အနာဂတ်အတွက် ငွေကြေး စတင်စုဆောင်းဖို့ ဘယ်အသက်အရွယ်အပိုင်းအခြားက အသင့်တော်ဆုံးလဲ။ ဘယ် အသက်အရွယ်မှာမဆို ငွေစုတဲ့ အလေ့အကျင့်ဆိုတာ ဘဝအတွက် ကောင်းမွန်တဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့် ကောင်းတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ဒီမေးခွန်းရဲ့ အဖြေကတော့ အလုပ်လုပ်ပြီး ဝင်ငွေရှာနိုင်တဲ့ ဘယ် အသက် အရွယ်မဆို ငွေစစုသင့်ပါတယ်။

ဒီမေးခွန်းရဲ့ အဖြေကို သေသေချာချာ ထပ်ရှာကြည့်မယ်ဆိုရင် မိတ်ဆွေအနေနဲ့ ပထမဦးဆုံး ဘဝရဲ့ ရည်မှန်းချက် တွေ၊ ကိုယ့်ရဲ့ငွေကြေးအခြေအနေကို ဆန်းစစ်ရပါမယ်။ မိတ်ဆွေရဲ့ ဘဝရည်မှန်းချက်တွေကို ဆုံးဖြတ်ပြီးပြီ ဆိုတာနဲ့ ငွေစတင်စုဆောင်းဖို့ အစီအစဉ်တစ်ခုကို ချက်ချင်းစဉ်းစားသင့်ပါတယ်။

အခုပဲ ငွေစတင်စုဆောင်းပါ။

တကယ်လို့ မိတ်ဆွေမှာ ကိုယ်ပိုင်ဝင်ငွေတစ်ခုရှိနေပေမယ့် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်အတွက် ငွေမစုဆောင်း ရသေးဘူးဆိုရင် နောက်ပိုင်းမှာ ဘဝရည်မှန်းချက်မှတ်တိုင်အတွက် ပြင်ဆင်ဖို့လိုအပ်လာတဲ့အခါ ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ မိတ်ဆွေဟာ အရွယ်ရောက်ပြီးသူ လူငယ်တစ်ယောက်ဆိုရင် အိမ်ထောင်ပြုဖို့၊ ရင်သွေးယူဖို့၊ စိတ်ကူးမျှော်မှန်းထားတဲ့ ကားတစ်စီး၊ အိမ်လေးတစ်လုံးဝယ်ဖို့ ဒါမှမဟုတ် ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူတွေနဲ့ အားလပ်ရက်ကို အတူတူဖြတ်သန်းဖို့ ငွေစတင်စုဆောင်းသင့် ပါတယ်။ မိတ်ဆွေက သက်လတ်ပိုင်း တစ်ယောက် ဆိုရင်တော့ ကလေးရဲ့ပညာရေးအတွက် ဒါမှမဟုတ် အငြိမ်းစားဘဝအတွက် ငွေစုဆောင်းသင့်ပါတယ်။

အစီအစဉ်တစ်ခုဆွဲပြီး ငွေစုမယ်ဆိုရင် အရေးကြီးဆုံးအချက်ကတော့ မိတ်ဆွေရဲ့ ဝင်ငွေ ပမာဏကို စိစစ်ချိန်ဆပြီး စုဆောင်းဖို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပေးစရာရှိတဲ့ လစဉ်ငွေတောင်းခံလွှာ (monthly bill) တွေနဲ့ လူနေမှုစရိတ်တွေအတွက် သုံးစွဲပြီးနောက်မှာ မိတ်ဆွေသုံးဖို့ ကျန်တဲ့ငွေပမာဏ ဘယ်လောက်ရှိလဲဆိုတာ တွက်ကြည့်ဖို့ လိုပါတယ်။ မိတ်ဆွေ စိတ်တိုင်းကျသုံးနိုင်တဲ့ငွေက နည်းတယ်ဆိုရင်တော့ စောစောစီးစီး ငွေစတင် စုဆောင်းသင့်ပါတယ်။

ငွေစုအစီအစဉ်ကို စတင်ခြင်း

အကယ်၍ မိတ်ဆွေမှာ အကောင်အထည်ဖော်ချင်တဲ့ ဘဝရည်မှန်းချက်တစ်ခုရှိတယ်ဆိုရင်၊ အဲဒီ ရည်မှန်းချက် အတွက် ငွေသီးသန့်ဖယ်ထားပြီး ပုံမှန်စုဆောင်းဖို့ အခက်အခဲရှိနေတယ်ဆိုရင် ငွေစုအစီအစဉ် တစ်ခုခုနဲ့ ငွေစုဖို့ စဉ်းစားကောင်း စဉ်းစားမိကြပါလိမ့်မယ်။ ဒီလို ငွေစုအစီအစဥ် အမျိုးအစား နမူနာတစ်ခုကတော့ အာမခံကုမ္ပဏီက ဝန်ဆောင်မှုပေးတဲ့ အသက်အာမခံငွေစုပေါ်လစီ (life insurance savings policy) ဖြစ်ပါတယ်။ အဲဒီအာမခံငွေစု ပေါ်လစီမှာ အသက်အာမခံအကာအကွယ်နဲ့ ငွေစုအစီအစဉ်ကို ပေါင်းစပ်ထားတာဖြစ်ပြီး ငွေစုဆောင်းသူရဲ့ အနာဂတ်ဘဝရည်မှန်းချက်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက်လည်း အထောက်အကူပြုတဲ့ ငွေစုပေါ်လစီတစ်ရပ် ဖြစ်ပါတယ်။

ဒီငွေစုပေါ်လစီနဲ့ ငွေစုမယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ အချိန်ကာလတစ်ခု ရွေးချယ်သတ်မှတ်ပြီး ပုံမှန် စုဆောင်းနိုင် ပါတယ်။ ဥပမာ – ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ် စတဲ့ ကာလအတိုင်းအတာမျိုး ဖြစ်ပါတယ်။ စုငွေပေါ်လစီ သက်တမ်းကာလ ကုန်ဆုံးတဲ့အချိန်မှာ ငွေစုနေတဲ့ ကာလတစ်လျှောက် စုဆောင်းထားတဲ့ စုငွေအားလုံးကို ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ငွေစုတဲ့ ကာလအတွင်းမှာလည်း အသက်အာမခံအကျိုးခံစားခွင့်တွေ ရရှိမှာဖြစ်ပြီး မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ရတဲ့အခါ ပေါ်လစီ ကိုင်ဆောင်ထားသူက ကိုယ် ချစ်ခင်ရသူတွေအတွက် ငွေကြေး ခံစားခွင့် အကာအကွယ်တွေ ရရှိမှာ ဖြစ်ပါတယ်။

သင့်ဘဝရည်မှန်းချက်တွေကို PRUSaver နဲ့အတူရယူလိုက်ပါ

အသက်အာမခံ အကာအကွယ် ပါဝင်တဲ့ စုငွေအစီအစဉ် ဥပမာတစ်ခု အနေနဲ့ကတော့ ပရူဒန်ရှယ်အာမခံရဲ့ PRUSaver ပဲ ဖြစ်ပါတယ်။ PRUSaver အသက်အာမခံငွေစုအစီအစဉ်မှာ customer တွေအနေနဲ့ မိမိတို့ရဲ့ စုဆောင်းငွေလိုအပ်ချက်အရ အာမခံပေါ်လစီ သက်တမ်း ၅ နှစ်၊ ၇ နှစ် (သို့မဟုတ်) ၁၀ နှစ်အတွင်း အနည်းဆုံး ငွေကျပ် ဆယ်သိန်း (မြန်မာငွေ ၁,၀၀၀,၀၀၀) မှ စတင်ပြီး အများဆုံး ငွေကျပ် သိန်း ၅၀၀ (မြန်မာငွေ ၅၀,၀၀၀,၀၀၀) အထိ စုဆောင်းနိုင်ပါတယ်။

စုဆောင်းငွေကို သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် (သို့မဟုတ်) တစ်နှစ်တစ်ကြိမ် စသည်ဖြင့် customer များ နှစ်သက်သလို စုငွေပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက ငွေနည်းနည်းစီသွင်းပြီး မှန်မှန် စုဆောင်းတာမျိုး၊ တစ်ခါထည့်ရင် စုငွေများများ ထည့်စုတာမျိုး စတဲ့ နည်းလမ်းတွေကို စိတ်ကြိုက်ရွေးပြီး ငွေစုလို့ရပါတယ်။ အာမခံပေါ်လစီသက်တမ်း ကုန်ဆုံးချိန်မှာ စုစုပေါင်း စုငွေပမာဏကို တစ်ခါတည်း အပြည့်အဝ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

PRUSaver customer တွေအနေနဲ့ အာမခံပေါ်လစီသက်တမ်းအတွင်း အသက်အာမခံ အကာအကွယ်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ပေါ်လစီကိုင်ဆောင်ထားသူ သေဆုံးခြင်း (သို့မဟုတ်) လုံးဝ နဲ့ ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်း ကဲ့သို့ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုခု တွေ့ကြုံရတဲ့အခါ ပေါ်လစီရဲ့ အကျိုးခံစားခွင့်ရရှိသူက စုဆောင်းငွေ တွေကို တစ်ခါတည်း အပြည့်အဝရယူနိုင်ပါတယ်။ ဒါကြောင့် ပေါ်လစီကိုင်ဆောင်ထားသူမှာ အာမခံပေါ်လစီ သက်တမ်းပြည့်တဲ့အထိ မစုဆောင်းနိုင်ခဲ့ပေမယ့် ပေါ်လစီကိုင်ဆောင်ထားသူရဲ့ ချစ်ခင်ရသူတွေမှာ စုဆောင်းဖို့ စီစဉ်ထားတဲ့ စုငွေတွေကို ရရှိနိုင်ဖို့ အာမခံချက်ရှိမှာ ဖြစ်ပါတယ်။

PRUSaver အသက်အာမခံ ငွေပေးသွင်းတဲ့အခါတွေမှာ အခွန်သက်သာခွင့် ရရှိနိုင်တာကြောင့် အာမခံထားတဲ့ သူတွေအနေနဲ့ အာမခံပေါ်လစီ သက်တမ်းတစ်လျှောက် ငွေကြေး ပိုမို စုဆောင်းနိုင်မှာလည်း ဖြစ်ပါတယ်။ အာမခံငွေစုအစီအစဉ်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လုံခြုံပြီး အဆင်ပြေတဲ့ငွေစုတဲ့လမ်းကြောင်းပေါ်ကို မိတ်ဆွေ ကိုယ်တိုင် လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ အသက်ငယ်တုန်းမှာ ငွေစုဆောင်းထားခြင်းဖြင့် ဘဝရဲ့ ကြီးမားတဲ့ အနာဂတ်ကိစ္စရပ်တွေအတွက် ငွေရေးကြေးရေးပိုင်းအရ သေချာပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။

PRUSaver အသက်အာမခံ အကာအကွယ်နဲ့ ငွေစုအစီအစဉ်တွေအကြောင်း ပိုသိချင်ရင်တော့ https://bit.ly/3UHe4h2 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မေးမြန်းစုံစမ်းမှုများနဲ့ customer ဝန်ဆောင်မှုများ အတွက် ပရူဒန်ရှယ်အာမခံရဲ့ ဖုန်းနံပါတ် – ၀၉၇၇၀၁၁၀၀၁၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်။