CB Bank မှ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ (YCC) တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော် ယာဉ်ပြပွဲအတွင်း မော်တော်ယာဉ်အထူးချေးငွေများကို ပေးအပ်သွားမည်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲ၏ Official Banking Partner ဖြစ်သည့် CB Bank သည် ပြည်သူ များအတွက် ကားအသစ်တစ်စီးကို လွယ်ကူစွာပိုင်ဆိုင်နိုင်စေရန် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

“အခုဆိုရင် မော်တော်ယာဉ်ချေးငွေရဖို့လိုအပ်ချက်က တဖြည်းဖြည်းတိုးတက်လာတယ်လို့ ကျွန်မတို့ CB Bank ကမြင်တယ်။ မြန်မာမိသားစုတွေရဲ့ ကားပိုင်ဆိုင်ခွင့်ရမယ့် အိမ်မက်တွေကို ကူညီဖြည့်ဆည်း ပေးခွင့်ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာမိပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကားပြခန်း ပေါင်း ၁၀၀ ကျော်လောက်နဲ့ ကျွန်မတို့ပူးပေါင်းထားတယ်။ ဒုတိယအကြိမ်မြောက် ရန်ကုန် အပြည်ပြည် ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကနေ အသစ်စက်စက်ကားတွေ နောက်ဆုံးပေါ်မော်ဒယ်မြင့်ကားတွေ ဝယ်ဖို့ ရှာဖွေနေသူတွေအတွက် လွယ်ကူမြန်ဆန်တဲ့ မော်တော်ယာဉ်ချေးငွေ လျှောက်ထားခြင်း လုပ်ငန်းစဉ်တွေကို CB Bank ရဲ့ ပြခန်းမှာ တစ်ခါတည်းလျှောက်ထားနိုင်ပါတယ်”ဟု CB Bank ၊ Deputy General Manager (Consumer Finance Department) ဖြစ်သူ ဒေါ်သိမ့်သိမ့်မှ ပြောကြားသွားခဲ့ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ ၂၀၂၀ သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော နိုင်ငံတကာ အဆင့်မီ မော်တော်ယာဉ်ပြပွဲဖြစ်ပြီး ပြည်တွင်းရှိအဓိကမော်တော်ယာဉ်အမှတ်တံဆိပ်အများစု ပါဝင်ခဲ့ပြီး ၎င်းတို့၏ နောက်ဆုံးပေါ် မော်တော်ယာဉ်အသစ်စက်စက်များ ပြသခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် လူမှုစီးပွားရေးသည် လျှင်မြန်စွာ တိုးတက်လျက်ရှိပြီး မော်တော်ယာဉ်အသစ်များကို ဝယ်ယူ လိုသည့် လိုအပ်ချက်များမှာလည်း မကြားသေးမီနှစ်များအတွင်းက စတင်ကာ တဖြည်းဖြည်း တိုးတက် လျက်ရှိပါတယ်။ မြန်မာပြည်မှသုံးစွဲသူအများစုသည် မော်တော်ယာဉ်ဝယ်ယူရန် ချေးငွေရယူလိုကြပြီး ၎င်းတို့ ချေးယူနိုင်သည့်ငွေပမာဏနှင့် ငွေပေးချေနိုင်သည့်ငွေပမာဏများပေါ်တွင် ဆုံးဖြတ်ကာ ဝယ်ယူကြခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် CB Bank သည် ဝယ်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မော်တော်ကားအမှတ်တံဆိပ်ပေါင်းများစွာနှင့် အရောင်းပြခန်းများကို ပူးပေါင်း ချိတ်ဆက်ထားပြီး ၎င်းတို့၏ မော်တော်ယာဉ်ဈေးနှုန်းများအလိုက် ကနဉီးပေးသွင်းငွေအနည်းဆုံးဖြင့် ဝယ်ယူနိုင်သည့် ချေးငွေများပေးအပ်လျက်ရှိပါတယ်။

ထို့အပြင် ကားမဝယ်ယူခင် ချေးငွေနှင့်ပါတ်သက်သည့်အချက်အလက်များကို ကြိုတင်ရှာဖွေထားလျှင် ကား အသစ်ဝယ်ယူသည့် လုပ်ငန်းစဉ်များမှာ ပိုမိုလွယ်ကူချောမွေ့မည်ဖြစ်ပါတယ်။ CB Bank ၏ မော်တော်ယာဉ် ချေးငွေများ ပတ်သက်၍ သတင်းအချက်အလက်များ၊ စေ◌ျးနှုန်းသတ်မှတ်ချက်များအကြောင်း ပိုမိုသိရှိ လိုပါက အမှတ် ၄၆၊ Union Financial Center (Tower C)၊ မဟာဗန္ဓုလ လမ်း၊ ရန်ကုန်မြို့သို့ လာရောက် လေ့လာနိုင်ခြင်း (သို့မဟုတ်) www.cbbank.com.mm/en/calculator/car-loan-calculator သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

CB Bank အကြောင်း

CB Bank သည် 1992 ခုနစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိကဘဏ် များထဲမှ တစ်ဘဏ် ဖြစ်ပါသည်။ ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၏ ဖောက်သည်များအပေါ် အကျိုးပြုမှုကို ပိုမိုထိရောက်လာစေရန် နည်းပညာများကိုအသုံးပြုပြီး လုပ်ဆောင်လျက်ရှိပါသည်။
• ဘဏ်လုပ်ငန်းဆိုင်ရာ အဓိကအဆောက်အအုံများနှင့် နည်းပညာစနစ်များကို ကောင်းစွာတည်ဆောက် ထားခြင်း
• ဒီဂျီတယ် ဘဏ်ဝန်ဆောင်မှုများ ကို ဖောက်သည်များအတွက် မိတ်ဆက်ခြင်း
• ကုမ္ပဏီများ အခြားအဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော လက်တွဲမှုများ လုပ်ဆောင်ခြင်း အစရှိသော လုပ်ဆောင်ချက်များ ပြုလုပ်ထားပါသည်။

(၂၇) နှစ်တာကာလ အတွင်း CB Bank သည် ဝန်ထမ်းပေါင်း (၃၀) ကျော်မှ ဝန်ထမ်းပေါင်း (၉၀၀၀) ခန့် အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၄၅ ကျော်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင် ခွင်ကျဖြစ်အောင် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးဆောင်နေပါသည်။