သင်က Sheet Mask ကပ်ရတာကြိုက်တဲ့သူဆိုရင် Sheet Mask တဲ့အခါ ဒီအမှားတွေမဖြစ်အောင် သတိထားပြီး ဂရုစိုက်ဖို့လိုပါတယ်။ မဟုတ်ရင် Sheet Mask ရဲ့ အကျိုးကျေးဇူးတွေကို ပြည့်ပြည့်ဝဝရမှာ မဟုတ်ပါဘူး။

1. မျက်နှာမသစ်တာ

မျက်နှာမှာ မိတ်ကပ်၊ အညစ်အကြေး၊ အဆီနဲ့ ချွေးတွေရှိနေရင် Sheet Mask ထဲက Serum က အသားအရေထဲ လုံးဝစိမ့်ဝင်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် Sheet Mask မကပ်ခင် မျက်နှာကို Micellar Water လိုမျိုး Makeup Remover ကောင်းကောင်းနဲ့ သေချာသန့်စင်ပေးပါ။

2. Mask ကို အကြာကြီးထားတာ

Sheet Mask ကို မျက်နှာပေါ်မှာ အကြာကြီးထားထားရင် Sheet Mask ဟာ ခြောက်သွားပြီး မျက်နှာက Serum အားလုံးကို ပြန်စုပ်ယူသွားတာမလို့ Sheet Mask ကို မျက်နှာပေါ်မှာ အကြာကြီးမထားဘဲ ညွှန်ကြားချက်အတိုင်း ထားပေးပါ။

3. မျက်နှာတန်းသစ်တာ

တော်တော်များများလုပ်လေ့ရှိတဲ့ Sheet Mask အမှားတွေထဲက တစ်ခုကတော့Sheet Mask ကို ခွာပြီးတာနဲ့ မျက်နှာတန်းသစ်တာပါ။ Sheet Mask ကိုဖယ်ပြီးရင် Serum တွေ အားလုံးက အသားထဲ အကုန်စိမ့်မဝင်သေးတာ သတိထားမိမှာပါ။ ဒါကြောင့် မျက်နှာချက်ချင်းမသစ်သေးဘဲ မျက်နှာမှာ ပိုနေတဲ့ Serum တွေကို ဖြည်းဖြည်းချင်းနှိပ်ပေးပါ။

4. Skincare Routine ကိုကျော်တာ

Sheet Mask ကပ်ပြီးရင် တော်တော်များများက Skincare Routine ကို မလုပ်တော့ပါဘူး။ တကယ်တော့ မနက်ခင်းမှာ Sheet Mask ကပ်ပြီးရင် Moisturiser နဲ့ Sunscreenကို ပုံမှန်လိမ်းဖို့လိုသလို ညဘက်မှာ Sheet Mask ကပ်ရင်လည်း Night Creams နဲ့ Eye Cream တို့ကို ပုံမှန်အတိုင်း ဆက်လိမ်းပါ။