Ed Mosberg က ၁၉၂၆ ခုနှစ် ပိုလန်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်က Plaszow နဲ့ Mauthausen အကျဉ်းထောင်များရှိ ချွေးတပ်သားစခန်းမှာ နေထိုင်ခဲ့ရပြီး လွတ်မြောက်လာခဲ့တဲ့သူပါ။

လွတ်မြောက်ခွင့်ရပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုကို ပြောင်းလာခဲ့ပြီး ချစ်ဇနီးနဲ့ အတူ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ အခက်အခဲတွေ အများကြီးတွေ့ခဲ့ပေမယ့် လက်ရှိမှာတော့ ဘဝကို ကျန်းကျန်းမာမာ၊ တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့ Ed က တခြားသူတွေထက် ပိုပြီးပျော်ရွှင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ လျှို့ဝှက်ချက်ကို မျှဝေထားပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ပါ

ကျန်းမာမှ သင်အသက်ရှည်မှာ ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။ သင့်ဘေးနားက ချစ်တဲ့သူအတွက်ရော၊ သင်ချစ်တဲ့သူ အကူအညီတောင်းတဲ့အခါ ကူညီနိုင်ဖို့အတွက်ရော ကျန်းမာနေဖို့လိုအပ်ပါတယ်တဲ့။ ဒါ့ကြောင့် Ed က လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုပါတယ်။

၂။ သင်ချစ်တဲ့သူနဲ့ အတူနေပါ

သင့်ကိုချစ်တဲ့သူတွေကသာ သင့်ရဲ့ နာကျင်မှုတွေကို နှစ်သိမ့်နိုင်မှာပါ။ ဒါ့ကြောင့် ချစ်တဲ့သူတွေနဲ့ အတူတူနေပါ။ အတူတူမနေရဘူးဆိုရင်တောင် အဆက်အသွယ်မဖြတ်ပဲ ပုံမှန်တွေ့ဆုံပါ။

၃။ အရမ်းမစားပါနဲ့

သင့်ဗိုက်ကနေ ဆန့်သလောက်ပဲစားပါ။ လောဘကြီးပြီး အရမ်းမစားပါနဲ့တဲ့။ အစာမစားခင်မှာလည်း ရေတစ်ခွက်သောက်ပါ။

၄။ သင်နဲ့ ရင်းနှီးတဲ့သူတွေအတွက် တာဝန်ယူမှုရှိတဲ့သူဖြစ်ပါစေ

တာဝန်ယူစိတ်မရှိရင်တော့ သင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ သင်ချစ်တဲ့သူ၊ သင်ရင်းနှီးတဲ့သူတွေအတွက် သင်ဟာ တာဝန်ယူမှုရှိတဲ့ သူတစ်ယောက် ဖြစ်ပါစေ။

၅။ သင့်ဦးနှောက်ကို အမြဲတမ်း အလေ့အကျင့်လုပ်ပါ

စာအုပ်ဖတ်ပါ။ အသစ်အဆန်းတွေကို သင်ယူပါ။ ဦးနှောက်ကို အမြဲတမ်း လေ့ကျင့်ပေးပါ။

၆။ ပန်းတိုင်ရှိပါ ၊ ဘဝကို စိတ်ဝင်စားမှုရှိပါ

သင့်မှာ ပန်းတိုင်မရှိရင် ရှင်သန်ရတာ အလကားဖြစ်နေမှာပါ။ ဘဝမှာ ပန်းတိုင်ဆိုတာရှိသင့်ပါတယ်။ ဒါ့အပြင် သင်လက်ရှိရထားတဲ့ ဘဝအပေါ်မှာလည်း တန်ဖိုးထားပါ။ စိတ်ဝင်စားမှုရှိပါ။

၇။ တည်ငြိမ်ပါ အဓိပ္ပာယ်မရှိတဲ့အရာတွေအတွက် စိုးရိမ်မနေပါနဲ့

ပြဿနာတစ်ခုခု ကြုံလာတဲ့အခါ အမြဲတမ်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြေရှင်းပါ။ ဘာမှဖြစ်မလာသေးတဲ့အရာတွေအတွက် ကြိုတွေးမနေပါနဲ့။ အဓိပ္ပာယ်မရှိတာတွေအတွက် စိတ်ပူမနေပါနဲ့။