မင်္ဂလာပါနော်။ ပျိုမေတို့ရဲ့ အသားအရေလေး ကြမ်းတမ်းပျက်စီးခြင်းမရှိအောင် ဘယ်လိုအကျင့်ဆိုးတွေကို ရှောင်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ဒီတခါမျှဝေပေးမယ့် အပြုအမူတွေကို ရှောင်ပေးပြီး အသားအရေ ကြမ်းတမ်းခြင်းမှ ကာကွယ်လိုက်ပါ။

၁။ ရေပူပူနဲ့ ရေချိုးခြင်း

ရေပူပူနဲ့ ရေချိုးတာဟာ သင့်အသားအရေကို ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။ သင့်အသားအရေကို ကာကွယ်ပေးနိုင်တဲ့ အဆီတွေကို ဖယ်ရှားပစ်သလို ဖြစ်တာကြောင့် အသားအရေကို ကြမ်းတမ်းစေပါတယ်။

၂။ နေလောင်ဒဏ်ကာကွယ်ပေးတဲ့ခရင်မ် မလိမ်းခြင်း

သင့်အသားအရေကို နေလောင်ဒဏ်ကာကွယ်ပေးတဲ့ ခရင်မ် မလိမ်းပေးဘူးဆိုရင် အသားအရေကို ကြမ်းတမ်းပျက်စီးစေနိုင်ပါတယ်။ အခုလို နေလောင်ခရင်မ်မပါဘဲ နေပူထဲသွားတာမျိုးတွေ မလုပ်သင့်ပါဘူး။

၃။ မကြာခဏ ထိတွေ့ခြင်း

လေထုညစ်ညမ်းမှုတွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ မကြာခဏ ထိတွေ့တာဟာ သင့်အသားအရေကို ကြမ်းတမ်းစေနိုင်ပါတယ်။ ဒါ့အပြင် အခုလိုထိတွေ့လာတဲ့ လက်နဲ့ မျက်နှာအသားအရေကို မကြာခဏ ထိပေးတာဟာလည်း သင့်အသားအရေကို ကြမ်းတမ်းစေပါတယ်။

၄။ မသန့်ရှင်းတဲ့ ပစ္စည်းတွေသုံးခြင်း

မိတ်ကပ်လိမ်းပစ္စည်းတွေ၊ Brush တွေ အပါအဝင် တခြားအသုံးအဆောင်ပစ္စည်းတွေကို သေချာသန့်ရှင်းရေးမလုပ်ဘဲ သုံးပေးတာဟာ သင့်အသားအရေကို ကြမ်းတမ်းစေပါတယ်နော်။ ဒါ့ကြောင့် သင့်ရဲ့ အလှကုန်ပစ္စည်းအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို သေချာလေး သန့်ရှင်းပေးဖို့လိုပါတယ်။

၅။ အသားအရေကို သေချာမထိန်းသိမ်းခြင်း

ရေချိုးပြီးရင် တဘက်နဲ့ ခပ်ကြမ်းကြမ်းသုတ်တိုက်တာမျိုး၊ ဘာပဲလိမ်းလိမ်း ခပ်ဖွဖွလေးမလိမ်းဘဲ ခပ်ကြမ်းကြမ်း ပွတ်လိမ်းပေးလိုက်တာမျိုးတွေဟာ သင့်အသားအရေကို ကြမ်းတမ်းစေနိုင်ပါတယ်။

၆။ မကြာခဏ ကုပ်ခြင်း

သင့်အသားအရေကို မကြာခဏဆိုသလို ကုပ်ပေးတာဟာ အသားအရေကို ကြမ်းတမ်းစေပါတယ်။ အသားအရေ ခြောက်သွေ့ယားယံလာတဲ့အခါ လက်နဲ့ ခပ်ကြမ်းကြမ်းကုပ်ပေးတာမျိုးမဟုတ်ဘဲ ခပ်ဖွဖွလေးပဲ ပွတ်ပေးလိုက်ပါ။