မိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်သားကွက်တာ၊ ထူထူကြီးဖြစ်ပြီး cakey ဖြစ်တာမျိုးတွေဆိုရင် လုံးဝကြည့်လို့မလှပါဘူး။ ဒါကြောင့် မိတ်ကပ်လိမ်းရင်လည်း cakey မဖြစ်ပဲ လှနေစေဖို့အတွက် လိုက်နာရမယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

Foundation သေချာရွေးချယ်ပါ

ကိုယ့် skin type, ကိုယ့် skin tone နဲ့ ကိုက်ညီတဲ့ foundation ကို သေချာရွေးသုံးပါ။ ကိုယ်က အသားခြောက်နေတာကို matte type foundation သုံးမိတာမျိုးဆိုရင် မိတ်ကပ်သားခြောက်ခြောက်ကြီးဖြစ်ပြီး မညီမညာနဲ့ cakey ဖြစ်နေပါလိမ့်မယ်။ ကိုယ့် skin tone ထက် ညိုတာတွေသုံးမိရင်လည်း ပြန်ညှိုပြီး အထပ်ထပ်လိမ်းနေရင် cakey ဖြစ်ပါတယ်။ ဒါကြောင့် foundation ကို သေချာရွေးသုံးဖို့က အရမ်းအရေးကြီးပါတယ်။

Exfoliate ပုံမှန်လုပ်ပေးပါ

မျက်နှာအသားအရေကောင်းနေမှလည်း မိတ်ကပ်လိမ်းရင် လှမှာပါ။ ဒီတော့ တစ်ပတ်တစ်ကြိမ် exfoliate ပုံမှန်လုပ်ပေးပါ။ ဒါမှ အညစ်အကြေးတွေနဲ့ dead skin cells တွေ ဖယ်ရှားပေးပြီး အသားအရေကောင်းစေမှာပါ။

Skincare သေချာလိမ်းပါ

အသားအရေမကောင်းရင် မိတ်ကပ်လိမ်းရတာအဆင်မပြေပါဘူး။ အသားခြောက်ပြီး အဖြူကွက်တွေဖြစ်တာမျိုး၊ cakey ဖြစ်နေသလို look မျိုး ရစေပါတယ်။ မိတ်ကပ်လည်းဆွဲလို့မကောင်းပါဘူး။ ဒါကြောင့် skincare သေချာလိမ်းပါ။ အနည်းဆုံးတော့ မိတ်ကပ်လိမ်းမယ်ဆိုရင် moisturizer လိမ်းရပါမယ်။

Primer လိမ်းပါ

မိတ်ကပ်လိမ်းတဲ့အခါမှာ primer မလိမ်းရင် အချိန်ကြာတဲ့အခါ oxidized ဖြစ်ပြီး မဲသွားတာမျိုး ဖြစ်တတ်ပါတယ်။ Primer လိမ်းပေးမှ မိတ်ကပ်သားညက်ညက်လေးနဲ့ လိမ်းရတာ smooth ဖြစ်ပြီး အဆင်ပြေမှာပါ။ လိမ်းထားတဲ့မိတ်ကပ်ကိုလည်း ကြာရှည်ခံစေပါတယ်။

လက်နဲ့ပွတ်မလိမ်းပါနဲ့

Cakey ဖြစ်တာမျိုး မလိုချင်ဘူးဆိုရင် မိတ်ကပ်လိမ်းတဲ့အခါ ပြီးစလွယ် လက်နဲ့ပွတ်ဆွဲပြီးလိမ်းတာမျိုး လုံးဝမလုပ်ပါနဲ့။ လက်နဲ့လိမ်းတာက မိတ်ကပ်လည်းမညီတဲ့အတွက် မိတ်ကပ်ကွက်တာ၊ မညီတာတွေ ဖြစ်စေပါတယ်။ Makeup sponge, makeup brush စတာတွေနဲ့ သေချာလေးလိမ်းပေးပါ။ ဒါမှမိတ်ကပ်သားညီပြီး သိပ်သိပ်ညက်ညက်လေးနဲ့ လှနေမှာပါ။