Sneakers ဝတ်တာက ခြေထောက်အတွက် ပိုကောင်းတာသိပေမယ့် ဒေါက်မြင့်ဖိနပ်စီးတာကိုမှ သဘောကျတယ်ဆိုရင်တော့ ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ခြေထောက်မနာစေဖို့ အကြံပြုချက်လေးတွေ ပေးချင်ပါတယ်။

ဆိုဒ်သေချာရွေးပါ

ဖိနပ်က ကြပ်လွန်းရင် ခြေချောင်းထိပ်လေးတွေ နာသလို ချောင်လွန်းရင်လည်း ခြေထောက်ခေါက်တာမျိုး ဖြစ်နိုင်တာကြောင့် ကိုယ့်ရဲ့ဆိုဒ်ကို သေချာရွေးပါ။

ဖိနပ်ပုံစံရွေးပါ

ဖိနပ်ရွေးတဲ့အခါ ဖိနပ်ရဲ့ဒေါက်က ခြေဖနောင့်နဲ့ တည့်တည့်ကျတာမျိုးကို မရွေးပါနဲ့။ ဒီပုံစံက ခြေချောင်းလေးတွေပေါ်ကို တစ်ကိုယ်လုံးရဲ့ ဖိအားရောက်စေတာမလို့ ခြေထောက်ကို နာစေပါတယ်။

အရမ်းမမြင့်ပါနဲ့

အရမ်းမြင့်တဲ့ဒေါက်တွေအစား ဒေါက်အမြင့် 3 လက်မ သို့မဟုတ် အောက်ကို ရွေးတာက သင့်ခြေထောက်တွေကို သက်သာစေမှာပါ။

ထိပ်ချွန်တာမရွေးပါနဲ့

ထိပ်အရမ်းချွန်နေတဲ့ဖိနပ်တွေကိုခြေချောင်းလေးတွေကို ချုပ်ထားသလို ဖြစ်တာမလို့ ကြာကြာစီးရင် ခြေချောင်းလေးတွေနာတာမျိုး ဖြစ်လာတတ်ပါတယ်။

ဒေါက်အရမ်းသေးတာမရွေးပါနဲ့

ဒေါက်အရမ်းသေးလေ ဟန်ချက်ထိန်းရခက်လေပါ။ Pencil Heel တွေထက်စာရင် ထူတဲ့ဒေါက်က ဟန်ချက်ထိန်းဖို့ ပိုလွယ်ကူပါတယ်။