ဘယ်သူမဆို တစ်ခါတစ်လေမှာ စိတ်ဓာတ်ကျပြီး အားငယ်တာမျိုးက ဖြစ်တတ်ကြပါတယ်။ ဘယ်လောက်ပဲ စိတ်ဓာတ်မာကျောတဲ့သူဖြစ်နေပါစေ လူအများရှေ့မှာ ဘာမှမဖြစ်သလိုနေပေမယ့် တစ်ယောက်နေတဲ့အချိန်မှာတော့ အားငယ်တာတွေ၊ စိတ်ဓာတ်ကျတာတွေကဖြစ်တတ်ပါတယ်။ ဘဝမှာ ပျော်ရွှင်စရာတွေ၊ အဆင်ပြေတာတွေကတော့ အမြဲတမ်းရှိနေမှာမဟုတ်တဲ့အတွက် ကိုယ့်စိတ်ကိုယ်အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့လိုပါတယ်။ ဒီလိုအချိန်မှာ စိတ်သက်သာရာရအောင်နဲ့ အားငယ်စိတ်တွေလျော့နည်းအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

Social Media တွေနဲ့ ဝေးဝေးနေပါ။ Facebook, Instagram, Viber နဲ့ အခြားလူသုံးများတဲ့ Social Media မှန်သမျှ  လုံးဝမသုံးပါနဲ့။ ဒီလိုအားငယ်ပြီး စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဒါတွေသုံးနေမယ်ဆိုရင် ပိုပြီးစိတ်ဓာတ်ကျရတယ်။ စိတ်ညစ်ရပါတယ်။

မုန့်အချိုတွေများများစားပေးပါ။ ရေခဲမုန့်လည်းစားပေးပါ။ စိတ်ညစ်နေတဲ့အချိန်မှာ ဒါလေးတွေစားပေးရင် စိတ်ပျော်ရွှင်ရပါတယ်။ ကိုယ်စားချင်တဲ့မုန့်မှန်သမျှ သွားစားပါ။

ယောဂကျင့်ပါ။ တရားထိုင်ပါ။ ဒါတွေဟာ စိတ်ကိုအရမ်းတည်ငြိမ်စေလို့ စိတ်ဓာတ်ကျနေတဲ့အချိန်၊ စိတ်ရှုပ်၊ စိတ်ညစ်နေတဲ့အချိန်နဲ့ အားငယ်တဲ့အချိန်တွေမှာ လုပ်ပေးလို့အကောင်းဆုံးပါ။

အပြင်သွားရတာဝါသနာပါတဲ့သူဆိုရင်တော့ အပြင်တွေလျှောက်သွားပြီး လိုချင်တာတွေဝယ်ပစ်ပါ။ အပြင်သွားရတာဝါသနာမပါတဲ့သူဆိုရင်တော့ အိမ်မှာပဲအေးအေးဆေးဆေးနေပြီး စိတ်ဓာတ်ခွန်အားကိုမြင့်တင်ပေးတဲ့ စာအုပ်လေးတွေကိုဖတ်ပါ။ အိမ်မှာ ကိုယ်စားချင်တဲ့မုန့်လေးတွေကို ကိုယ်တိုင်လုပ်စားပါ။ ရုပ်ရှင်တွေကြည့်၊ ဂိမ်းတွေကစားပြီး လွတ်လွတ်လပ်လပ်နေပါ။

အရမ်းဝမ်းနည်းပြီး စိတ်တွေလည်းအရမ်းမွန်းကျပ်နေပြီဆိုရင်တော့ ယုံကြည်ရတဲ့သူတစ်ယောက်ကို ရင်ဖွင့်လိုက်ပါ။ ဒီလိုမှမဟုတ်ရင်လည်း စာရွက်တစ်ခုပေါ်မှာသာချရေးလိုက်ပါ။ စိတ်ရှိလက်ရှိအော်ငိုလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက စိတ်ကိုပေါ့ပါးသွားစေပါတယ်။

Photo Source: www.pexels.com