထပ်ဆောင်းဝန်ဆောင်မှု ပေးအပ်ထားတာကြောင့်ဖြစ်ပါတယ်။

အခုလို ASUS က ပေးနေတဲ့ Perfect Warranty ဆိုတာက အလွယ်ဆုံးပြောရမယ်ဆိုရင် ASUS Laptop သုံးနေပြီး Factory Fault မဟုတ်ဘဲ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မတော်တဆထိခိုက်ပျက်စီးမှုတွေကိုပါ အာမခံပေးထားတာပဲဖြစ်ပါတယ်။ ဒါကို ASUS ဘက်ကနေ ASUS 4A Gurantee ဆိုပြီး Assured Quality, Always-on Support, All-around Coverage နဲ့ Added-value Experience ဆိုပြီး သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ အခု 4A Guarantee ထဲမှာ Laptop တွေက အကြမ်းခံနိုင်တာမျိုးတွေ၊ Customer Service ပိုင်း ကောင်းမွန်တာတွေအပြင် International Warranty (၂) နှစ် နဲ့ ပြည်တွင်းထိခိုက်မှုအာမခံ (၁) နှစ်တွေပါဝင်မှာပါ။

အခုနကလိုမျိုး Laptop ပေါ် ကော်ဖီမှောက်ကျတာမျိုးအပါအဝင် မတော်တဆ ပြုတ်ကျတာမျိုး၊ လျှပ်စစ်ရှေ့ာ်ခ်ဖြစ်ပြီး ပျက်စီးမှုတွေဟာ ပုံမှန်ဆိုရင် အသုံးပြုသူအမှားကြောင့် အာမခံ မရတတ်ပေမယ့် ASUS ဘက်က Perfect Warranty ဆိုပြီး ထပ်လောင်း အာမခံပေးထားတာဖြစ်ပါတယ်။ ဒီလို Perfect Warranty ဟာ စစခြင်း ဝယ်ယူအသုံးပြုပြီး ၁ နှစ်အတွင်းမှာပဲ အကျုံးဝင်သလို (၁) ကြိမ်သာ ပြင်ဆင်ပေးနိုင်မှာပါ။

ASUS Laptop ဝယ်ထားပြီး အခုလိုမျိုး ပြင်ဆင်စရိတ်ပိုင်းနဲ့ အာမခံပိုင်း ပိုကောင်းမွန်တဲ့ Perfect Warranty ကို ရရှိဖို့က Laptop ဝယ်ယူပြီး (၇) ရက်အတွင်း ASUS Official Website (ဒါမှမဟုတ်) MyASUS App ကနေတစ်ဆင့် Register ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ Service Center ပြသတဲ့အချိန်မှာလည်း ဝယ်ယူခဲ့တဲ့အထောက်အထားတွေ – Voucher (သို့) Receipt လေးပြသရမယ့်အတွက် သိမ်းထားဖို့ လိုဦးမှာပါ။

အခုလိုမျိုး ASUS ရဲ့ Perfect Warranty ရှိတယ်ဆိုရင် ဘာကြောင့်ပဲဖြစ်ဖြစ် Laptop လေး ပျက်စီးမှာကို လုံးဝစိတ်ပူဖို့ လိုအပ်မှာမဟုတ်တော့တာက အသေအချာပါပဲ။ အဲ့အပြင် Laptop အတွင်းမှာ စက်ပစ္စည်းတစ်ခုခုလဲလှယ်ရမယ်ဆိုရင်တောင် ပစ္စည်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းပဲ ပေးဖို့ လိုအပ်မှာဖြစ်ပြီး ကျန်တဲ့ ပစ္စည်းဖိုးနဲ့ လက်ခအကုန်လုံးကို ASUS ဘက်က တာဝန်ယူပေးမှာဖြစ်ပါတယ်။

ဒီလိုမျိုး စိတ်ချမ်းသာရမယ့် ASUS Perfect Warranty ရှိနေတဲ့အချိန်မှာ ASUS Laptop တစ်လုံးကိုသာ ပိုင်ဆိုင်ထားတယ်ဆိုရင် ကော်ဖီဆိုင်တွေမှာ Laptop ပေါ် ဖိတ်ကျမှာ စိုးရိမ်စရာမလိုဘဲ အေးဆေးအလုပ်လုပ်နိုင်ပြီပေါ့…။