မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် (၁၂) ဦးအတွက် အလွန်မွန်မြတ်လှသော လှူဒါန်းမှုတစ်ခုဖြစ်သည့် Empower My Children ပွဲကြီးအားကျင်းပခဲ့ပါသည်။ ထိုလှူဒါန်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက် ၊ ၂၀၂၀ ခုနှစ် တွင် ရန်ကင်းကလေးဆေးရုံ ၌ ကျင်းပခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်သော ကလေးငယ်များအတွက် ငွေကြေးထောက်ပံ့မှုများ နှင့် လိုအပ်သောကူညီမှုများကို ထောက်ပံ့ပေးခဲ့ပါတယ်။

“Mytel က လူမှုအကျိုးပြုလုပ်ငန်းတွေတိုင်းလိုလိုမှာ အထူးသဖြင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ ကဏ္ဍတွေမှာ တတ်စွမ်းတဲ့ဘက်က ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ လူတိုင်းမှာ သူတို့ရဲ့ဘဝကို ဘာအတားအဆီးမှမရှိ ဘာအခက်အခဲမှမရှိ နေထိုင်ဖို့ အခွင့်အရေး အပြည့်အဝရှိတယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်တွေဖြစ်လာဖို့ဆိုရင် ကလေးငယ်တွေမှာ ဒီလိုမျိုး ဘဝကို အခက်အခဲမရှိဖြတ်သန်းဖို့ အခွင့်အရေးမျိုး ကို လုံးဝပြည့်ပြည့်ဝဝ ခံစားခွင့်ရှိပါတယ်။ ဒီလိုမျိုး ကျန်းမာရေးချိုတဲ့လျက်ရှိတဲ့ ကလေးငယ်တွေကို ပြန်လည်ကုသပေးခြင်းဖြစ်တဲ့ မွန်မြတ်လှတဲ့ အလှူမျိုးမှာ ပါဝင်ခွင့်ရတာဟာ တကယ်ကို ထူးခြားကောင်းမွန်လှပါတယ်။ ကလေးငယ်တွေရဲ့ မျက်နှာပေါ် မှာ အပြုံးပန်းလေးတွေ ပွင့်လန်းလာအောင် လုပ်ခွင့်ရမယ့် ဒီအလှူဒါနလေးဖြစ်မြောက်ခဲ့တဲ့အပေါ် ကျွန်တော်အနေနဲ့ အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရင်ထဲကို တကယ်နွေးထွေးစေပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားခဲ့ပါတယ်။

“Empower My Children” လှူဒါန်းမှုအခမ်းအနားသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကလေးငယ်များ၏ အသက်များကို ကယ်တင်မည့် Mytel ၏ ရေရှည်စီမံကိန်းကြီးအတွက် ပထမဦးဆုံးခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ ထို စီမံကိန်းကြီး၏ လှူဒါန်းကူညီမှုတိုင်းအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် ငွေကြေးထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ပြီး တစ်လလျှင် ကန်ဒေါ်လာ ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ အသုံးပြုသွားမည်ဖြစ်ပါတယ်။ ဤလှူဒါန်းမှု အခမ်းအနားအား ဝါရင့်ဆရာဝန်ကြီးများဖြစ်ကြသော အကြီးတန်းဆေးဘက်ဆိုင်ရာကြီးကြပ်ရေးမှူး – ဒေါက်တာ မြင့်မြင့်ခိုင် (နှလုံးရောဂါအထူးကု)၊ ပါမောက္ခဒေါက်တာ ဦးခင်မောင်ဦး (နှလုံးခွဲစိတ်ဆရာဝန်) နှင့် ပါမောက္ခနှင့်ဆေးရုံမှူး ဒေါက်တာဦးအောင်သူ ၊ Mytel ၏ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ် ဦးသိန်းအောင် နှင့်အတူ Mytel သတင်းအချက်အလက်အရာရှိချုပ် ဦးဇော်လင်း တို့ တက်ရောက်ခဲ့ပါတယ်။

အဆိုပါလှူဒါန်းမှုအခမ်းအနားအား မြန်မာနိုင်ငံ၏ ထိပ်တန်းအနုပညာရှင်များဖြစ်ကြသော ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသု၊ တေးသံရှင် ပိုပို နှင့် မော်ဒယ်နှင့်သရုပ်ဆောင် ငြိမ်းသော်တို့မှလည်း Mytel မှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဝေဒနာရှင် ကလေးငယ်များထံ လှူဒါန်းခဲ့သည့်အပြင် ခွဲစိတ်မှုပြုလုပ်နေစဉ်နှင့် ခွဲစိတ်မှုအပြီး ကြံ့ကြံ့ခံနိုင်အောင် အားပေးစကားနှင့် နှစ်သိမ့်စကားများလည်းပြောကြားခဲ့ပါတယ်။ ထို့နောက် ပွဲသို့တက်ရောက်ခဲ့သော အနုပညာရှင်များမှ ကလေးငယ်များ၏ စိတ်ဓာတ်များကိုမြင့်တင်ပေးနိုင်ရန် နှင့် နွေးထွေးသောအပြုံးများ ပြုံးပျော်နိုင်စေရန် လက်ဆောင်ပစ္စည်းများလည်းပေးအပ်ခဲ့ပါတယ်။

Mytel သည် ပညာရေးဆိုင်ရာလူထုအကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သော အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးများသင်ကြားပို့ချနေသော ကျောင်းပေါင်း ၂၅၈ ကျောင်းတွင် အင်တာနက် ဝန်ဆောင်မှုများ အခမဲ့ပေးခြင်းဖြင့် ICT ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်ခဲ့သည်။ Mytel သည် အစိုးရ ဌာနဆိုင်ရာများ နှင့် အခြားသောအဖွဲ့အစည်း ၁၆၉ ခု ၊ ဘာသာရေးဆိုင်ရာနေရာပေါင်း ၁၂ ခု နှင့် ဆေးရုံ ၁ ရုံ တွင်လည်း အခမဲ့အင်တာနက်ဝန်ဆောင်မှုများကို တပ်ဆင်ပေးခဲ့ပါတယ်။ ထို့အပြင် အစိုးရဌာနရုံး ၆ ရုံး တွင်လည်း Video Conferencing စနစ်ကို ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ၄၄၆ နေရာ တွင် အခမဲ့လှူဒါန်းပြီးဖြစ်ပါတယ်။ ထို့အပြင် Mytel သည် အခမဲ့ဝန်ဆောင်မှုများအား အခြားသော ဘာသာရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ဘုရား၊ ဗုဒ္ဓဘာသာ တက္ကသိုလ်များနှင့် ဘုန်းကြီးကျောင်းများ၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ပုဂ္ဂလိဂနှင့် အထွေထွေဆေးရုံများနှင့် အစိုးရဆိုင်ရာကဏ္ဍများတွင် Video Conferencing စနစ်နှင့် အင်တာနက်ဝန်ဆောင်မှု များကို ဆက်လက်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်ပါတယ်။