မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဖက်ရှင်ကျချင်တဲ့ မိန်းကလေးတစ်ယောက်က ဖိနပ်ရွေးချယ်မှုမှန်ကန်ဖို့ အရေးကြီးပါတယ်။ ဝတ်ထားတာကတော့ စတိုင်ကျပေရဲ့ ဖိနပ်ကျမှ ဂွမ်းသွားရင်လည်း ကြည့်မကောင်းတော့ပါဘူး။ မိန်းကလေးတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ ဖိနပ်တစ်မျိုးကတော့ အဖြူရောင် Sneaker ပါ။ ဘာကြောင့်လဲဆိုတော့ ဒီ ဖိနပ်က အဝတ်အစားတိုင်းနဲ့ လိုက်ဖက်တာမို့လို့ပါ။

ဒီလိုလိုက်ဖက်တယ်ဆိုတာကိုလည်း အောက်မှာပြထားတဲ့ ပုံစံတွေကိုကြည့်ပြီး သိနိုင်ပါတယ်။ ဒါကြောင့် တစ်ချက်ခုတ်သုံးလေးချက်ပြတ်အောင် အဖြူရောင် Sneaker လေးတစ်စုံတော့ ဝယ်ထားဖို့လိုပါတယ်။ အဖြူရောင်က အဝတ်အစားအရောင်မျိုးစုံနဲ့လိုက်ဖက်ပါတယ်။

ဟုတ်ပြီ။ ဒီ Sneaker တော့ဝယ်ထားပြီ။ ဖိနပ်နဲ့လိုက်ဖက်အောင် ဘယ်လိုဝတ်မလဲစဉ်းစားဖို့ လိုလာပါပြီ။ ဒါကြောင့် ပျိုမေတိုင်း ဖက်ရှင်ကျနိုင်ဖို့ အဖြူရောင် Sneaker ဖက်ရှင်ဝတ်ဆင်ပုံလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။

စကပ်ရှည်နဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်

ပျိုမေအားလုံး စတိုင်ကျပြီး အမြဲလှနိုင်ကြပါစေနော်။

Source: Pinterest