မိန်းကလေးတိုင်းက ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ ဒါပေမဲ့ အစားရှောင်တာတို့ လေ့ကျင့်ခန်းလုပ်တာတို့ကိုတော့ လူတိုင်း လိုက်မလုပ်နိုင်ကြပါဘူး။

အစားအသောက်ကို ချင့်ချိန်စားသုံးရင်း လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးမှသာလျှင် မိမိလိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ရရှိပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ်အလေးချိန်ကျဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး ခြေထောက်ကို စုထားပြီး ခါးမတ်မတ်ထားရပ်ပါ။ ထို့နောက် ခုန်လိုက်ပြီးနောက် ပုံပါအတိုင်း ခြေထောက်ကို ချဲထားလိုက်ပါ။ ခြေထောက်ချဲထားတဲ့အချိန်မှာ လက်ကလည်း အပေါ်သို့ ကားထားရပါမယ်။ နောက်တစ်ခေါက်ပြန်ခုန်ပြီး မူလအနေအထားအတိုင်း ပြန်နေပါ။ ၁၂ ကြိမ် ၄ ကြော့ ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

ဒီလေ့ကျင့်ခန်းကတော့ ခြေဖနောင့်ကို တင်ပါးနဲ့ ထိကပ်လုနီးပါး ပုံသဏ္ဍာန်ပေါ်အောင် ပြေးရပါမယ်။ ခြေထောက်နှစ်ဖက်ကို အတန်ငယ်ချဲထားပြီး ခြေထောက်နောက်ပစ်ကာ ခြေဖနောင့်နဲ့ တင်ပါး ထိတော့မလား အောက်မေ့ရလောက်အောင် ပြေးလွှားလိုက်ပါ။ အရမ်းကြီး မြန်မြန်ပြေးစရာမလိုပါဘူး။ လမ်းမြန်မြန်လျှောက်တဲ့ နှုန်းလောက်ပဲ ပြေးရပါမယ်။

လေ့ကျင့်ခန်း (၃)

ပုံပါအတိုင်း လက် ထောက်ထားပါ။ တံတောင်ကွေးလိုက်ပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်သို့ နိမ့်ချလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ၁၅ ကြိမ် ၄ ကြော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ ဒူးကွေးလျက်သားလှဲလျောင်းနေပါ။ ထို့နောက် ဒူးခေါင်းနဲ့ ပုခုံး မျဉ်းစောင်းပုံသဏ္ဍာန်ဖြစ်သွားတဲ့အထိ တင်ပါးကို အပေါ်မြှောက်လိုက်ပါ။ ပြီးတာနဲ့ တင်ပါးမြှောက်လျက်သားနဲ့ ဘယ်ခြေကို ပုံပါအတိုင်း မိုးပေါ်သို့ ထောင်လိုက်ပါ။ ထိုအနေအထားအတိုင်း တင်ပါးကို အောက်ပြန်ချလိုက်ပါ။ အခြားခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

ခြေထောက်နှစ်ဖက်ကို ခပ်ခွာခွာလေးရပ်နေပါ။ တံတောင်ကိုလည်း အားပြုနိုင်ဖို့ရန်အတွက် ကွေးထားပါ။ ထို့နောက် ခြေထောက်တစ်ဖက်ကို အရှေ့သို့ ဆန့်တန်းပြီး ကန်ထုတ်လိုက်ပါ။ ဘယ်ညာ တစ်လှည့်စီ ကန်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

ဒီလေ့ကျင့်ခန်းကလည်း စောစောက လေ့ကျင့်ခန်းလိုပါပဲ။ ကွာခြားချက်ကတော့ စောစောကလို ခြေထောက်ကို မဆန့်တန်းပဲ ဒူးကွေးပြီး ပေါက်ကို ရင်ဘတ်ဆီသို့ ဆွဲမလိုက်ရမှာပဲဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့လေ့ကျင့်ခန်းတွေ မလုပ်ချင်ဘူး။ လေ့ကျင့်ခန်း တစ်ခုတည်းကိုပဲ တစိုက်မတ်မတ်ပြုလုပ်ချင်သူများအနေနဲ့ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေကို မိမိရဲ့သတ်မှတ်ချက် စည်းကမ်းအတိုင်း နေ့စဉ်နေ့တိုင်း မပျက်မကွက်ပြုလုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။

Source: stylecraze.com