အိန္ဒြေသိက္ခာနှင့်ပြည့်စုံသည့် မိန်းကလေးတစ်ယောက်သည် မိမိ၏ကိုယ်ကျင့်စရိုက်၊ အားသာချက်များကို မစွန့်လွှတ်ဘဲ မိန်းမတစ်ယောက်၏ ယဉ်ကျေးသိမ်မွေ့မူကို စိတ်ရောကိုယ်ပါ ထိန်းသိမ်းသူဖြစ်ပါတယ်။ ထိုမိန်းကလေးများသည် မိမိ၏အပြုအမူ၊ စတိုင်နှင့် အသွင်အပြင်နှင့် ပတ်သက်၍ ဂရုတစိုက်ရှိတတ်သော်လည်း မည်သို့သောအခါမှ မိမိအတွက်သာကြည့်တတ်သည့် တကိုယ်ကောင်းသမားများမဟုတ်ကြပေ။  အခြားမိန်းကလေးများမှ မျှော်ကြည့်နေရပြီး သူငယ်ချင်းဖြစ်လိုသူများသာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးပြည့်စုံတဲ့အလှနဲ့ မိန်းကလေးတစ်ယောက်ဖြစ်လိုသူများ လိုအပ်နေသေးတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ တကိုယ်ရည်သန့်ရှင်းမှုရှိပါ။

နေ့စဉ်နေ့တိုင်း ရေသေချာချိုးပြီး ဆပ်ပြာ၊ရေတို့ဖြင့် မိမိကိုယ်ကိုသေချာသန့်ရှင်းပြီး အပိုဂရုတစိုက်ရှိလိုပါက ရနံ့မွှေးပျံ့သည့် ခေါင်းလျှော်ရည်၊ ပေါင်းတင်ဆေး၊ ရေချိုးဆပ်ပြာတို့ကို ဝယ်ယူအသုံးပြုပေးနိုင်ပါတယ်။

၂။ Moisturizer သို့မဟုတ် လိုးရှင်းလူးပေးပါ။

နူးညံ့သည့်အသားအရေရှိခြင်းသည် မိန်းကလေးတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။ သည့်အတွက် Moisturizer သို့မဟုတ် လိုးရှင်းကို မျက်နှာနှင့် ကိုယ်ခန္ဓာပေါ်တွင် နေ့တိုင်းလိမ်းခြယ်ပေးပါ။

၃။ လက်သည်းပြုပြင်ပါ။

နေ့စဉ်နေ့တိုင်း လက်သည်းနီဆိုးစရာမလိုသော်လည်း လက်သည်းများမှာ အချိန်ပြည့် သန့်ရှင်းပြီးပုံကျနေစေဖို့ လိုအပ်ပါတယ်။

၄။ ဆံပင်ကိုသေသပ်စွာဖီးလိမ်းပါ။

နေ့စဉ်နေ့တိုင်း ဆံပင်ကို သေသေချာချာ ဖီးလိမ်းပေးပါ။ ညိတွယ်နေခြင်းမျိုးမရှိဘဲ သပ်သပ်ရပ်ရပ်နှင့် သန့်သန့်ရှင်းရှင်းရှိစေပါ။

၅။ ချွေးနံ့ပျောက်ဆေး သို့မဟုတ် ရေမွှေးသုံးပေးပါ။

ကိုယ်သင်းနံ့မွှေးပျံ့နေစေဖို့က အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတဲ့အတွက် နေ့စဉ်အသုံးပြုဖို့လိုအပ်ပါတယ်။ ရေမွှေး အများအပြား အသုံးမပြုတတ်ပါက ပေါ့ပါးသည့်ပန်းနံ့ သို့မဟုတ် သစ်သီးနံ့ကို စမ်းသုံးကြည့်ပါ။

၆။ မိတ်ကပ်အထူကြီးမလိမ်းပါနဲ့။

မိတ်ကပ်နည်းနည်းပဲလိမ်းပေးခြင်းက သင့်ကိုပိုပြီးမိန်းကလေးဆန်သည့်အသွင်ကို ပေးစွမ်းနိုင်ရုံသာမက လိမ်းရတာလည်း ပိုမိုလွယ်ကူသွားမှာဖြစ်ပါတယ်။

၇။ အဝတ်အစားကိုသန့်ရှင်းသပ်ရပ်စွာဝတ်ပါ။

ပြီးပြည့်စုံသော မိန်းကလေးတစ်ယောက်သည် ညစ်ပတ်တွန့်ကြေသည့် အဝတ်အစားများကိုဝတ်ပြီး မည်သို့သောအခါမှ အပြင်ထွက်လေ့မရှိပါဘူး။ အဝတ်အစားများကိုအမြဲတမ်းလျှော်ဖွပ်ပြီး အစွန်းအထင်းများနှင့်ဆိုလျှင် လုံးဝမ၀တ်ပါနှင့်။ အထူးသဖြင့် မီးပူတိုက်ပြီးမှ ဝတ်ဆင်ပါ။

၈။ ပစ္စည်းများကို စနစ်တကျသိမ်းဆည်းပါ။

အိတ်ထဲတွင် မည်သို့သောအခါမှ ရှုပ်ရှုပ်ပွပွရှိမနေစေဘဲ စနစ်တကျထည့်သွင်းသိမ်းဆည်းပါ။ ပစ္စည်းများကို သူ့နေရာနှင့်သူ စနစ်တကျသိမ်းဆည်းတတ်တဲ့ အလေ့အကျင့်ကိုလည်း ပြုမူစေလိုပါတယ်။

၉။ ယဉ်ကျေးသိမ်မွေ့စွာ ထိုင်ပါ၊ သွားပါ။

လမ်းလျှောက်သည့်အခါမှာ ခေါင်းကိုမတ်မတ်ထားပြီး ခြေလှမ်းစိတ်စိတ်ဖြင့် ယုံကြည်ချက်ရှိရှိသွားလာပါ။ ထိုင်ရာတွင်လည်း ကျောကိုမတ်မတ်ထားပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တွင်တင်ထားပါ။ အတိအကျခြေထောက်ချိတ်ထိုင်စရာမလိုသော်လည်း လုပ်ပေးခြင်းက မိန်းကလေးဆန်သည့်ပုံပန်းသဏ္ဍာန်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၁၀။ အမြဲတမ်းတဖက်လူအပေါ်ယဉ်ကျေးပျူငှာပါ။

တွေ့ဆုံသမျှလူတိုင်းကို ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ကျန်းကျန်းမာမာရှိသလားမေးပြီး ကူညီနိုင်စရာရှိလျှင် အတတ်နိုင်ဆုံး ကူညီပေးပါ။

Credit: wikihow