Body ကို Hourglass Figure လိုချင်တယ်၊ Gym လည်းမသွားဖြစ်ဘူးဆိုတဲ့သူတွေအတွက် Hourglass Figure ရဖို့ အိမ်မှာအေးဆေးလုပ်လို့ရမယ့် အကောင်းဆုံး Floor Workout (7) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ပတ်ကို 4 ရက်လောက် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ လပိုင်းအတွင်းမှာ Body က သိသိသာသာ ပြောင်းလဲလာပြီး လိုချင်တဲ့အတိုင်း Hourglass Figure လေးကို ရရှိမှာပါ။ Floor Workout တွေလုပ်မှာဆိုတော့ Yoga ဖျာတော့ မရှိမဖြစ်လိုပါတယ်။

Basic Glute Bridges

ဒူးထောင်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း ခါးနဲ့တင်ပါးကို အပေါ်ကြွလိုက်၊ ကြမ်းနဲ့ပြန်ထိလိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး 15 ကြိမ်မှ အကြိမ် 30 အထိ လုပ်ပေးနိုင်ပါတယ်။

Single-Leg Glute Bridges

ခုနက Workout လိုပါပဲ။ သူကတော့ ခြေထောက်တစ်ဖက်ကို ဒူးထောင်ပြီး ခြေထောက်တစ်ဖက်ကို 90 ဒီဂရီ မြှောက်ရမှာပါ။ မြှောက်ပြီးတော့ ခုနကလိုပဲ ခါးနဲ့တင်ပါးကို အပေါ်ကြွလိုက်၊ ကြမ်းနဲ့ပြန်ထိလိုက် လုပ်ပေးရပါမယ်။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပြီး တစ်ဖက်ကို 15 ကြိမ်စီ လုပ်ပေးပါ။

Side Plank with Leg Lift

လက်တစ်ဖက်ကတံတောင်နဲ့ထောက်ထားပြီး ဘေးတစ်စောင်းအနေအထားနဲ့နေပါ။ နောက်လက်တစ်ဖက်က ခါးထောက်ထားပါ။ ပြီး ခြေထောက်ကိုစုထားရာကနေ အပေါ်မြှောက်လိုက်၊ ပြန်စုလိုက်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ရမှာပါ။ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်စီ လုပ်ပေးပါ။

Side Plank Dips

ခုနက Workout လိုပါပဲ။ သူကတော့ ခြေထောက်မြှောက်စရာ မလိုပါဘူး။ ခြေထောက်နှစ်ဖက်ကို စုထားပြီး တင်ပါးကိုပဲ ခြေထောက်နဲ့ တစ်တန်းတည်းဖြစ်အောင်လုပ်လိုက်၊ အောက်နားပြန်ကျလိုက်နဲ့ ပုံမှာမျှားနဲ့ပြထားသလိုမျိုး လုပ်ပေးရမှာ ဖြစ်ပါတယ်။ သူလည်း ဘယ်ညာပြောင်းလုပ်ရမှာပါ။ တစ်ဖက်ကို 15 ကြိမ်စီပါ။

Weighted Russian Twists

ခြေထောက်နှစ်ဖက်ကိုစုပြီး ပုံမှာလုပ်ပြထားသလို လုပ်ပေးပါ။ ခြေဖဝါးက ကြမ်းနဲ့မထိထားပဲ နည်းနည်းမြှောက်ထားရပါမယ်။ ပြီးရင် အလေးတစ်ခုခုကို ကိုင်ထားပြီး ဘယ်ဘက်ကိုခါးလှည့်လိုက်၊ အရှေ့ပြန်လှည့်လိုက်၊ ညာဘက်ကိုခါးလှည့်လိုက်၊ အရှေ့ပြန်လှည့်လိုက်နဲ့ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်စီ လုပ်ပေးပါ။

Basic Superman Lift

ဝမ်းလျားမှောက်အနေအထားနဲ့ ခြေထောက်တွေ၊ လက်တွေ အားလုံးကို ဆန့်ထုတ်ထားပါ။ ခြေထောက်နဲ့လက်ကို အပေါ်နည်းနည်းမြှောက်လိုက်၊ အောက်ပြန်ချလိုက်နဲ့ ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ အကြိမ် 20 လုပ်ပေးရင် ရပါပြီ။

Basic Bird-Dog

ပထမပုံထဲကအတိုင်း အရင်ဆုံးစနေပါ။ ပြီးမှ ဘယ်လက်ရှေ့ဆန့်၊ ညာခြေထောက်အနောက်ဆန့်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ ပြီးရင် ညာလက်ရှေ့ဆန့်၊ ဘယ်ခြေထောက် အနောက်ဆန့်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 20 စီ လုပ်ပေးရပါမယ်။