မင်္ဂလာပါနော်။ အုန်းဆီလေးရှိရုံနဲ့ သင့်ကို အလှဆုံးဖြစ်စေမှာပါ။ အုန်းဆီဟာ ဆံကေသာအတွက်၊ မျက်နှာအသားအရေအတွက်နဲ့ ခန္ဓာကိုယ်က အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။

အုန်းဆီကို သင့်ရဲ့အလှအပအတွက် ဘယ်လိုတွေအသုံးပြုလို့ရမလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်နော်။

အမွှေးရိတ်တဲ့ ခရင်မ်အဖြစ်သုံးမယ်

မျက်ခုံးမွှေး၊ ချိုင်းမွှေး၊ ပါးသိုင်းမွှေး ရိတ်တဲ့အခါမှာ အသားအရေကို မထိခိုက်စေဖို့ အရင်ဆုံး အုန်းဆီကို လိမ်းပေးလိုက်ပါ။ ပြီးမှရိတ်ပေးပါ။

အိုမင်းရင့်ရော်မှုကို သက်သာစေတဲ့ ခရင်မ်

အုန်းဆီဟာ အသားအရေကို နူးညံ့စိုပြေစေပါတယ်။ အုန်းဆီကို အရေးကြောင်းရှိတဲ့နေရာတွေ၊ အမာရွတ်ရှိတဲ့နေရာတွေမှာ လိမ်းပေးနိုင်ပါတယ်။

လက်လိမ်းခရင်မ်အဖြစ်သုံးမယ်

အုန်းဆီကို လက်လိမ်းခရင်မ်အဖြစ် သုံးနိုင်ပါတယ်။ အုန်းဆီက လက်အသားအရေကို နူးညံ့စေမှာပါ။ လက်ကို သံပရာရည်၊ သကြားတို့နဲ့ သေချာပွတ်ပေးပြီး ရေဆေးကာ အုန်းဆီ လိမ်းပေးထားပါ။ ၅ မိနစ် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

မျက်တောင်မွှေး ၊ မျက်ခုံးမွှေးတွေထူလာစေဖို့

Photo: www.fabhow.com

မျက်တောင်မွှေး မျက်ခုံးမွှေးတွေ သန်စွမ်းလာစေဖို့ အုန်းဆီကို တစ်ညလုံလိမ်းပေးထားပါ။ ညတိုင်းလုပ်ပေးပါ။

ဆံကေသာသန်စွမ်းစေဖို့

အုန်းဆီကို ဆံကေသာ သန်စွမ်းစေဖို့ အသုံးပြုနိုင်ပါတယ်။ အုန်းဆီကို ခေါင်းမလျှော်ခင် ၁ နာရီလောက်အလိုမှာ လိမ်းပေးထားပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။

မိတ်ကပ်ဖျက်ဆေးအနေနဲ့ သုံးမယ်

အုန်းဆီကို မိတ်ကပ်တွေဖျက်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ အုန်းဆီနဲ့မိတ်ကပ်ကို သေချာဖျက်ပေးပါ။ Eyeshadow တွေ၊ Linerတွေ မျက်တောင်ကော့ဆေးတွေကိုလည်း အုန်းဆီနဲ့ ဖျက်ပေးနိုင်ပါတယ်။

နှုတ်ခမ်းသားနူးညံ့စေဖို့

အုန်းဆီကို နှုတ်ခမ်းပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် သွားပွတ်တံနဲ့ နှုတ်ခမ်းကို သေချာပွတ်ပေးလိုက်ပါ။ ၅ မိနစ်လောက်ပွတ်ပေးပြီး သေချာလေး သုတ်ပေးလိုက်ပါ။

Photo Credit: www.blushybabe.com
Photo Credit: www.blogspot.com
www.wikihow.com