မြန်မာနိုင်ငံရဲ့ ခေတ်မီဆန်းသစ်ဆုံး နဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေပြီး လူထုအကျိုးပြုလုပ်ငန်းတွေမှာလည်း တတ်အားသရွေ့ ပါဝင်ကူညီလျက်ရှိရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၂၀၂၀ ခုနှစ်မှာ ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိသူ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများကို ဆုချီးမြင့်တဲ့အခမ်းအနားကို Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ (၃၀) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အားကစားနည်းပေါင်း ၂၁ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဆုအသီးသီးရရှိခဲ့ကြသူ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားတွေကို Mytel မှ မြန်မာကျပ်ငွေ ၅၇၃ သိန်းအထိ ချီးမြင့်ပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံအနေနဲ့ အားကစားအမျိုးအစားပေါင်း ၂၁ခု ဖြစ်တဲ့ အမျိုးသား ဘောလုံး၊ အမျိုးသမီးဘောလုံး၊ ဘိလိယက်နှင့်စနူကာ၊ အားနစ်၊ လှေလှော် (ရိုးရာလှေ)၊ ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြှားပစ်၊ ဂျူဒို၊ ဝူရှူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ တိုက်ကွမ်ဒို၊ နပန်း၊ Kurash၊ စစ်တုရင်၊ ဟော်ကီ၊ ကရာတေး၊ ပီတန်း၊ ရွက်လှေ စသည့်အားကစားများမှာ ရွှေတံဆိပ် ၄ဆု၊ ငွေတံဆိပ် ၁၈ဆုနှင့် ကြေးတံဆိပ် ၅၂ဆု စုစုပေါင်းရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Mytel အနေနဲ့ အခုလိုချီးမြှင့်ရခြင်းက နိုင်ငံ့ကိုယ်စား သွားရောက်ယှဉ်ပြိုင်ပေးတဲ့သူတွေနဲ့ ဆုတံဆိပ်တွေ ပြန်လည်ယူဆောင်လာပေးနိုင်တဲ့ သူတွေကို ကျေးဇူးတုံ့ပြန်ချင်လို့ဟု ပြောပါတယ်။ Mytel အနေနဲ့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တာက မျိုးချစ်စိတ်ပြင်းပြမှုကို ပြသတယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ Mytel အနေနဲ့ အားကစားသမားတိုင်းကို ဆက်လက်ကြိုးစားပါလို့ အားပေးခဲ့ပြီး နောက်နှစ်တွေမှာလည်း အခုလို ရှေ့ဆက်ကြိုးစားမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အောင်မြင်မှုတွေပိုရရှိပြီး ဆုတံဆိပ်တွေပိုရမည်ဖြစ်သည့်အကြောင်းအားလည်း ပြောကြားခဲ့ပါတယ်။

Mytel ဟာဆိုရင်ဖြင့် ယခင်က လူထုအကျိုးပြုလုပ်ငန်းတွေထဲက ပညာရေးကဏ္ဍကို အထောက်အပံ့ပေးနိုင်ဖို့ မြန်မာနိုင်ငံရှိကျောင်းပေါင်း ၂၅၈ ကျောင်းမှာ အင်တာနက် အခမဲ့တပ်ဆင်ပေးပြီး ICT ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်ခဲ့ပါတယ်။ လက်တလောမှာလည်း ရန်ကင်းကလေးဆေးရုံမှာ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် (၁၂) ဦးအတွက် အလွန်မွန်မြတ်တဲ့ လှူဒါန်းမှုတစ်ခုဖြစ်တဲ့ Empower My Children ပွဲကြီးကိုလဲ ကျင်းပခဲ့ပါတယ်။ Mytel အနေနဲ့ အစိုးရ ဌာနဆိုင်ရာများ နဲ့ အခြားသောအဖွဲ့အစည်း ၁၆၉ ခု ၊ ဘာသာရေးဆိုင်ရာနေရာပေါင်း ၁၂ ခု နဲ့ ဆေးရုံ ၁ ရုံ တွေမှာလဲ အခမဲ့အင်တာနက်ဝန်ဆောင်မှုတွေကို တပ်ဆင်ပေးခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဌာနရုံး ၆ ရုံး မှာလဲ Video Conferencing စနစ်ကို ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ၄၄၆ နေရာမှာ အခမဲ့လှူဒါန်းပြီးဖြစ်ပါတယ်။ Mytel က ဆက်လက်ပြီး အခမဲ့ဝန်ဆောင်မှုတွေကို အခြားဘာသာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ဘုရား၊ ဗုဒ္ဓဘာသာ တက္ကသိုလ်များနဲ့ ဘုန်းကြီးကျောင်းတွေ၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ပုဂ္ဂလိဂနဲ့ အထွေထွေဆေးရုံတွေနဲ့ အစိုးရဆိုင်ရာကဏ္ဍတွေမှာ Video Conferencing စနစ်နဲ့ အင်တာနက်ဝန်ဆောင်မှု များကိုလုပ်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ Mytel အနေနဲ့ လူထုအကျိုးပြုကဏ္ဍတွေမှာသာမက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ဖော်ဆောင်ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။