အသက် ၂၀ ကျော်လာပြီဆိုတာနဲ့ အသားအရေမှာအရေးအကြောင်းတွေက စပြီးအစပျိုးချင်လာပြီလေ။ ဒီလိုအချိန်မှာ ကောင်းကောင်းထိန်းသိမ်းတတ်ဖို့နဲ့ အသားအရေကိုအိုမင်းရင့်ရော်ခြင်းတွေမဖြစ်အောင် စောင့်ထိန်းသင့်တာတွေကိုလည်း စောင့်ထိန်းဖို့လိုအပ်လာပြီပေါ့။
အသက်အရွယ်ထက်ပိုပြီးရင့်ရော်တဲ့ ပုံစံမျိုးမဖြစ်စေဖို့ဆိုတာ လိုက်နာဆောင်ရွက်သင့်တာလေးတွေကိုလည်း ဂရုပြုမိဖို့ကအရေးပါသေးတယ်လေ။
Skipping Sunscreen
Sunscreen လိမ်းဖို့ကိုရှောင်ဖယ်နေတတ်တဲ့အကျင့်ဆိုးကိုလည်း ပြင်ဆင်သင့်ပါပြီ။ ကိုယ်ကနေပူထဲမထွက်နေဘူးဆိုရင်တောင် လိမ်းဖို့တကယ်လိုအပ်ပါတယ်။ နောက်တစ်ခုက မိန်းကလေးတွေတော်တော်များများ တွေးထင်ထားကြတဲ့ Sunscreen လိမ်းဖို့အချိန်ဆိုတာ ကမ်းခြေသွားမယ့်အချိန်နဲ့ သင်္ကြန်ရေဆော့မယ့်အချိန်တွေကို လိမ်းကြပါတယ်။ ဒီလိုအချိန်တွေမှာက အရမ်းကိုအရေးကြီးတယ်လို့သတ်မှတ်ထားသလိုမျိုးပဲ ပုံမှန်နေ့ရက်တွေမှာဆိုရင်လည်း လိမ်းပေးဖို့လိုပါတယ်။ ဒါမှ အရေပြားပျက်စီးမှုတွေမဖြစ်ပဲ အရေးအကြောင်းတွေကိုလည်း တားဆီးပေးနိုင်မှာပေါ့။
Smoking
ဆေးလိပ်သောက်တယ်ဆိုတာ ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ ထိခိုက်မှုတွေရှိစေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတော်တော်များများရဲ့ အသားအရေတွေကို ဆေးလိပ်ရဲ့ဒဏ်တွေကြောင့် ခြောက်သွေ့လာပြီး အရွယ်မတိုင်ခင်အိုမင်းမှုတွေကို ဖြစ်လာနိုင်ချေပိုများပါတယ်။
Easy anger
အလွယ်တကူစိတ်ဆိုးလွယ်တဲ့အကျင့်တွေ၊ စိတ်ဖိစီးမှုများလွန်းတဲ့သူတွေမှာ ခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေအရ လျှင်မြန်စွာအသက်အရွယ်အိုမင်းစေတတ်ပါတယ်။ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး နေထိုင်တာက အသက်အရွယ်ကိုနုပျိုစေသလို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ကလည်း လိုအပ်ပါတယ်။
Skipping Sunglasses
နေပူတဲ့အချိန်တွေ အပြင်သွားရင် နေကာမျက်မှန်တပ်ဖို့ကို ရှောင်လွဲနေတတ်ကြတဲ့သူတွေတော်တော်များများမှာလည်း အရေးအကြောင်းဖြစ်တာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။
Sleeping on your face
အသားအရေကိုပျက်စီးစေပြီး လျှင်မြန်စွာအိုမင်းစေနိုင်တဲ့နောက်ထပ်တစ်ချက်ကတော့ အိပ်တဲ့အခါမှာ မျက်နှာကိုမှောက်ပြီးအိပ်တဲ့အကျင့်ပါ။ ဒီအကျင့်က အသားအရေအတွက် အရမ်းကိုဆိုးရွားစေနိုင်ပြီး မျက်နှာကိုအရေးအကြောင်းတွေဖြစ်စေဖို့ အခွင့်အလမ်းပိုများနေတာကြောင့် အသားအရေကိုထိန်းသိမ်းချင်တယ်ဆိုရင်တော့ ရှောင်ကျဉ်သင့်ပါတယ်နော်။
Photo Source: Shutterstock