နေ့စဉ်လူနေမှုဘဝနှင့် ငွေကြေးဆိုင်ရာတို့ကို ပေါင်းစပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းလ် Super App ကို စတင်မိတ်ဆက်သည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pullman Yangon ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Onepay သည် အသုံးပြုသူများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးလွှဲပြောင်းနိုင်စေရန် ချိတ်ဆက်ပေးသော နေ့စဉ်လူမှုဘဝတွင် အသုံးပြုနိုင်သည့် အလုံးစုံပါဝင်သည့် SuperApp တစ်ခု ဖြစ်ပါတယ်။ OnePay ၏ ရည်ရွယ်ချက်သည် ငွေကြေးနှင့်ပတ်သက်၍ နေ့စဉ်လူနေမှုဘဝအတွက် လိုအပ်သောလုပ်ငန်းဆောင်တာများဖြစ်သည့် ကားလက်မှတ်ဝယ်ယူခြင်း၊ ဘေလ်များ ပေးချေခြင်း၊ အစားအသောက်မှာယူခြင်းနှင့် မိမိတို့နှစ်သက်ရာ လူမှုအသင်းအဖွဲ့များထံ လှူဒါန်းခြင်းများကို သက်တောင့်သက်သာဖြစ်စေရန်၊ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် လျှင်မြန်လွယ်ကူစေရန်တို့အတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

Onepay app သည် အဆင့်မြင့်နည်းစနစ်များအသုံးပြု၍ ငွေပေးချေမှုလမ်းကြောင်းများစွာကို လုံခြုံစိတ်ချစွာနှင့် အဆင်ပြေမှုရှိအောင် ပေါင်းစည်းပေးထားပြီး အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေး သော app ဖြစ်ပါတယ်။ မြန်မာပြည်၏ ပထမဆုံးသော အပြန်အလှန် တစုတစည်းထဲ ပေါင်းစည်းသုံးစွဲနိုင်အောင် ထုတ်လုပ်ထားသည့် ဤ app ကို မှတ်ပုံတင်ထားသော ဆင်းမ်ကတ်နှင့် စမတ်ဖုန်း ရှိသူတိုင်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူများ အဆင်ပြေမှုရှိစေရန် Onepay သည် နေ့စဉ်လူနေမှုဘဝ ဝန်ဆောင်မှုများကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားပါတယ်။ MM Bus Ticket, First National Insurance, Food2u, World Wildlife Fund, Htoo Foundation, Yangon United Sports Complex, Flymya နှင့် rgo 47 ကဲ့သို့သော မိတ်ဖက်လုပ်ငန်းများက ပေးနေသည့် နေ့စဉ်လူနေမှုဘဝအတွက် အရေးပါသောဝန်ဆောင်မှုများကို Onepay တွင် စီစစ်ရွေးချယ်ကာ ရယူနိုင်ပါတယ်။

Onepay app ကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) မှ ဘဏ်လုပ်ငန်းမိတ်ဖက်အနေဖြင့် ပူးပေါင်းပါဝင်ထားပြီး လုံခြုံစိတ်ချရသောဝန်ဆောင်မှုများ၊ ခိုင်မာသည့်ရပ်တည်ချက်များဖြင့် တည်ဆောက်နိုင်ရန် ပံ့ပိုးကူညီထားပါတယ်။Onepay ၏ ဒုတိယမန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဇေယျမျိုးက “မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဦးဆောင်နေတဲ့လုပ်ငန်းတစ်ခုအနေနဲ့ Onepay က သုံးစွဲသူတွေအနေနဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ငွေပေးချေဖို့ကို application တစ်ခုတည်းကနေပဲ အဆင်ပြေပြေ ပြုလုပ်နိုင်ဖို့အတွက် ရည်ရွယ်တီထွင်ထားတာ ဖြစ်ပါတယ်။ Onepay ဟာ ငွေကြေးဝန်ဆောင်မှု လိုအပ်လာချိန်တိုင်းမှာ စိတ်ချရတဲ့ ဘဏ်ဝန်ဆောင်မှုကို ပိုမိုအဆင်ပြေပြေအကျိုးရှိစွာဖြင့် အသုံးပြုသူများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ပြီးပြည့်စုံစေဖို့ အတွက် ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး နေ့စဉ်လူနေမှုဘဝကို အထောက်အပံ့ပေးထားတဲ့ Application ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့တယ်။

AGD Bank ၏ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်က “Onepay ရဲ့ ဘဏ်လုပ်ငန်းမိတ်ဖက်အဖြစ် ပူးပေါင်းပါဝင်ရလို့ဂုဏ်ယူမိပါတယ်။ Onepay နဲ့ ကျွန်တော်တို့ AGD ဘဏ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု တည်တံ့ဖို့ ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းရော ကျွန်တော်တို့အခုပူးပေါင်းလုပ်ဆောင်နေတဲ့ Onepay ရော တိုးတက်ဖို့ အတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ AGD က ပထမဦးဆုံး အလုံးစုံပါဝင်တဲ့ ဒီဂျစ်တယ် ငွေသားမဲ့ ငွေကြေးစနစ်ကို ဖန်တီးနိုင်ဖို့ရည်ရွယ်ထားပါတယ်။ မြန်မာပြည်မှာ e-Commerce ပိုမိုတွင်ကျယ်လာတဲ့အချိန်မှာ Onepay ဟာ e-wallet ငွေကြေးဝန်ဆောင်မှုတွေကို ကိုယ်စားပြုနေတဲ့လုပ်ငန်းလည်းဖြစ်ပါတယ်” ဟု ပြောကြား သွားခဲ့ပါတယ်။

Onepay ၏ အဓိကလုပ်ဆောင်ချက်များမှာ –

  • ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် နိုင်ငံအနှံ့ရှိလက်လီဆိုင်များတွင် အသုံးပြုသူများအနေဖြင့် QR ကုဒ် အသုံးပြုကာ ငွေပေးချေနိုင်သည့်အပြင် အရောင်းကိုယ်စားလှယ်များအနေဖြင့်လည်း Onepay Business App ကို အသုံးပြု၍ လွယ်ကူစွာ ငွေလက်ခံနိုင်ခြင်း။
  • ပြည်တွင်းဖုန်းဆက်သွယ်ရေးများ အားလုံးအတွက် ဖုန်းငွေဖြည့်သွင်းနိုင်ခြင်း။
  • ဘေလ်ပေးချေမှုများနှင့် နေ့စဉ်လုပ်ဆောင်နေသောအလုပ်များကို လုပ်ဆောင်ပေးသည့် ဝန်ဆောင်မှုများ အတွက် ငွေပေးချေနိုင်ခြင်း။
  • သတ်မှတ်ထားသော စားသောက်ဆိုင်များနှင့် နာမည်ကြီးစားသောက်ဆိုင်များမှ အစားအသောက်များ ငွေပေးချေ မှာယူနိုင်ခြင်း။
  • အားကစားပြုလုပ်ရန်နေရာများ ကြိုတင်ငွေပေးချေ၍ စာရင်းသွင်းခြင်း။
  • မြို့ကြီးများသို့ သွားလာရန်အတွက် အဝေးပြေး ကားလက်မှတ်များ ဝယ်ယူနိုင်ခြင်းနှင့် Flymya မှ လေယာဉ်လက်မှတ်ဝယ်ယူခြင်း။
  • rgo47 မှတဆင့် online တွင်ဈေးဝယ်ခြင်း။
  • ဖုန်းငွေဖြည့်သွင်းခြင်းနှင့် Onepay ပိုက်ဆံအိတ်အတွင်း ငွေသွင်းငွေထုတ်ယူခြင်းများအတွက် အသုံးပြုသူ ၏ AGD ဘဏ်အကောင့်နှင့် လျှင်မြန်လွယ်ကူစွာ ချိတ်ဆက်နိုင်ခြင်း။
  • Visa card, Mastercard card နှင့် MPU (မြန်မာနိုင်ငံသား ငွေပေးချေမှုကွန်ရက်) debit card များမှ Onepay ပိုက်ဆံအိတ်အတွင်း ငွေများ ဖြည့်သွင်းနိုင်ခြင်း။
  • Onepay အသုံးပြုသည့်အခါ appအတွင်း သီးသန့် လျှော့ဈေးများနှင့် ပရိုမိုးရှင်းများ ပါဝင်ခြင်း။
  • အခြား Onepay အသုံးပြုသူများထံ အလွယ်တကူ ငွေလွှဲပြောင်းပေးနိုင်ခြင်း။
  • လက်ရှိ AGDPay တွင်ပါဝင်သော လုပ်ဆောင်ချက်များဖြစ်သည့် VISA Credit Card အတွက် ငွေပြန်လည်ဖြည့်သွင်းခြင်း၊ ကတ်အား Lock ချခြင်းပြန်လည်ဖြည်ခြင်း၊ ငွေစာရင်းလက်ကျန်များနှင့် ကတ်အကောင့်ငွေလက်ကျန်များကို စစ်ဆေးနိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်ပါတယ်။

နည်းပညာတိုးတက်လာမှုကြောင့်သော်လည်းကောင်း၊ မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်အသုံးပြုနိုင်မှုများ အရှိန်အဟုန် ဖြင့်တိုးတက်လာမှုများကြောင့်သော်လည်းကောင်း မြန်မာနိုင်ငံရှိ ငွေပေးချေမှုပုံစံသည် မိုဘိုင်းလ်ငွေပေးချေမှုသို့ တဖြေးဖြေး ဦးတည်လျက်ရှိပါတယ်။ ဤကဲ့သို့သော ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးနေသည့်ကဏ္ဍအပေါ်သို့ အကျိုးသက်ရောက်မှုများစွာ ဖြစ်စေပါတယ်။

Onepay app ကို android နှင့်ဖြစ်စေ၊ iOS နှင့်ဖြစ်စေ အသုံးပြုနိုင်မည်ဖြစ်ပြီး app ကို playstore နှင့် apple app store အသီးသီးမှ download ရယူနိုင်မှာဖြစ်ပါတယ်။ Onepay အကြောင်းကိုပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် app ကို download လုပ်ရန် Onepay ၏ တရားဝင်စာမျက်နှာ www.onepay.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Onepay အကြောင်း

Onepay သည် e-wallet ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏အနာဂတ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် e-commerce ပလက်ဖောင်းများအသုံးပြုမှုမြင့်တက်လာမှုကိုကိုယ်စားပြုပါတယ်။ Onepay သည်သုံးစွဲသူများအား ငွေလွှဲရန်နှင့် လက်ခံရန်၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက်ငွေပေးချေရန်၊ မိုဘိုင်းဖုန်းများကိုငွေဖြည့်ရန်နှင့် အခြားလုပ်ဆောင်မှုများစွာကိုပေးထားသည့် All-in-one lifestyle mobile app တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီ၏ ရည်မှန်းချက်မှာ အချိန်နှင့်တပြေးညီငွေရေးကြေးရေးကို ထောက်ပံ့ပေးသောငွေသားမဲ့ ပေးချေမှုစနစ်ကိုဖန်တီးရန် ဖြစ်ပါတယ်။ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက်အရောင်းအဝယ်ပိုမိုလွယ်ကူစေရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ AGD ဘဏ်သည် Onepay ၏တရားဝင်ဘဏ်မိတ်ဖက်ဖြစ်ပြီး Onepay မှတဆင့် AGD ဘဏ်သုံးစွဲသူများအတွက် သီးသန့် ထောက်ပံ့ပေးထားသော AGD Pay အတွက် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ပြုလုပ်ထားပါတယ်။

AGD ဘဏ်အကြောင်း

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank) သည် ရုံးချုပ်နှင့် ပထမဆုံးဘဏ်ခွဲကို ၂၀၁၀ခုနှစ် ဩဂုတ်လမှ စတင်၍ နေပြည်တော်၌ ဖွင့်လှစ်ထားပါတယ်။ AGD Bank သည် မြန်မာပြည်သူများအား အကောင်းမွန်ဆုံး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် ငွေအပ်နှံသူများ၏ လိုအပ်ချက်အမျိုးမျိုးကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန် အဓိကထား ရည်ရွယ်ဆောင်ရွက်လျက် ရှိနေပါတယ်။ ယနေ့တွင် AGD Bank သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဘဏ်ခွဲပေါင်း ၇၇ ဘဏ်နှင့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုများ၊ နိုင်ငံခြားငွေကြေး လဲလှယ်မှုနှင့် ကိုယ်စားလှယ် ဘဏ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော နိုင်ငံတကာ ဘဏ်လုပ်ငန်းဌာန ရှိနေပြီ ဖြစ်ပါတယ်။ မန်းနေဂျင်းဒါရိုက်တာ ဦးထူးထက်တေဇ၏ ဦးဆောင်မှုဖြင့် AGD ဘဏ်သည် ငွေသွင်းငွေထုတ် ဆောင်ရွက်ခြင်းများနှင့် ငွေအပ်နှံသူများ ငွေသွင်းငွေထုတ် ဆောင်ရွက်မှု အချိန် လျော့နည်းစေရန်အတွက် AGD Pay, UnionPay Debit card, Visa Credit Card နှင့် MPU Debit Card စသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအသစ်များကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါတယ်။