foodpanda မှ ၄င်း၏မိတ်ဖက်လုပ်ငန်းရှင်များ၊ မှာယူစားသုံးသူများနှင့် ပို့ဆောင်ပေးသူများကို ဆက်လက်ပံ့ပိုးပေးနိုင်ရန် လူမှူအကျိုးပြုလုပ်ငန်းများကို ​အစဥ်တစ်စိုက် ဆောင်ရွက်လျက်ရှိပါသည်။ အစားအသောက်နှင့်ကုန်စုံ ပို့ဆောင်ပေးရုံသာမက လုပ်ငန်း၏ ပိုမိုကြီးမားသောရည်ရွယ်ချက်မှာ ယခုကဲ့သို့သောခက်ခဲသောကာလတွင် မိမိတို့နှင့် တွဲဖက်လုပ်ကိုင်သူအားလုံး၏ လူမှူအကျိုးစီးပွားများကို မြှင့်တင်​ပေးနိုင်ရန်နှင့် ပံ့ပိုးမှုများကိုတတ်နိုင်သည့်ဘက်မှ ဆက်လက်ဆောင်ရွက်ပေးရန်ဖြစ်သည်။

“foodpanda နဲ့ဆိုရင် အော်ဒါတစ်ခုက အစားအ‌သောက်တစ်နပ်မှာစားလိုက်တယ်ဆိုတာထက်ပိုပါတယ်။ သုံးစွဲသူတွေမှာယူလိုက်တဲ့အော်ဒါတစ်ခုချင်းစီတိုင်းက သုံးစွဲသူတွေ အိမ်မှာပဲ အန္တရာယ်ကင်းကင်းနဲ့နေနိုင်ဖို့၊ ပို့ဆောင်ပေးတဲ့ rider တွေ ဝင်ငွေရရှိပြီး မိသားစုတွေကို ပြန်ထောက်ပံ့နိုင်စေဖို့အပြင် စားသောက်ဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်စေဖို့ အထောက်အကူပြုနေပါတယ်။ လွန်ခဲ့တဲ့လတွေကစပြီး foodpanda အနေနဲ့ လူမှုအကျိုးပြုအစီအစဉ်တွေကို ကြိုးစားလုပ်ဆောင်ခဲ့ပြီး နောင်လာမယ့်လတွေမှာလည်း ဒီလိုအစီအစဉ်တွေကို ဆက်လက်ပြုလုပ်ပေးသွားဦးမှာပါ။” ဟု foodpanda ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ကိုဇေယျာမင်းမှ ပြောကြားသွားခဲ့ပါသည်။

ပို့ဆောင်ပေးသူ Riders များအတွက်

မည်သည့်ပို့​ဆောင်​ရေးလုပ်ငန်းတွင်မဆို ပို့​ဆောင်​ရေးမိတ်ဖက်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ပို့​ဆောင်​သူများ အနေနဲ့ ဝင်‌‌ငွေဆက်လက်ရရှိကာ မိမိတို့၏မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် foodpanda ရဲ့ အစားအသောက်နှင့်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်များကို ဆက်လက်လည်ပတ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ပို့ဆောင်သူများ၏ နေ့စဥ်ဘဝ ပိုမိုအဆင်ပြေစေရန်အတွက် foodpanda သည် စက်တင်ဘာလ ၁၁ ရက်​နေ့မှ​ အောက်တိုဘာလ ၃ ရက်​နေ့အတွင်းမှာလည်း အပတ်စဥ် စ​နေ၊ တနင်္ဂ​နွေ​နေ့များ၌ foodpanda လုပ်ငန်းလည်ပတ်လျက်ရှိနေသောမြို့များတွင် ပို့​ဆောင်​ရေးမိတ်ဖက်များအတွက် အခမဲ့​နေ့လယ်စာ​ဝေမျှခြင်း အစီအစဥ်များစီစဥ်ဆောင်ရွက်ခဲ့ပြီး ပို့ဆောင်သူများအ​နေနှင့် သတ်မှတ်ထား​​သော​​နေရာများတွင် အခမဲ့​နေ့လယ်စာများကို အဆင်ပြေစွာရယူနိုင်ခဲ့ပါသည်။ foodpanda သည် အစီအစဉ်တစ်ခုလုံးအတွက် စုစုပေါင်း နေ့လည်စာနဲ့ အအေးပေါင်း ၂၅,၀၀၀ ကျော်ဝေမျှပေးနိုင်ခဲ့ပါသည်။ အဆိုပါအစီအစဥ်တွင် foodpanda သာမက foodpanda ၏ မိတ်ဖက်ပေါင်း ၅၄ ဆိုင်မှလည်း ဝင်ရောက်ပူပေါင်း၍ အစားသောက်နဲ့ အချိုရည်များ ဝေမျှပေးခဲ့ပါသည်။

ထို့အပြင် foodpanda သည် Covid-19​ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန်နှင့် စားသုံးသူနှင့် လုပ်ငန်းရှင်များကြား အန္တရာယ်ကင်းစွာ ပို့​ဆောင်​ပေးနိုင်ရန် ၄င်း၏ပို့​ဆောင်သူများအား ​ကာကွယ်​ဆေးထိုးနှံပေးမှု အစီအစဥ်ကိုလည်း စတင်ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးနှံရန်စာရင်းပေးသွင်းထားသူများထဲမှ ပထမအသုတ်အား ကာကွယ်​ဆေးထိုးနှံခြင်းအစီအစဥ်ကို စက်တင်ဘာလ ၁၇ ရက်​နေ့၌ လုပ်ဆောင်ခဲ့ပြီး ကျန်ရှိ​သော ပို့ဆောင်သူ rider များအတွက်လည်း မကြာမီတွင် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအတွက်

ဆိုင်ထိုင်စားသုံးမှု​များ ရပ်နားလိုက်ရ​ခြင်း​ကြောင့် စား​သောက်ဆိုင်များသည် ၄င်းတို့၏ စီးပွား​ရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန်အတွက် foodpanda ပလက်​ဖောင်းကို အသုံးပြုကာ အွန်လိုင်းမှတစ်​ဆင့် ​ရောင်းချလာကြပါသည်။ စီးပွား​ရေးလုပ်ငန်းများ အွန်လိုင်း မှတစ်ဆင့်​ ဆက်လက်ရောင်းချနိုင်​စေရန်အတွက် foodpanda မှလည်း ၄င်းတို့၏ ဝန်​ဆောင်မှမှုအား မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ ပိုမိုဖြန့်ကျက်နိုင်စေရန် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရောင်းအားတက်စေရန်ကူညီပံ့ပိုးပေးသည့်အနေဖြင့် သတ်မှတ်ထားသော ပြည်တွင်းစားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် LOVELOCAL ဘောက်ချာကုတ် များဖြင့် လျှော့စျေးရယူနိုင်သည့် အစီအစဥ်ကို ဇူလိုင်လမှ စတင် လုပ်ဆောင်လျက်ရှိပါသည်။

ဝယ်ယူအားပေးသူ မိဘပြည်သူများအတွက်

သုံးစွဲသူများ ပိုမိုသက်သာသက်သာစွာ မှာယူနိုင်​စေရန် foodpanda မှ ပရိုမိုးရှင်းနှင့် လျှော့ဈေးဘောက်ချာကုတ်များကို စီစဉ်ပေးလျက်ရှိပါသဖြင့် အသုံးပြုသူမိဘပြည်သူများအနေဖြင့် အစားအသောက်နဲ့ကုန်စုံကို သက်သာစွာမှာယူနိုင်ပြီး မိမိအကြိုက်ဆုံး ဆိုင်နဲ့ ပို့ဆောင်သူတွေကို တစ်ဖက်တစ်လမ်းမှ ကူညီအားပေးနိုင်ပါသည်။ ထို့အပြင် Covid-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သတ်မှတ်ထား​သောဆိုင်များမှ ​အော်ဒါမှာယူမှုများအတွက် လက်ဆောင်အဖြစ် mask အခုရေ ၂၅,၀၀၀ မျှဝေပေးသည့သည့် အစီအစဥ်ကိုလည်း စက်တင်ဘာလ နောက်ဆုံးအပတ်တွင် လုပ်ဆောင်ပေးခဲ့ပါသည်။ မိမိတို့အိမ်တွင်သာ​နေ၍ အစားအ​သောက်နှင့်​ နေ့စဥ်သုံးပစ္စည်းများအား foodpanda မှ မှာယူ အသုံးပြုခြင်းဖြင့် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်မည့်အပြင် ငွေကြေးကိုင်တွယ်အသုံးပြုလိုခြင်းမရှိသူများအတွက်လည်း အွန်လိုင်း ငွေချေစနစ်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါသည်။

foodpanda အကြောင်း

foodpanda သည် ကမ္ဘာတစ်၀န်းမှ အစားအသောက် ချစ်သူများအတွက် ပြည်တွင်းစားသောက်ဆိုင်များမှ အကောင်းဆုံး စားစရာများကို ပို့ဆောင်ပေးသည့် အွန်လိုင်းအစားသောက် ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ ဝန်ဆောင်မှု စတင်ချိန်မှစ၍ ကမ္ဘာတစ်ဝှမ်းရှိ အာရှနှင့် ဥရောပအလယ်ပိုင်းရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံရှိ မြို့ပေါင်း ၁၂၀ မြို့တွင် မိတ်ဖက် စားသောက်ဆိုင်‌ပေါင်း ၃၀,၀၀၀ ‌ကျော်နှင့် ပူး‌ပေါင်းကာ ဝန်ဆောင်မှုကို အချိန်တိုအတွင်း ဖြန့်ကျက်နိုင်ခဲ့ပါသည်။ foodpanda သည် ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ရိုမေးနီးယား နှင့် ဘူလ်ဂေးရီးယား နိုင်ငံများတွင် ဝန်ဆောင်မှု ပေးအပ်လျက်ရှိပြီး ကမ္ဘာ့ထိပ်တန်း အစားအသောက်ပို့‌ဆောင်ရေးဝန်ဆောင်မှုဖြစ်သည့် Delivery Hero ၏ လုပ်ငန်းခွဲတစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များ၊ ပို့ဆောင်ပေးသူ rider အစရှိသည့် မိတ်ဖက်အဖွဲ့အစည်း၊ ဝန်ထမ်းများဖြင့် ပူးပေါင်းကာ တစ်နှစ်အတွင်း မြို့ပေါင်း ၁၅ မြို့၌ ဝန်ဆောင်မှုပေးအပ်နိုင်ခဲ့ပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း၌လည်း ဝန်ဆောင်မှုအား ထပ်မံချဲ့ထွင်သွားရန် စီစဥ်လျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက www.foodpanda.com.mm တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။