Loafers ကို အလွယ်ပြောရရင် Shoes တွေကို Slip-on Style ပြောင်းထားတဲ့ ဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။ Loafer တွေက ကြိုးချည်စရာမလိုဘဲ Flat Heel နဲ့ လာပါတယ်။ လယ်သာနဲ့ လုပ်ထားတာ များပြီး Semi-Formal ဖက်ရှင်မှာ ဝတ်ဖို့ ပိုပြီး သင့်လျော်ပါတယ်။

Loafer ကို နေရာမရွေး စီးကြပါတယ်။ အခုပြောမှာက Loafer ကို ဘယ်လိုဖက်ရှင်နဲ့ တွဲဝတ်သင့်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။

(၁) Smart Casual

များသောအားဖြင့် Loafer ကို အသက်အရွယ်ရလာပြီဖြစ်တဲ့ လူကြီးပိုင်းတွေ ဝတ်ကြတာပါ။ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေနဲ့ ပညာရှင်တွေ ပွဲတက်ရာမှာလည်း စီးကြတာပါပဲ ပေါ့ပါးပြီး သပ်ရပ်သားနားတာကြောင့်လည်း Loafer ကို Shoes တွေထက်ပိုပြီး အကြိုက်များလာကြပါတယ်။

(၂) Formal

Loafer ကို ပွဲတက်ဝတ်စုံနဲ့လည်း တွဲဝတ်လို့ ရပါတယ်။ အရည်အသွေးမြင့်တဲ့ Loafer မျိုးတော့ စီးသွားဖို့ လိုပါတယ်။

(၃) Casual

Casual ဖြစ်ချင်ရင် Loafer နဲ့ Jean ဘောင်းဘီ တွဲဝတ်ရုံပါပဲ။ အပေါ်မှာ T-Shirt ရိုးရိုး ၊ ဒါမှမဟုတ် Cotton Shirt လည်း ဝတ်လို့ ရပါတယ်။ Loafer ကို ပိုပြီး Casualize ဖြစ်ဖို့အတွက် Sock မလိုဘဲ စီးနိုင်ပါတယ်။