သင်က ဖိနပ်တွေအများကြီး ဝယ်ရတာကြိုက်တဲ့ ဖိနပ်ချစ်သူလား ? ဒါမှမဟုတ် အကြိုက်ဆုံးဖိနပ်တွေက သိမ်းထားရဲ့သားနဲ့ ပျက်စီးကုန်လို့ စိတ်ညစ်နေတာလား ? ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ချစ်ရတဲ့ ဖိနပ်တွေ မပျက်စီးဘဲ အကြာကြီးခံအောင် ထိန်းသိမ်းဖို့ဆို ဒီအကြံဉာဏ် ( ၃ ) ချက်ကိုတော့ မဖြစ်မနေလိုက်နာသင့်ပါတယ်။

Shoe Tree လေးတွေထည့်ထားပါ

ဖိနပ်တွေက သိမ်းထားတာကြာလာတာနဲ့အမျှ ပုံစံပျက်ပြီး ဖရိုဖရဲဖြစ်ကုန်တာ သတိထားမိမှာပါ။ ဒီလိုမဖြစ်ရအောင် မစီးဖြစ်တဲ့အချိန်တွေမှာ သေချာထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ မစီးတဲ့အချိန်တွေမှာ ဖိနပ်ထဲထည့်တဲ့ ဖိနပ်ပုံစံမပျက်အောင် ထိန်းသိမ်းပေးတဲ့ Shoe Tree လေးတွေထည့်ထားပါ။ ဒါက အချိန်ဘယ်လောက်ကြာကြာ သင့်ရဲ့ဖိနပ်ပုံစံမပျက်ဘဲ နဂိုအတိုင်းရှိနေအောင် ကူညီပေးပါတယ်။

Shoehorn သုံးပါ

ဖိနပ်စီးတဲ့အခါ ခြေထောက်ကို ဖိနပ်ထဲလျှောချဖို့ အတင်းထိုးထည့်ဘူးလား ? ဒီလိုထည့်မယ့်အစား Shoehorn သုံးပါ။ ဒါက ဖိနပ်စီးတဲ့အခါ စီးရတာ ပိုပြီးလွယ်ကူစေတဲ့အပြင် ခြေဖနောင့်ကို ထိခိုက်စေတာမျိုးကနေလည်း ကာကွယ်ပေးပါတယ်။ Shoehorn သုံးတာက အရေးမပါဘူးလို့ ထင်ကောင်းထင်ရပေမယ့် ဖိနပ်ရဲ့ပျက်စီးမှုကို လျော့ကျဖို့နဲ့ အချိန်ကြာကြာထိန်းသိမ်းတဲ့အခါမှာ ကြီးမာတဲ့ကွာခြားချက်ကို ရစေပါတယ်။

ပေနေတာတွေကို ချက်ခြင်းတိုက်ပါ

အဖြူရောင် ဖိနပ်တွေက အခုခေတ် လူတွေကြားမှာ တလွန်ရေပန်းစားနေပေမယ့် သူတို့ကို ထိန်းသိမ်းရတာက တကယ် ခေါင်းကိုက်နိုင်ပါတယ်။ ဖိနပ်တွေကို အမြဲတမ်းသစ်လွင်စေဖို့ အရည်အသွေးကောင်းတဲ့ ဖိနပ်သန့်စင်ဆေးနဲ့ ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။ ပေနေတဲ့ အစွန်းအထင်းတွေကို သုတ်ဖို့နောက်ကျလေလေ ဖျက်ရခက်လေလေပါ။ ဒါကြောင့် ဖိနပ်တွေကို မကြာမကြာ သန့်ရှင်းရေးလုပ်ဖို့ အလေ့အကျင့်လုပ်ပါ။