အားလုံးပဲ မင်္ဂလာပါ၊ အခုဆော့မယ့် ဂိမ်းလေးကတော့ ကိုယ့်အကြောင်းကို ခရေစေ့တွင်းကျပြောပြပေးမယ့် ဂိမ်းလေးပါ။ တိရစ္ဆာန်အကောင်များစွာကို ပုံတစ်ပုံထဲမှာ ရောပြွမ်းပြီးထည့်ထားမှာပါ။ အဲ့ဒီပုံလေးထဲကနေ သင်ပထမဦးဆုံးမြင်လိုက်တဲ့ တိရစ္ဆာန်က သင့်အကြောင်းကိုရော သင့်စဉ်းစားတွေးခေါ်ပုံတွေကိုပါ ကွက်ကွက်ကွင်းကွင်းဖော်ပြပေးပါလိမ့်မယ်။

ဒီပုံကို အချိန်အကြာကြီးမယူဘဲနဲ့လျှပ်တစ်ပြက်ကြည့်လိုက်ပါ

အရင်ဆုံးမြင်လိုက်တဲ့ တိရစ္ဆာန်က ဘာအကောင်လေးလဲ

ကျား

ကျားရဲ့ သဘာဝက စွမ်းအင်နဲ့ အာဏာကို ရည်ညွှန်းပါတယ်။ ဒီပုံကို အရင်ဆုံးမြင်လိုက်တဲ့ သင်က ဒေါသကြီးတဲ့သူတစ်ယောက်ပါ။ ကျားဆိုတဲ့ တိရစ္ဆာန်က အမဲလိုက်ရာမှာ သူ့သားကောင်ကို သေချာစောင့်ကြည့်ပြီး အခွင့်အခါသာပြီဆိုမှ သားကောင်ကို ခုန်အုပ်လိုက်တာပါ။ သင်လည်း အဲ့လိုပါပဲ ကိုယ့်အတွက် အခွင့်အခါကောင်းကို စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းတတ်သူပေါ့။ သင်ကရည်ရွယ်ချက်ကြီးမားတယ်။ တခြားသူတွေပေးတဲ့ အကြံဉာဏ်ကိုလည်း လျစ်လျူရှုလေ့မရှိဘဲ ဂရုတစိုက်နားထောင်တတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့ စည်းစနစ်မကျတဲ့ အကျင့်ကို ပြင်ဖို့လိုပါလိမ့်မယ်။

သိမ်းငှက်

သိမ်းငှက်ကို ပထမဆုံးမြင်လိုက်တဲ့ သင်က မွန်မြတ်တဲ့စိတ်ထားရှိသူတစ်ယောက်ပါ။ အကူအညီလိုတဲ့သူတွေကိုလည်း ကူညီဖို့ဝန်မလေးပါဘူး။ မိမိမျက်စိရှေ့ မှာ မတရားသဖြင့် အနိုင်ကျင့်ခံရတဲ့သူတွေရှိရင်လည်း အမှန်တရားဘက်က ကူညီရပ်တည်ပေးသူတစ်ယောက်ပါ။ သင်က ယုံကြည်အားကိုးထိုက်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ သင်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတစ်ယောက်ပါ။ ယုံကြည်မှုရှိတယ်ဆိုရာမှာ ယုံကြည်မှုကျော်လွန်သွားတာလည်း မဟုတ်သလို မိမိကိုယ်ကိုလည်း ဘယ်တော့မှ အထင်မသေးတတ်ပါဘူး။ မိမိရဲ့ မိသားစုကို တန်ဖိုးထားပြီး အိမ်ထောင်ရေးနဲ့ ပတ်သက်ရင်လည်း စိတ်ခံစားချက်ကို ဦးစားပေးလေ့မရှိပါဘူး။ သင်က သင့်ထင်မြင်ယူဆချက်ကို ပွင့်ပွင့်လင်းလင်းဖော်ပြလေ့ရှိပေမယ့် ကိုယ့်နောက်ကွယ်မှာ ကိုယ့်မကောင်းကြောင်းပြောတာကိုတော့ လုံးဝသည်းမခံနိုင်တဲ့ လူစားပါ။

ခွေး

ခွေးတစ်ကောင်ကို အရင်မြင်လိုက်တဲ့ သင်က ဉာဏ်ရည်ထက်မြက်ပြီး သစ္စာစောင့်သိတဲ့သူတစ်ယောက်ပါ။ တရားမျှတမှုကိုလိုလားတယ်။ ကိုယ်မှန်တယ်ထင်တဲ့အရာအတွက်လည်း အခြားသူတွေနဲ့ တိုက်ခိုက်နေရပါစေ အဆုံးစွန်ထိသွားတတ်တဲ့သူမျိုးပါ။ သူတို့ သည်းမခံနိုင်ဆုံးကတော့ မိမိကို သစ္စာဖောက်လာတဲ့ လုပ်ရပ်ပါပဲ။

ဆင်

ဆင်ကို အရင်ဆုံးမြင်လိုက်တဲ့ သင့်ရဲ့ စရိုက်လက္ခဏာကတော့ ရည်ရွယ်ချက်ကြီးမားပြီး ခေါင်းလည်း မာပါတယ်။ သင်က မိမိရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိအောင် တစိုက်မတ်မတ်ကြိုးစားတတ်သူတစ်ယောက်ပါ။ သင့်အတွက် မိသားစုက ပထမဦးစားပေးပါ။ သင်က ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ပြီး သူငယ်ချင်းမိတ်ဆွေပေါများပါတယ်။ သင့်ကို ချစ်ခင်တဲ့သူ၊ သင့်ရဲ့ အဆိုးမြင်တတ်တဲ့စိတ်ကို ပြန်လည်တည့်မတ်ပေးမယ့်သူတစ်ယောက်တော့ သင့်အနားမှာ ရှိနေပေးဖို့ လိုပါတယ်။

ရှဉ့်

ရှဉ့်တွေရဲ့ သဘောသဘာဝက မိမိရဲ့ တာဝန်ဝတ္တရားအတွက် မိမိရဲ့ စွမ်းအား၊ ကိုယ်ရည်ကိုယ်သွေးတွေကို ရင်းနှီးမြှုပ်နှံထားပြီး တာဝန်ကျေပွန်အောင် ဆောင်ရွက်လေ့ရှိပါတယ်။ သင့်ရဲ့ အကောင်းမြင်တဲ့ စိတ်ထားကပဲ သင့်အနားမှာ လူတွေဝိုင်းဝိုင်းလည်နေရခြင်း အကြောင်းအရင်းတစ်ခုပါပဲ။ ဘယ်လိုအခက်အခဲမျိုးတွေပဲ ရင်ဆိုင်ကြုံတွေ့နေရပါစေ စွမ်းအင်အပြည့်နဲ့ ကျော်လွှားနိုင်စွမ်းရှိပါတယ်။ အောင်မြင်တဲ့ဘဝကို ရောက်ရှိလာခဲ့ရင်လည်း ဘဝမေ့တတ်တဲ့သူတွေမဟုတ်ပါဘူး။

ဖား

ဖားက သူ့အစာအတွက် ပိုးကောင်လေးတွေ ဖမ်းတဲ့အခါ ငြိမ်ငြိမ်နေပြီး သေချာအကဲခတ်ပါတယ်။ သင်လည်း ထိုနည်းတူပါပဲ၊ ဘယ်အရာကိုမှ အဆောတလျင်လုပ်လေ့မရှိဘဲ သေချာစဉ်းစားဆုံးဖြတ်လေ့ရှိပါတယ်။ သင်က သူငယ်ချင်းကောင်းတစ်ယောက်ပီသသူလည်း ဖြစ်ပါတယ်။ အချိန်အခါကောင်းကို အကြာကြီးစောင့်တတ်တာကြောင့်လည်း တစ်ခါတလေမှာ အခွင့်အရေးတွေ ဆုံးရှုံးသွားတတ်ပါတယ်။

ငါး

ငါးကို အရင်ဆုံးမြင်လိုက်တယ်ဆိုရင်တော့ သင်က ဇွဲရှိတဲ့သူတစ်ယောက်ပါ။ အခြားသူတွေက ကိုယ့်ကို ယုံကြည်လို့ ဖွင့်ပြောလာတဲ့လျှို့ ဝှက်ချက်တွေကိုလည်း သေချာစောင့်ထိန်းတတ်သူပါ။ နှုတ်လုံတဲ့သူတွေပေါ့။ တစ်ခါတရံမှာ စိတ်ဓာတ်အတက်အကျ အပြောင်းအလဲမြန်တတ်သူတွေပါ။ မိမိရဲ့ ခံစားချက်ကိုလည်း အမြဲတမ်းဖုံးကွယ်ထားလေ့ရှိပါတယ်။

စာဖတ်သူတို့ရော ကိုယ်မြင်လိုက်တဲ့ တိရစ္ဆာန်လေးတွေနဲ့ ကိုယ့်အကြောင်းနဲ့က တိုက်ဆိုင်မှုရှိရဲ့လားဆိုတာ ပြောပြခဲ့ကြဦးနော်။

Source: Brightside.me