Skincare ပေါင်းစုံလိမ်းနေရုံနဲ့ အသားအရေကောင်းလာမှာ မဟုတ်ပါဘူး။ ပုံမှန်ဂရုစိုက်ပေးနေရမယ့် တခြားသောအရာတွေကိုလည်း ဂရုစိုက်ပေးမှ အသားအရေကောင်းလာမှာပါ။ ဒါကြောင့် အသားအရေကောင်းချင်သူတိုင်း ပုံမှန်ဂရုစိုက်ပေးရမယ့် အလေ့အကျင့် ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အသားအရေကောင်းဖို့အတွက် အရေးအကြီးဆုံးကတော့ အိပ်ရေးမပျက်ဖို့ပါပဲ။ အိပ်ရေးပျက်ရင် ဝက်ခြံတွေထွက်လာပြီး အသားအရေညစ်လာမယ်၊ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာပါမယ်။ ဒါကြောင့် အသားအရေကောင်းချင်ရင် ညဉ့်နက်တဲ့အထိမနေပါနဲ့။ အိပ်ရေးဝအောင်အိပ်ပါ။

ရေများများသောက်ပါ

ရေသောက်နည်းရင် အသားအရေမွဲခြောက်တာ၊ အသားအရေညစ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အသားအရေလှချင်ရင်တော့ ရေကို ပုံမှန်ထက်ပိုပြီးသာ များများသောက်ပါ။

အသီးအနှံ၊ အသီးအရွက်များများစားပါ

အသီးအနှံ၊ အသီးအရွက်တွေကို အနည်းဆုံး တစ်နေ့တစ်မျိုး စားဖြစ်အောင်စားပေးပါ။ အသီးအနှံတွေ၊ အသီးအရွက်တွေ များများစားရင်၊ နေ့တိုင်းစားပေးရင် အသားအရေကြည်လင်ပြီး လှလာစေပါတယ်။

အိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်ကိုပုံမှန်လဲပါ

Skincare တွေလုပ်နေပြီး အိပ်ယာခင်းတွေ၊ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလဲပေးရင် မျက်နှာအသားအရေညစ်တာ၊ ဖုတွေထတာ၊ ဝက်ခြံထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။ အိပ်ယာခင်းကို အနည်းဆုံး တစ်လတစ်ခါလဲပြီး ခေါင်းအုံးစွပ်ကိုတော့ တစ်ပတ်တစ်ခါ ပုံမှန်လဲပေးရင် အကောင်းဆုံးပါပဲ။

ဝမ်းမချုပ်ပါစေနဲ့

ဝမ်းချုပ်ရင် အသားအရေညစ်ပြီး အပူဖုတွေထွက်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းမချုပ်အောင်၊ နေ့တိုင်းဝမ်းမှန်အောင် ဂရုစိုက်ပေးပါ။

Cleansing သေချာလုပ်ပါ

Skincare ဘာလိမ်းရမလဲလို့ မစဉ်းစားခင်မှာ အရင်ဆုံးလုပ်ရမှာက cleansing step ပါပဲ။ Cleansing သေချာလုပ်ပေးမှ dead skin cells တွေကိုဖယ်ရှားပေးပြီး အညစ်အကြေးတွေ ပြောင်သွားမှာပါ။ ဒါမှလည်း အသားအရေမညစ်မှာပါ။

Moisturizer

အသားအရေက ရေဓာတ်ပြည့်ဝပြီး စိုစိုပြည်ပြည်လေးဖြစ်နေရင် လှတာပါပဲ။ ဒါကြောင့် အခြေခံအဆင့်ဖြစ်တဲ့ toner, moisturizer လောက်သာ သေချာလိမ်းပေးပါ။ မနက်၊ ည လိမ်းပေးပါ။ Body ဆိုရင်တော့ Lotion သေချာလိမ်းပေးပါ။