လူသားတွေရဲ့ဘဝမှာ အောင်မြင်မှုဆိုတာအပြင် နောက်ထပ် ထပ်တူအရေးပါတဲ့ အရာတစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ ကိုယ့်ရဲ့ ကျန်းမာရေးပဲဖြစ်ပါတယ်။ အလုပ်ကိုပဲ အာရုံစိုက်နေပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူးဆိုရင် အားအင်ကုန်ခမ်းပြတ်လပ်သွားနိုင်ပြီး အလုပ်ခွင်အပြင် တခြားသော လူနေမှုဘဝတွေ၊ မိသားစုရေးရာမှာပါ ထိခိုက်လာနိုင်ပါတယ်။ အခုလိုမျိုး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့က အရင်ဆုံး အစာအာဟာရမျှတအောင် စားသုံးနေဖို့အပြင် ရေဓါတ်ပြည့်ဝအောင် နေထိုင်ဖို့ကလည်း အရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုရင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးရဲ့ တစ်ဝက်ကျော်ဟာ ရေဓါတ်တွေနဲ့ပဲ ဖွဲ့စည်းထားတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နေ့စဥ်လှုပ်ရှားသွားလာနေရတဲ့အချိန်မှာ အားပြည့်နေဖို့၊ စိတ် နဲ့ ခန္ဓာကိုယ်ကို အမြဲတမ်းလန်းဆန်းတက်ကြွနေဖို့က ရေဓါတ်ပြည့်ဝအောင် နေထိုင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အခုခေတ်လူငယ်တွေဟာ နေ့စဥ် နေအပူရှိန်အောက်မှာ လှုပ်ရှားသွားလာနေရတာ၊ အလုပ်ခွင်မှာ ပင်ပန်းတာမျိုးတွေအပြင် အလုပ်ချိန်အပြီးမှာလည်း ကိုယ့်သူငယ်ချင်း၊ ချစ်သူတွေအတွက် အချိန်ပေးရတာ၊ မိသားစုအလုပ်တွေကူညီပေးရတာကြောင့် တစ်နေကုန် ပင်ပန်းမှုဒါဏ်တွေခံရတတ်ပြီး ရေဓါတ်ကို ပုံမှန်ပြည့်ဝနေအောင် နေထိုင်ဖို့က ခဲယဥ်းလာပါတယ်။
ပုံမှန်အားဖြင့် ပုံမှန်ပြုလုပ်နေတဲ့ အသက်ရှုခြင်း၊ ချွေးထွက်ခြင်း၊ အစာခြေဖျက်ခြင်း စတဲ့လုပ်ဆောင်ချက်တွေပဲ ပြုလုပ်နေတယ်ဆိုရင်တောင် ခန္ဓာကိုယ်မှာ ရေဓါတ်ဆုံးရှုံးနိုင်တာကြောင့် အလုပ်တွေလုပ်နေရတဲ့ လူငယ်တွေတင်မဟုတ်ဘဲ လူတိုင်းအတွက် ရေဓါတ်ကို ဖြည့်တင်းဖို့က အလွန်လိုအပ်ပါတယ်။ တစ်နေ့ကို ရေဘယ်လောက်သောက်သုံးသင့်သလဲဆိုတဲ့မေးခွန်းအတွက်ကတော့ လူကြီးပိုင်း အမျိုးသား အမျိုးသမီးအများစုဟာ တစ်နေ့ကို သောက်ရေသန့် ၉ ခွက်ကနေ ၁၃ ခွက်အထိ သောက်သုံး သင့်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့တာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့အတိုင်းအတာအပေါ် မူတည်ပြီး ရေဓာတ်ဆုံးရှုံးထားတာနဲ့ ကာမိတဲ့ ရေပမာဏကို သောက်သုံးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် နေ့စဥ်ဘဝမှာ ရေဓါတ်ပြည့်ဝပြီး လန်းဆန်းတက်ကြွနေဖို့အတွက် အလွယ်တကူဆောင်ရွက်နိုင်တဲ့ နည်းလမ်းအချို့ကိုပါ ဖော်ပြပေးလိုက်ပါတယ်။
(၁) အလုပ်လုပ်ခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း
အလုပ်ခွင်မှာ အာရုံစူးစိုက်မှုရှိနေဖို့ ကူညီပေးနိုင်တဲ့ အဓိကအချက်က ရေဓာတ်ပြည့်ဝနေဖို့ပါပဲ။ ရေအလုံအလောက် မသောက်ပဲ ရေဓာတ်လျော့နည်းသွားတဲ့ အခါမျိုးမှာဆို ခေါင်းကိုက်တာတို့၊ မှတ်ဉာဏ် ကျဆင်းတာတို့၊ အားအင်ကုန်ခမ်းတာတို့ အစရှိတဲ့စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ခံစား ရလေ့ရှိပါတယ်။ တစ်နေ့တာလုံး ရေကို ပုံမှန်သောက်ခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကိုလန်းဆန်းစေပြီး ကိုယ့်ရဲ့ နေ့စဉ်စွမ်းဆောင်ရည်တွေကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဓာတ်ပြည့်ဝနေခြင်း က သင့်ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်လာအောင် တိုက်ရိုက်ကူညီပေးတဲ့အတွက် အကောင်းဆုံး လုပ်ဆောင်မှု စွမ်းဆောင်ရည်ကို ရရှိစေမှာ ဖြစ်ပါတယ်။
နောက်တစ်ခါ ကိုယ်သောက်သုံးနေတဲ့ရေက အရည်အသွေးကောင်းမွန်ပြီး သန့်စင်ကြည်လင်တဲ့ သောက်သုံးရေ ဖြစ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဒီလို အရည်အသွေးမြင့်မားကောင်းမွန်တဲ့ သောက်သုံးရေကို ရွေးချယ်တဲ့ နေရာမှာ စိတ်အချရဆုံးကတော့ Coca-Cola ကုမ္ပဏီရဲ့ ကမ္ဘာ့အဆင့်မီ ရေသန့်စင်စနစ် စံချိန်စံညွှန်းတွေနဲ့ ထုတ်လုပ်ထားတဲ့ သောက်ရေသန့်အမှတ်တံဆိပ် Dasani ပဲဖြစ်ပါတယ်။ မကြာသေးခင်က Coca-Cola က Dasani သောက်ရေသန့်အမှတ်တံဆိပ်သစ်ကို မြန်မာနိုင်ငံ စျေးကွက်မှာ တရားဝင် စတင်မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ သောက်သုံးနေတဲ့ Dasani ရေသန့်ဟာ သောက်သုံးသူတွေအတွက် သန့်စင်ကြည်လင်တဲ့ အရည်အသွေးကောင်းကို ပေးစွမ်းနိုင်ပါတယ်။
(၂) လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း
ကိုယ်ကာယ လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေထဲ အောက်ဆီဂျင် ဝင်ရောက်နှုန်း မြင့်မားစေပြီး လှုပ်ရှားမှုတွေကို ထိရောက်စွာတိုးတက်စေတယ် ဆိုတာကို တော်တော်များများ သိကြမှာပါ။ ဒါပေမယ့် ရေသောက်ခြင်းကလည်း အဆစ်အမြစ်တွေ ချောချောမွေ့မွေ့ လှုပ်ရှားနိုင်အောင် ကူညီပေးနိုင်တယ် ဆိုတာကိုရော သိကြရဲ့လား။ ရေသောက်ခြင်းက လေ့ကျင့်ခန်းပြုလုပ်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်ပျော့ပြောင်းအောင် ကူညီပေးနိုင်ပြီး ဒဏ်ရာရနိုင်ခြေ ကိုလည်း လျော့နည်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန် ရေအလုံအလောက် မသောက်တဲ့အခါ ရေဓာတ်ခန်းခြောက်ရင် ကြွက်သားတွေ ကြွက်တက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်က ကြွက်သားတွေ ပင်ပန်းနွမ်းနယ်ခြင်းကနေ ကာကွယ်ဖို့နဲ့ ကိုယ်လုပ်ဆောင်မယ့် လေ့ကျင့်ခန်းကို အကောင်းဆုံး ပြီးမြောက်နိုင်ဖို့အတွက် ရေများများသောက်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။
(၃) လူမှုရေးကိစ္စများနှင့် ရေဓာတ်ဖြည့်ခြင်း
လူမှုရေးကိစ္စတွေအတွက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါ ရေများများသောက်ဖို့နဲ့ ရေဓာတ်ပြည့်ဝနေဖို့ ကလည်း အရမ်းအရေးကြီးပါတယ်။ အပြင်ထွက်ပြီး နေပူထဲမှာ ချွေးထွက်များရင် ရေဓာတ်ဆုံးရှုံးမှု ပမာဏ ပိုများပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲစေတဲ့အပြင် စိတ်တို ဒေါသထွက် လွယ်စေတဲ့အတွက် လူမှုဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် ခန္ဓာကိုယ်အပူချိန်ကိုလည်း လျှော့ချပေးနိုင်တဲ့အတွက်ကြောင့် အပူဒဏ်ကို ခံနိုင်ရည်ရှိစေပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာလည်း လန်းဆန်း တက်ကြွနေစေမှာပါ။
(၄) ခရီးသွားလာခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း
ရာသီပွဲတော်တွေအတွက် ကိုယ့်ရဲ့ မွေးရပ်မြေကို အလည်အပတ် ပြန်တဲ့အခါမျိုးမှာလည်း လမ်းမှာ နိုးနိုးကြားကြား ရှိနေဖို့အတွက် အအေးနဲ့ အဆာပြေစားစရာတို့ ဝယ်လေ့ရှိမှာပါ။ ဒါပေမယ့် တစ်ကယ်က အဲဒီ အအေးနဲ့ စားစရာတွေက သင့်ကို ရေဓာတ်ပိုခမ်းခြောက်စေပါတယ်။ လေ့လာတွေ့ရှိချက်တွေ အရဆိုရင် သောက်သုံးရေ လုံလောက်အောင် သောက်သုံးတာက ကိုယ့်ကိုကိုယ် ရေဓာတ်ဖြည့်တင်းဖို့နဲ့ သွေးလည်ပတ်မှု အားကောင်းစေဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး၊ အထူးသဖြင့် ခရီးသွားတာလိုမျိုး နာရီပေါင်းများစွာ ထိုင်နေရမယ့် အချိန်တွေမှာ သင့်ရဲ့သွေးလည်ပတ်မှုကို အကောင်းဆုံး ထိန်းညှိပေးနိုင်တယ်လို့ ဆိုပါတယ်။
ခရီးသွားတဲ့အခါမှာလည်း အရည်အသွေးကောင်းတဲ့ သန့်စင်ကြည်လင်တဲ့ သောက်ရေသန့်ကို သောက်သုံးဖို့က အရေးကြီးပါတယ်။ ဒီတော့ နောက်တစ်ခါ ခရီးသွားတော့မယ်ဆိုရင် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ စတိုးဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ Dasani သောက်ရေသန့်ဘူးတွေကို အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်မှာဖြစ်ပါတယ်။
အသက်အရွယ်တစ်ဖြည်းဖြည်း ရလာတာနဲ့အမျှ အလုပ်များတဲ့ နေ့စဉ်ဘဝမှာ ရေဓာတ်ဖြည့်တင်းတဲ့ အလေ့အကျင့်ရရှိသွားမယ်ဆိုရင် ကျန်းမာရေးကောင်းဖို့နဲ့ အားအင်အပြည်ရရှိနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး ပံ့ပိုးကူညီပေးသွားနိုင်မှာပါ။
ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ် လန်းဆန်းတက်ကြွနေစေဖို့နဲ့ နေ့စဉ်ပန်းတိုင်တွေကို အမြင့်မားဆုံး လျှောက်လှမ်းနိုင်ဖို့ အတွက် အရည်အသွေးအမြင့်မားဆုံးနဲ့ သန့်စင်ကြည်လင်မှု အရှိဆုံးသောက်သုံးရေကို Dasani က ပေးအပ်သွားဖို့ အဆင်သင့်ပါပဲ။ Coca-Cola ကုမ္ပဏီရဲ့ ကမ္ဘာ့အဆင့်မီ ရေသန့်စင်ခြင်းစနစ် စံနှုန်းများနဲ့အညီ ထုတ်လုပ်ထားပြီး နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ရရှိထားတဲ့ Dasani သောက်ရေသန့်က သန့်စင်ကြည်လင်တဲ့ အရည်အသွေးကောင်းကို ပေးစွမ်းနိုင်ပါတယ်။ အိမ်မှာနေချိန်ပဲ ဖြစ်ဖြစ်၊ အပြင်သွားချိန်ပဲ ဖြစ်ဖြစ် Dasani သောက်ရေသန့် 550 ml နဲ့ 1L ဘူးတွေကို မြန်မာနိုင်ငံတစ်ဝန်းက စတိုးဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူသောက်သုံးသွားနိုင်မှာ ဖြစ်ပါတယ်။
References:
Introduction
1. Water – The Nutrition Source. Harvard T.H. Chan – School of Public Health
Hydration and working
2. Work Tip: Benefits of Drinking Water at Work. Blue Collar People
Hydration and exercising
3. Warm-up and cool-down: Before and after exercise. NHS Health Scotland
4. Physical Activity & Water – A Healthy Combination. Ministry of Health and Wellness Jamaica
5. The importance of hydration. Harvard T.H. Chan – School of Public Health
Hydration and social occasions
6. Tired and Irritable? Maybe You’re Just Dehydrated. U.S. News Health
Hydration and travelling
7. Travel Hacks – 5 Reasons to Hydrate on the Road. Six-Two
8. 6 Lifestyle Tips for Life After Blood Clots. Everyday Health