အသက်ကြီးလာတဲ့အခါမှာ အိမ်မှာပေါ့ပေါ့ပါးပါး လုပ်လို့ရမယ့် Exercise လောက်ကိုတော့ လုပ်ပေးသင့်ပါတယ်။ ဒါမှလည်း ပိုနုပျိုပြီး ကြံ့ခိုင်ကျန်းမာနေမှာပါ။ နေ့စဉ်ပြုလုပ်ရမယ့် ဒီ Daily Bodyweight Exercise 7 ခုကတော့ သင့်ကို အသက်ကြီးလာလည်း နုပျိုပြီးကြံ့ခိုင်နေစေဖို့ ကူညီပေးမယ့် Exercise တွေ ဖြစ်ပါတယ်။ နေ့တိုင်းမလုပ်နိုင်ရင်တောင်မှ တစ်ပတ်ကို 4 ရက်လောက် လုပ်ပေးသင့်ပါတယ်။

Hip Flexor Stretch

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 30 နေပြီး မတ်တပ်ပြန်ရပ်၊ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ရမှာမျိုး ဖြစ်ပါတယ်။ လုပ်တဲ့အခါမှာလည်း ချက်ချင်းပြန်ပြီး မတ်တပ်မရပ်ပဲ စက္ကန့် 30 နေပေးရမှာပါ။ တစ်ဖက်ကို အနည်းဆုံး 5 ကြိမ်စီ လုပ်ပေးရင် ရပါပြီ။

Hip Bridges

Yoga ဖျာပေါ်မှာ လှဲပြီးတော့ လက်နှစ်ဖက်ကို ကြမ်းမှာကပ်ထားပါ။ ခန္ဓာကိုယ်ကိုလည်း ကြမ်းမှာကပ်ထားပါ။ ဒူးထောင်ထားပါ။ ပြီးရင် ဒုတိယပုံထဲကအတိုင်း လုပ်ပေးပါ။ ပြီးရင် ဖြေးဖြေးချင်းစီ အောက်ပြန်ချပြီး ပထမပုံထဲကလို ကြမ်းနဲ့ပြန်ကပ်ပါ။ ပြီးရင် ပြန်လုပ်ပါ။ အကြိမ် 20 လုပ်ပေးရပါမယ်။

Pushups

ပုံမှာလုပ်ပြထားတဲ့ Pushups Exercise ကိုတော့ အနည်းဆုံး 15 ကြိမ်ရအောင် လုပ်ပေးပါ။

Bird-Dog

ပထမပုံထဲကလို အနေအထားနဲ့ အရင်ဆုံးနေပါ။ ပြီးတော့မှ ညာလက်ကိုရှေ့ဆန့်ထုတ်၊ ဘယ်ခြေထောက်ကို အနောက်ဆန့်ထုတ်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ ပြီးရင် ဘယ်လက်ကို ရှေ့ဆန့်ထုတ်၊ ညာခြေထောက်ကို အနောက်ဆန့်ထုတ်ပါ။ အဲ့အတိုင်း တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးပါ။

Wall Slides

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်အနေအထား၊ ခြေထောက်အနေအထားကို သေချာလေးတူအောင်လုပ်ပေးပါ။ နံရံမှာကပ်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ လက်နှစ်ဖက်ကိုကွေးထားရာကနေ ဆန့်လိုက်၊ ပြန်ကွေးလိုက်နဲ့ ပုံထဲကအတိုင်း လုပ်ပေးပါ။ အနည်းဆုံး 15 ကြိမ် လုပ်ပေးပါ။

Bear Crawls

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာဆက်တိုက်လုပ်ပြီးမှ 1 ကြိမ်လို့သတ်မှတ်ပြီး စုစုပေါင်း 10 ကြိမ်လုပ်ပေးပါ။

Walk

နောက်ဆုံး Exercise ကတော့ လမ်းလျှောက်ရမှာပဲ ဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် 30 ကြာ လမ်းလျှောက်ပေးရမှာပါ။