အားလုံးပဲ မင်္ဂလာပါ။ ဖေ့ဘွတ်ခ်တို့ အင်စတာဂရမ်တို့မှာ ဓာတ်ပုံတွေ တင်လေ့ရှိကြပါသလား။ လေ့လာချက်များအရ သင် အင်စတာဂရမ်တို့ ဖေ့ဘွတ်ခ်တို့မှာ တင်တဲ့ ဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် သင့်ရဲ့ စိတ်နေစိတ်ထား၊ ချစ်သူရှိမရှိကို သိနိုင်တဲ့အပြင် သင့်ကျန်းမာရေးကိုတောင် ဖော်ပြနိုင်ပါတယ်။

ဓာတ်ပုံအရောင်ရင့်ရင့်နဲ့ အရောင်ဖျော့ဖျော့ အရောင်နုနုဓာတ်ပုံများ

ပညာရှင်တွေရဲ့ လေ့လာချက်အရ ရည်းစားရှိတဲ့ လူတွေက ရည်းစားမရှိတဲ့သူတွေထက် အရောင်တောက်တောက်ဓာတ်ပုံတွေကို ရွေးတင်လေ့ရှိပါတယ်။ ဒါ့အပြင် လူမှုဆက်ဆံရေးကောင်းတဲ့သူတွေကလည်း အရောင်တောက်တဲ့ပုံတွေ တင်လေ့ရှိကြပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူတွေကျပြန်တော့ အရောင်မှိုင်းမှိုင်းဓာတ်ပုံ၊ အဖြူအမဲဓာတ်ပုံတွေ တင်ရတာ ပိုသဘောကျကြပါတယ်။

အစားအစာဓာတ်ပုံတွေ တင်တဲ့သူနဲ့ စုံတွဲပုံ တင်တဲ့သူ

ကိုယ်ပြုလုပ်ထားတဲ့ အစားအစာတွေကို ဓာတ်ပုံရိုက်ပြီး တင်လေ့ရှိတဲ့သူတွေကျတော့ ကျန်းမာရေးနဲ့ညီညွှတ်မျှတဲ့အစားအစာတွေကို စားလေ့ရှိကြပြီးတော့ ကိုယ်အလေးချိန်ကျနိုင်ခြေများပါတယ်။ စုံတွဲဓာတ်ပုံတွေကို မကြာခဏတင်လေ့ရှိတဲ့သူတွေကျတော့ သူတို့သမီးရည်းစားဆက်ဆံရေးမှာ ကြုံတွေ့နေရတဲ့ ပြဿနာများကို လူသိမခံစေချင်ဘဲ ပျော်ရွှင်ယောင်ဆောင်နေကြတဲ့သူတွေလို့ ကျွမ်းကျင်ပညာရှင်တစ်ချို့က မှတ်ချက်ပေးခဲ့ကြပါတယ်။

ဓာတ်ပုံထဲမှာ မပြုံးတဲ့သူနဲ့ ပြုံးရယ်တတ်တဲ့သူ

အသက် ၂၅ နှစ်အောက် လူငယ်တွေက ဓာတ်ပုံထဲမှာ ပြုံးရယ်ခြင်းမရှိကြပါဘူး။ အသက် ၂၅ နှစ်အထက်လူတွေကတော့ ဓာတ်ပုံရိုက်ရင် ပြုံးရယ် တတ်ကြပါတယ်။

Selfie ဆွဲတဲ့သူမှာလည်း အမျိုးအစား ၃ မျိုးကွဲသွားပြန်ပါတယ်။

ပထမပုံထဲက သူတွေကတော့ သတင်းအချက်အလက်တွေ ဝေမျှပေးသူပေါ့။ သူတို့တင်တဲ့ပုံအောက်မှာ အကောင့်ထဲက သူငယ်ချင်းများက စိတ်ဝင်တစား ဝင်ရောက်ပါဝင်ဆွေးနွေးတာကို လိုလားကြတဲ့သူတွေပါ။ ဒုတိယအမျိုးအစားကတော့ မှတ်တမ်းတင်တတ်ကြတဲ့သူတွေပါ။ သူတို့က တန်ဖိုးရှိတဲ့အချိန်တွေကို အမှတ်တရဖြစ်သွားအောင်လို့ Selfie ဆွဲကြပါတယ်။ သူတို့ပုံက Like အများကြီးရတာ မရတာကို သိပ်ဂရုမစိုက်တတ်ကြပါဘူး။ တတိယမြောက်အမျိုးအစားကတော့ သူတို့ဘဝမှာ ကြုံတွေ့နေရတဲ့ အကောင်းအဆိုးတွေထဲကမှ အကောင်းဆုံးအချိန် သူတို့အလှအပဆုံးအချိန်တွေကိုပဲ လူတကာကို ကြေညာတတ်တဲ့ Selfie သမားတွေပါပဲ။

စာဖတ်သူတို့ရော အခုဖော်ပြပေးသွားတဲ့ အမျိုးအစားတွေထဲမှာ အစားအသောက်ပုံတွေကို တင်တတ်တဲ့သူလား။ ဓာတ်ပုံရိုက်ရင် ပြုံးရယ်တတ်တဲ့သူတွေလား။ Selfie ဆွဲရင်ရော ဘယ်လိုဆွဲကြပါသလဲ။ အခုဖော်ပြပေးသွားတဲ့အကြောင်းအရာတွေကရော တိုက်ဆိုင်မှုရှိရဲ့လား။

Source: Brightside.me