လက်ဖဝါးကိုကြည့်လိုက်ရင် လက္ခဏာလေးတွေ ရှုပ်ထွေးနေတာတွေ့ရပြီး လက္ခဏာဆရာတွေကတော့ အချစ်ရေး ဘဝနဲ့ အလုပ်အကိုင်စတာတွေကို ဟောပြောနိုင်ပါတယ်။

ဗေဒင်ရယ်လို့မဟုတ်ပေမယ့် စာဖတ်သူတို့အတွက် အပျော်သဘောအနေနဲ့ နှလုံးလမ်းကြောင်းကပြောတဲ့ အိမ်ထောင်ရေးအကြောင်းကို မျှဝေလိုက်ပါတယ်။

နှလုံးလမ်းကြောင်း

နှလုံးလမ်းကြောင်းက လက်ဖဝါးရဲ့အလည် လက်သည်းရဲ့အောက်နားထိရောက်တဲ့ မျဉ်းကြောင်းလေးဖြစ်ပါတယ်။ လက်ဝါးနှစ်ဖက်ကို အတူတူစပ်လိုက်လို့ နှလုံးလမ်းကြောင်းက လခြမ်းလိုပုံစံမျိုးဖြစ်သွားလား ဒါမှမဟုတ်တပြေးညီဖြစ်သွားလားဆိုတာကိုအရင်ကြည့်လိုက်နော်။

လခြမ်း

သင်ဟာ ကိုယ်ရည်ကိုယ်သွေးရှိပြီး စိတ်ဓါတ်ခိုင်မာသူတစ်ဦးဖြစ်ပါတယ်။ သင်ဟာ ဆတ်ဆတ်ထိမခံသူ ဟန်ဆောင်တာမကြိုက်တဲ့သူတွေနဲ့ ဖူးစာစုံတတ်ပါတယ်။ အချစ်ရေးမှာ အခက်ခဲတွေကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေအားလုံးကို ကျော်လွှားနိုင်ပြီး အချစ်ရေး အိမ်ထောင်ရေးမှာ အံ့သြစရာအပြည့်ဖြစ်နေမှာပါ။

တပြေးညီဖြစ်နေခြင်း

သင်ဟာ အနေအေးတဲ့သူဖြစ်ပါတယ်။ အလွယ်တကူ ဒေါသထွက်လွယ်တဲ့သူမျိုးမဟုတ်ပါဘူး။ အငြင်းပွားမှုတွေ သိပ်မရှိဘဲ အေးဆေးတည်ငြိမ်တဲ့သူတွေကို ချစ်မြတ်နိုးပါတယ်။

မျဉ်းနှစ်ခု ညီမနေခြင်း

လက်ဖဝါးနှစ်ဖက်ကို ဆက်လိုက်တဲ့အခါ မျဉ်းကြောင်းနှစ်ဖက်က ဆက်မနေဘူး ညီမနေဘူးဆိုရင်တော့ သင့်ရဲ့လက်တွဲဖော်ဟာ သင့်ထက်ပိုပြီး အသက်ကြီးတဲ့သူ ပိုပြီးရင့်ကျက်တဲ့သူဖြစ်ပါတယ်။ သင့်အိမ်ထောင်ဖက်ဟာ သူတို့ကိုယ်သူတို့ အရမ်းကိုသိနားလည်တဲ့သူဖြစ်ပါတယ်။ ဒါဟာလည်း သိပ်မဆန်းကျယ်ပါဘူး။ သင်ဟာ တခြားသူသင့်ကိုဘာပြောမလဲ သင့်ကိုဘယ်လိုထင်မလဲဆိုတဲ့အပေါ် သိပ်ဂရုစိုက်လေ့ရှိသူမဟုတ်လို့ပါပဲ။