မနက်စောစော ဒါမှမဟုတ် ညအိပ်ယာမ၀င်ခင် အခုပြောပြမဲ့ နည်းလမ်း ၅ သွယ်ကိုပြုလုပ်ဖို့ အကြံပြုလိုက်ပါရစေ။ စိတ်ကိုလည်းတည်ငြိမ်စေတဲ့အပြင် လုပ်ရတာလွယ်ကူရိုးရှင်းပါတယ်။
သိပ်လည်းအပန်းမကြီးတာမို့ စာဖတ်သူတို့ လိုက်လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ မနက်ပိုင်းမှာလုပ်မယ်ဆိုရင် အရေးကြီးဆုံးက မနက်စာစားဖို့ပါပဲ။ ဒါမှ တစ်နေ့တာလုံးမှာ လုပ်ဆောင်ရမဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။
ညအိပ်ယာဝင်ခါနီးလုပ်မယ်ဆိုရင်လည်း အိပ်ရေးဝစေမှာမို့ ကဲဘာလိုသေးလဲရှင်။
မြွှေဟောက်ပုံအနေအထား
မြွှေတွေလို ခန္ဓာကိုယ်အောက်ပိုင်းကို ကြမ်းပြင်မှာထားပြီး ခါးအထက်ပိုင်းကို အပေါ်ကို ထောင်ပေးထားရမှာပါ။ ဗိုက်သားကို ကြမ်းပြင်နဲ့ထိနေပါစေ။
တံတောင်ဆစ်နှစ်ဖက်ကို ညီအောင်ထားပါ။ ခြေချောင်းနဲ့ ခြေဖမိုးတို့ကိုလည်း ကြမ်းပြင်နဲ့ ထိနေပါတယ်။
အသက်ကိုခပ်ဖြည်းဖြည်း ရှုသွင်းပြီး ရင်ပတ်ကို ကော့ပေးထားပါ။
ဒီအတိုင်း စက္ကန့် ၃၀ လောက်နေပေးပါ။
ပြီးရင် အသက်ခပ်ဖြည်းဖြည်း ပြန်ရှုထုတ်ပြီး ပုံမှန်အနေအထားနဲ့ ပြန်နေပါ။
၁၅ စက္ကန့်နောက်နားပေးပြီး ၅ ကြိမ်လောက်လုပ်ပေးပါ။
မြှားပုံစံအနေအထား
ပုံမှာပြထားသလိုပါပဲနော် လူက အသင့်ပစ်လို့ရတဲ့ မြှားပုံစံအနေထားပါ။
ခန္တာကိုယ်ကို မှောက်ချလိုက်ပြီး ခြေထောက်နှစ်ချောင်းကို လက်နှစ်ဖက်နဲ့ ပြန်ထိန်းပေးရမှာပါ။
ပြီးရင် ဒူးကိုကွေးပြီး ခြေထောက်ကို ဖြည်းဖြည်းလေးမတင်လိုက်ပါ။
အသက်ခပ်ဖြည်းဖြည်းလေး ရှုသွင်းပြီး စက္ကန့် ၃၀ လောက်နေပါ။
ပြီးရင်ခပါဖြည်းဖြည်း ရှုထုတ်ပြီး ခြေထောက်ကိုပြန်ချပါ။ ၁၅ စက္ကန့်လောက်နားပြီး ၅ ကြိမ်လောက်လုပ်ပေးပါ။
လှေပုံစံ
ခန္တာကိုယ်ကို ပုံမှာပြထားတဲ့အတိုင်း လှေပုံစံနေပေးရမှာပါ။
ကျောပြင်နဲ့ ကြမ်းခင်းပေါ် လှဲချပြီး လက်နဲ့ခြေထောက်ကို တညီတည်းထားရမှာပါ။
အသက်ကိုခပ်ဖြည်းဖြည်းရှုသွင်းပြီး ခြေထောက်ကို ခပ်ဖြည်းဖြည်းလေး မတင်ပါ။
ပြီးရင် တည့်တည့်ထားပါ။
ပြီးရင် ခန္ဓာကိုယ်ကို မနိုင်သလောက်အပေါ်ကို ခပ်ဖြည်းဖြည်းလေးမပေးပါ။
အသက်ကို ပြီးရင်အသက်ကို ရှုသွင်းပြီး လက်ကိုမပါ။ ခြေထောက်ကို ထိအောင်ကိုင်ပေးထားပါ။ ကိုယ်ဆန့်နိုင်သမျှ ကြိုးစားလုပ်ကြည့်ပါ။
ကိုယ့်ဟန်အနေအထား ၄၅ ဒီဂရီထားပါ။
ပြီးရင် ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀လောက် တောင့်ထားပါ။
အသက်ကိုခပ်ဖြည်းဖြည်းပြန်ရှုထုတ်ပြီး ပုံမှန်အတိုင်းပြန်နေပါ။
၁၅ စက္ကန့်လောက်နားပြီး တစ်နေ့ ၅ ကြိမ်လောက်လုပ်ပါ။
Khumbhakasana
ဒီအနေအထားကတော့ ကိုယ်ဟန်မတ်မတ်နဲ့ ဟန်ချက်ညီမှုကို ဆိုလိုတာပါ။
လက်နဲပခြေထောက်အနေအထားကို ပုံမှာပြထားသလိုတည့်တည်းထားထားတာပါ။
ပြီးတော့ ခြေဖ၀ါးတွေကို ဖြေကြီးနဲ့မထိဘဲ ခြေထောက်နဲ့ထောက်ထားရမှာပါ။
ကျောရိုးနဲ့ လည်ပင်ကို ဖြောင့်ဖြောင့်ထားပြီး အသက်ရှုသွင်းပါ။
ဒါက ခန္တာကိုယ်အချိုးအစားဖြောင့်မတ်စေမှာပါ။
ဒီအနေအထားအတိုင်း စက္ကန့် ၃၀ လောက်နေပေးပါ။
ပြီးရင်အသက်ရှုထုတ်ပြီး ဒူးကို ကြမ်းပြင်ပေါ်ချလိုက်ပါ။ ၅ ကြိမ်လောက် လုပ်ပေးပါ။
Wind Relieving Pose
ဒီအနေအထားကို အင်္ဂလိပ်လိုတော့ Wind Relieving Pose လို့ခေါ်ပါတယ်။ ၀မ်းဗိုက် အစာအိမ်ထဲမှာ ရှိနေတဲ့ အငွေ့တွေကို ထုတ်ပေးဖို့ ကူညီပေးတာကြောင့် အဲဒီလိုခေါ်ဆိုရတာပါတဲ့။
ခန္တာကိုယ်ကိုလှဲချုလိုက်ပြီး သက်သောင့်သက်သာနေပါ။
ပြီးရင် ခြေထောက်နှစ်ချောင်းကို မတ်မတ်ထားပြီး လက်နှစ်ဖက်ကို ဘေးမှာချထားပါ။
ပြီးရင် အသက်ရှုထုတ်ပြီး ဒူးခေါင်းကို ကွေးလိုက်ပါ။ ရင်ဘတ်နားထိကွေးပါ။
အစာအိမ်ကနေ ဖိအားပေးသလိုမျိုး တစ်ခုခုမခံစားရခင်ထိ အဲဒီလိုထားပေးပါ။ ၁၀ စက္ကန့်လောက် ထိန်းထားပေးပါ။
ပြီးရင် အသက်ရှုထုတ်ပြီး လက်နှစ်ဖက်ကိုတုတ်ကာ ဒူးကို ထိန်းထားပေးပါ။ မျက်နှာနဲ့ ဒူးခေါင်း နီးနိုင်သမျှ နီးတဲ့ထိလုပ်ပေးပါ။
အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ထုတ်လိုက်လုပ်ပါ။ စက္ကန့် ၉၀ လောက်လုပ်ပေးပါ။
ပြီးရင် အသက်ကိုခပ်ပြင်းပြင်းရှုထုတ်လိုက်ပြီး ပုံမှန်အနေအထားပြန်နေပါ။
၅ ကြိမ်လောက် လုပ်ပေးပါ။
တစ်လလောက်လုပ်တာနဲ့ ရလဒ်တွေထူးလာမှာမို့ ပြုလုပ်ပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကို စားဖို့မမေ့ပါနဲ့။
ဒီနည်းလမ်းတွေကို တစ်နေ့ တစ်ကြိမ်တော့ အနည်းဆုံးလုပ်ပေးပါ။
Source: The Science of Eating