(Zawgyi Version)

အားလံုးပဲမဂၤလာပါေနာ္။ တခ်ိဳ႕ေတြက ေျပာၾကပါတယ္။ ဒီဇင္ဘာက ခ်စ္သူေတြအတြက္ လပါတဲ့။ ဘာလို႔လဲဆိုေတာ့ အပူခ်ိန္နည္းေတာ့ ကိုယ္သြားခ်င္တဲ့ေနရာသြားႏိုင္လို႔ပါ။ စံုတြဲေတြ ေဆာင္းရာသီမွာ အမွတ္တရျဖစ္ဖို႔ ဒီလိုေလးေတြ ဒိတ္ႏုိင္ပါတယ္။ ခုေျပာထားတဲ့ Dating Idea ေတြေၾကာင့္ ဒီႏွစ္ေဆာင္းရာသီက သင္တို႔ႏွစ္္ဦးအတြက္ တစ္သက္မေမ့ႏိုင္တဲ့ အခ်ိန္အခါတစ္ခုျဖစ္လာမွာပါ။ သင့္ခ်စ္သူကို ဒီအေၾကာင္းအရာေလးျမင္ေအာင္ Mention ေခၚဖို႔လည္း မေမ့နဲ႔ဦးေနာ္။ အိုင္ဒီယာေတြက ဘယ္လိုလဲဆိုေတာ့-

၁။ ရိုမန္႔တစ္ဆန္တဲ့ ရုပ္ရွင္တစ္ခုကို တူတူၾကည့္ပါ

Source: Polygon.com

သရဲကားဟာသကားမဟုတ္ဘဲ ခ်စ္သူႏွစ္ဦးရဲ႕ အခ်စ္ကို ေဖာ္က်ဴးထားတဲ့ဇာတ္လမ္းမ်ိဳးပါ။ တစ္ခါတေလ ဇာတ္လမ္းေတြကေန အသိပညာေတြ၊ အေတြ႕အၾကံဳေတြရယူႏိုင္ပါတယ္။ ဒီလိုလုပ္ရင္ ဒီလိုအက်ိဳးဆက္ျဖစ္မယ္ဆုိတာ သိႏုိင္ပါတယ္။ ဒီေတာ့သူနဲ႔ တူတူလက္ခ်င္းခ်ိတ္ျပီး ရိုမန္႔တစ္ဆန္တဲ့ ရုပ္ရွင္တစ္ခုၾကည့္လိုက္ပါ။ အခုရံုတင္ထားတဲ့ ရိုမန္႔တစ္ဘက္သြားတဲ့ ဇာတ္လမ္းကေတာ့ “Last Christmas” ပါ။

၂။ ညမီးေရာင္ေတြတူတူၾကည့္ပါ

Source: Herbeauty.co

Lightning Festival ေတြက အမ်ားစု ဒီဇင္ဘာလမွာ က်င္းပေလ့ရွိပါတယ္။ သူနဲ႔တူူတူ ညမီးေရာင္ေတြ တစ္သီတသန္းနဲ႔ လွပလြန္းတဲ့ေနရာေတြသြားပါ။ သင္က ေယာက်ာ္းေလးဆုိရင္ သင့္ခ်စ္သူကို ပံုလွလွေလးေတြ စိတ္ရွည္ရွည္ရိုက္ေပးပါ။ အခုဆိုရင္ ရန္ကုန္မွာ Lightning လွတဲ့ Time City လည္းရွိေနပါျပီ။ မီးေရာင္ေတြၾကည့္ျပီး ရႊန္းလဲ့ေနတဲ့သင့္ခ်စ္သူရဲ႕ မ်က္ဝန္းေတြကို ခုိးၾကည့္လို႔လည္းရပါတယ္။

၃။ ခရီးတူတူသြားပါ

Source: TripZilla.com

သင္တို႔က လက္မထပ္ရေသးတဲ့ခ်စ္သူေတြဆိုရင္ ႏွစ္ေယာက္တည္းမဟုတ္ဘဲ သူငယ္ခ်င္းေတြနဲ႔သြားႏိုင္ပါတယ္။ ပင္လယ္ကမ္းေျခကို တူတူသြားပါ။ စြန္႔စားရတဲ့ခရီးေတြ ေရႊလက္တြဲျပီး သြားပါ။ ဒီေဆာင္းရာသီက သင္တို႔ႏွစ္ဦးအတြက္ပါပဲ။

၄။ ေဟာ့ေပါ့တူတူစားပါ

Source: Thrillist.com

ရာသီဥတုေအးေအးေလးနဲ႔ ပူပူေႏြးေႏြးအစားအေသာက္တစ္ခုက သင္တို႔ႏွစ္ဦးကို ေက်နပ္ေစမွာပါ။ ပူပူေလးနဲ႔ ခံတြင္းထဲ လွ်ာလည္သြားမယ့္ အစားအေသာက္တစ္ခုခုစားနိုင္ပါတယ္။

၅။ မနက္စာတူူတူစားပါ

Source: Shutterstock.com

ရာသီဥတုေအးလာတဲ့အခ်ိန္ မနက္ပိုင္း ဒိတ္ရတာကလည္း အရသာတစ္မ်ိဳးပါ။ သူနဲ႔ အခ်ိန္းအခ်က္လုပ္ျပီး မနက္စာတူူတူစားပါ။ ေတြးရံုနဲ႔တင္ ေပ်ာ္စရာပဲေနာ္။

၆။ Shopping တူတူထြက္ျပီး ဆင္တူအေႏြးထည္ဝယ္ပါ

Source: Stylevore.com

သင့္ကို အေႏြးဓာတ္ေပးမယ့္ အေႏြးထည္လွလွေလးကို ခ်စ္သူနဲ႔ သြားဝယ္ပါ။ သင္တို႔ႏွစ္ဦးလံုး အေရာင္တူတဲ့ ဆြယ္တာျဖစ္ျဖစ္ Hoodie ျဖစ္ျဖစ္ဝယ္ပါ။ ဒီေဆာင္းတြင္းမွာ ခ်စ္သက္ေသထူခဲ့ေၾကာင္း ဆင္တူဝတ္စံုေလးကို ၾကည့္ျပီး သင္အမွတ္ရေနမွာပါ။

၇။ ေရခဲမုန္႔ျပိဳင္စားပါ

Source: Shutterstock.com

ရာသီဥတုေအးတဲ့အခ်ိန္ ထူးထူးဆန္းဆန္းေလးလုပ္ရတာကလည္း အရသာပါ။ ေအးေနတဲ့အခ်ိန္ ေရခဲမုန္႔ႏွစ္ခုဝယ္ျပီး ဘယ္သူအရင္ကုန္မလဲ ျပိဳင္ပါ။ ရံႈးတဲ့လူက ခုိင္းတဲ့အတိုင္းလုပ္ေၾကးဘာညာ သတ္မွတ္ပါ။ သင္တို႔ႏွစ္ေယာက္အတြက္ အမွတ္တရျဖစ္မွာပါ။

(Unicode Version)

အားလုံးပဲမင်္ဂလာပါနော်။ တချို့တွေက ပြောကြပါတယ်။ ဒီဇင်ဘာက ချစ်သူတွေအတွက် လပါတဲ့။ ဘာလို့လဲဆိုတော့ အပူချိန်နည်းတော့ ကိုယ်သွားချင်တဲ့နေရာသွားနိုင်လို့ပါ။ စုံတွဲတွေ ဆောင်းရာသီမှာ အမှတ်တရဖြစ်ဖို့ ဒီလိုလေးတွေ ဒိတ်နိုင်ပါတယ်။ ခုပြောထားတဲ့ Dating Idea တွေကြောင့် ဒီနှစ်ဆောင်းရာသီက သင်တို့နှစ််ဦးအတွက် တစ်သက်မမေ့နိုင်တဲ့ အချိန်အခါတစ်ခုဖြစ်လာမှာပါ။ သင့်ချစ်သူကို ဒီအကြောင်းအရာလေးမြင်အောင် Mention ခေါ်ဖို့လည်း မမေ့နဲ့ဦးနော်။ အိုင်ဒီယာတွေက ဘယ်လိုလဲဆိုတော့-

၁။ ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင်တစ်ခုကို တူတူကြည့်ပါ


Source: Polygon.com

သရဲကားဟာသကားမဟုတ်ဘဲ ချစ်သူနှစ်ဦးရဲ့ အချစ်ကို ဖော်ကျူးထားတဲ့ဇာတ်လမ်းမျိုးပါ။ တစ်ခါတလေ ဇာတ်လမ်းတွေကနေ အသိပညာတွေ၊ အတွေ့အကြုံတွေရယူနိုင်ပါတယ်။ ဒီလိုလုပ်ရင် ဒီလိုအကျိုးဆက်ဖြစ်မယ်ဆိုတာ သိနိုင်ပါတယ်။ ဒီတော့သူနဲ့ တူတူလက်ချင်းချိတ်ပြီး ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင်တစ်ခုကြည့်လိုက်ပါ။ အခုရုံတင်ထားတဲ့ ရိုမန့်တစ်ဘက်သွားတဲ့ ဇာတ်လမ်းကတော့ “Last Christmas” ပါ။

၂။ ညမီးရောင်တွေတူတူကြည့်ပါ


Source: Herbeauty.co

Lightning Festival တွေက အများစု ဒီဇင်ဘာလမှာ ကျင်းပလေ့ရှိပါတယ်။ သူနဲ့တူူတူ ညမီးရောင်တွေ တစ်သီတသန်းနဲ့ လှပလွန်းတဲ့နေရာတွေသွားပါ။ သင်က ယောကျာ်းလေးဆိုရင် သင့်ချစ်သူကို ပုံလှလှလေးတွေ စိတ်ရှည်ရှည်ရိုက်ပေးပါ။ အခုဆိုရင် ရန်ကုန်မှာ Lightning လှတဲ့ Time City လည်းရှိနေပါပြီ။ မီးရောင်တွေကြည့်ပြီး ရွှန်းလဲ့နေတဲ့သင့်ချစ်သူရဲ့ မျက်ဝန်းတွေကို ခိုးကြည့်လို့လည်းရပါတယ်။

၃။ ခရီးတူတူသွားပါ


Source: TripZilla.com

သင်တို့က လက်မထပ်ရသေးတဲ့ချစ်သူတွေဆိုရင် နှစ်ယောက်တည်းမဟုတ်ဘဲ သူငယ်ချင်းတွေနဲ့သွားနိုင်ပါတယ်။ ပင်လယ်ကမ်းခြေကို တူတူသွားပါ။ စွန့်စားရတဲ့ခရီးတွေ ရွှေလက်တွဲပြီး သွားပါ။ ဒီဆောင်းရာသီက သင်တို့နှစ်ဦးအတွက်ပါပဲ။

၄။ ဟော့ပေါ့တူတူစားပါ


Source: Thrillist.com

ရာသီဥတုအေးအေးလေးနဲ့ ပူပူနွေးနွေးအစားအသောက်တစ်ခုက သင်တို့နှစ်ဦးကို ကျေနပ်စေမှာပါ။ ပူပူလေးနဲ့ ခံတွင်းထဲ လျှာလည်သွားမယ့် အစားအသောက်တစ်ခုခုစားနိုင်ပါတယ်။

၅။ မနက်စာတူူတူစားပါ


Source: Shutterstock.com

ရာသီဥတုအေးလာတဲ့အချိန် မနက်ပိုင်း ဒိတ်ရတာကလည်း အရသာတစ်မျိုးပါ။ သူနဲ့ အချိန်းအချက်လုပ်ပြီး မနက်စာတူူတူစားပါ။ တွေးရုံနဲ့တင် ပျော်စရာပဲနော်။

၆။ Shopping တူတူထွက်ပြီး ဆင်တူအနွေးထည်ဝယ်ပါ


Source: Stylevore.com

သင့်ကို အနွေးဓာတ်ပေးမယ့် အနွေးထည်လှလှလေးကို ချစ်သူနဲ့ သွားဝယ်ပါ။ သင်တို့နှစ်ဦးလုံး အရောင်တူတဲ့ ဆွယ်တာဖြစ်ဖြစ် Hoodie ဖြစ်ဖြစ်ဝယ်ပါ။ ဒီဆောင်းတွင်းမှာ ချစ်သက်သေထူခဲ့ကြောင်း ဆင်တူဝတ်စုံလေးကို ကြည့်ပြီး သင်အမှတ်ရနေမှာပါ။

၇။ ရေခဲမုန့်ပြိုင်စားပါ


Source: Shutterstock.com

ရာသီဥတုအေးတဲ့အချိန် ထူးထူးဆန်းဆန်းလေးလုပ်ရတာကလည်း အရသာပါ။ အေးနေတဲ့အချိန် ရေခဲမုန့်နှစ်ခုဝယ်ပြီး ဘယ်သူအရင်ကုန်မလဲ ပြိုင်ပါ။ ရှုံးတဲ့လူက ခိုင်းတဲ့အတိုင်းလုပ်ကြေးဘာညာ သတ်မှတ်ပါ။ သင်တို့နှစ်ယောက်အတွက် အမှတ်တရဖြစ်မှာပါ။

By MyStyle Myanmar