ဒီဆောင်းပါးကိုမဖတ်ခင် စာရေးသူ ဗေဒင်ဆရာမဟုတ်ဘူးဆိုတာ အရင်ပြောချင်ပါတယ်နော်။ အိင်္ဂလိပ်ဆောင်းပါးတစ်ခုကနေ မြန်မာလို ဘာသာပြန်ဆိုပေးထားတာပါ။

တူရာသီဖွာ

Libra တူရာသီဖွားတွေကတော့ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ အောက်တို ၂၂ နေ့ထိမွေးဖွားတဲ့သူတွေပါ။ သူတို့တွေဟာ ချိန်ခွင်နဲ့ တူတဲ့သူတွေပါ။ အလုပ်တစ်ခုကို မျှမျှတတတွေးခေါ်လုပ်ကိုင်တတ်သူဖြစ်ပြီး ပြဿတစ်ခုခုကို ကျိုးကြောင်း ဆင်ခြင်ဖြေရှင်းသူဖြစ်ပါတယ်။ လူလူချင်း စာနာတတ်သူဖြစ်ပါတယ်။ စကားပြောတာ နည်းနည်းဘုကျပေမယ့် နှလုံးသားကတော့ တကယ်နူးညံ့သူပါ။ အသည်းမာတဲ့သူဖြစ်ပြီး လူတစ်ယောက်ကို ချစ်ဖို့ ခက်ခဲတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မိမိကိုယ်သာအချစ်ဆုံးဖြစ်တယ်လို့ သတ်မှတ်ခံရသူပါ။ သူဟာ လူတွေကို ဦးဆောင်ရသူဖြစ်ပြီး လေးစားချစ်ခင်မှုကိုလည်း ခံရသူတစ်ဦးဖြစ်ပါတယ်။ သူတို့ဟာ သင့်ရဲ့ စိတ်ကူးစိတ်သန်းတွေကိုတော့ ဖိနှပ်ပြောဆိုမှာမဟုတ်ပါဘူး။ သူနဲ့ လက်ထပ်ပြီးရင် သင့်ဘ၀တိုးတက်ဖို့အတွက် သူက မြေတောင်မြောက်ပေးမှာပါ။ သူတို့ကြောင့် သင့်ကို ကျရှုံးစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ လွယ်လွယ်ချစ်တတ်သူတစ်ယောက်မဟုတ်ပါဘူး။ နှလုံးသားက နူးညံ့သလောက် အသည်းမာတဲ့သူဖြစ်ပါတယ်နော်။

မေထုန်ရာသီဖွား (Gemini)

မေထုန်ရာသီဖွားတွေကတော့ မေလ ၂၁ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့ထိမွေးဖွားသူဖြစ်ပါတယ်။ သူတို့ဟာ ဟာသဥာဏ်ရှိသူဖြစ်ပြီး သူ့ဘေးမှာရှိတဲ့သူတွေကို ရယ်မောပျော်ရွှင်စေတဲ့သူပါ။ လူမှုဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်မိပြီဆိုရင် သင့်အတွက် ဘယ်လိုအတားအဆီးမျိုးရှိပါစေ ရင်ဆိုင်တိုက်ခိုက်နိုင်သူဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ကို ပိုင်ဆိုင်ထားရင်တော့ သင့်ဟာ အရမ်းကိုကံကောင်းပါတယ်။ သူတို့တွေက အရမ်းကို ကြင်နာတတ်လို့ပါ။ သူငယ်ချင်းမိတ်ဆွေဖွဲ့ရာမှာလည်း သိပ်ကိုကောင်းမွန်ပြီး သင့်ကို ဘယ်တော့မှ လျစ်လျူရှုမှာမဟုတ်ပါဘူး။ အချစ်ရေးမှာ ကံကောင်းခြင်းတွေကို ယူဆောင်လာမယ့်သူတွေဖြစ်ပါတယ်။ သူနဲ့နေမယ်ဆိုရင်တော့ စိတ်ချမ်းသာစရာ Surprise လေးတွေ အများကြီး သင်တွေ့ရမှာပါ။။

ဗြိစ်ဆာရာသီဖွား (Scorpio)

အောက်တိုဘာလ ၂၃ ရက်နေ့ကနေ နိုဝင်ဘာလ ၂၁ ရက်နေ့ ထိမွေးဖွားတဲ့သူတွေကို ဗြိစ်ဆာရာသီဖွားလို့ သတ်မှတ်ပါတယ်။ အချစ်ရးနဲ့ ပတ်သတ်လာရင် လက်တွေ့ကျကျလုပ်ဆောင်တတ်သူဖြစ်ပါတယ်။ ဘာသာရေးကို လိုက်စားသူတစ်ဦးပါ။ လက်ထပ်တာနဲ့ ပတ်သတ်လို့ သိပ်ကို အလေးထားသူဖြစ်ပြီး သင့်ရဲ့ အတွေးအခေါ်အယူအဆတွေဟာ သူ့အတွက် အရေးပါပါတယ်။ လွတ်လပ်မှုကို အလေးထားသူဖြစ်ပြီး သင့်ကိုလည်း အဲဒီလိုအခွင့်အရေးမျိုးပေးသူဖြစ်ပါတယ်။

ဒါပေမယ့် သူတို့တွေကိုလိမ်တာ သူတို့ရဲ့ ယုံကြည်မှုကို ချိုးဖောက်တာမျိုးဆိုရင်တော့ သင့်ဆီကို သူ လုံးဝပြန်လာမှာမဟုတ်ပါဘူး။ လိမ်ညာတာတွေကိုမကြိုက်ဘူး။ ဟန်ဆောင်တာတွေို့ မကြိုက်တဲ့သူဖြစ်ပါတယ်။ သူလို့လူမျိုးကို ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ သူ့အပေါ် အပြည့်အ၀သာ ရိုးသားပေတော့။ ဒါဆိုရင်တော့ သင့်ကို ကဗျာဆန်တဲ့အရာတွေကို သူဖန်တီးပေးမှာဖြစ်ပါတယ်။ သူဟာ မိန်းမကျမ်ဒကျေသူတစ်ဦးဖြစ်ပြီး သိပ်ကို Romantic ဆန်တာကြောင့် အမျိုးသမီးတွေတော်တော်များများကို စွဲဆောင်ထားနိုင်သူပါ။

ကရကဋ်ရာသီဖွား (Cancer)

သင့်ရဲ့ချစ်သူက ဇွန်လ ၂၁ ရက်နေ့နေ ဇူလိုင် ၂၂ ရက်နေ့ထိ တစ်ရက်ရက်မှာ မွေးဖွားသူဆိုရင်တော့ ကရကဋ်ရာသီဖွားဖြစ်ပါတယ်။ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေချင်သူပါ။ သူ့ရဲ့ မိသားစုဆွေးမျိုးတွေကိုချစ်ပြီး တန်ဖိုးရှိတဲ့အချိန်တွေကို အတူတူ ကုန်ဆုံးသူပါ။ သူ့ကိုလက်ထပ်ယူမယ်ဆိုရင် သူ့ရဲ့ အာရုံစူးစိုက်မှုကို တကူတက ရယူစရာမလိုပါဘူး။ သူ့အတွက် သင်ဟာ ပထမပါပဲ။ သင့်အပေါ် ချစ်ခင်မြတ်နိုးတဲ့ ခင်ပွန်းလောင်းဖြစ်သလို ကလေးတွေလည်း အရူးအမူးချစ်တဲ့ ဖမင်တစ်ဦးပါ။ ကလေးတွေကို အရမ်းချစ်တဲ့သူဖြစ်ပါတယ်။ သူဟာ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်သလို ဖခင်ကောင်းတစ်ယောက်ဖြစ်မှာသေချာပါတယ်။ ကလေးတွေကို သင်ခန်းစာတွေသင်ပေးပြီး အားကစားတွေလည်း လုပ်ပေးတဲ့သူ။ သူ့ရဲ့အချိန်တွေကို သူ့ရဲ့ သွေးသားတွေအတွက် ပေးဆပ်ရှင်သန်မယ့်သူပါ။ တစ်ခါတလေကျတော့ သင့်ကို ဟင်းကောင်းကောင်းတွေ ချက်ကျွေးဦးမှာပါ။